Monday, May 25, 2009

မေးမယ်၊ဖြေကွယ်

အတန်းထဲမှာ အတွက်ပုစ္စာတွေဆိုရင် ကျနော်တစ်ယောက် ခေါင်းမီးတောက်နေပါပြီ။ တော်တော်စဉ်းစားယူရပါတယ်။ ကိုယ့်ဘာသာ ဥာဏ်ကောင်းတယ် ထင်နေတာ။ ဘယ်ကလာ။ မှတ်ဥာဏ်လေးနည်းနည်းကောင်းတာဗျ။ ဥာဏ်ကောင်း တယ်မကောင်းဘူး ဆိုတာဥာဏ်စမ်းပုစ္စာတွေ မေးလာရင်သိသာပါတယ်။ ဖြတ်ထိုးဥာဏ်လည်းရှိတယ်၊ ဥာဏ်လည်း ကောင်းတယ်ဆိုရင် အဖြေကို မကြာမီအချိန်အတွင်းမှာဖြေဆိုနိုင်ပါတယ်။ (ကိုနိုင်မေးတဲ့ ပုစ္စာဆိုရင် တစ်ရက်လောက် ကြာအောင်စဉ်းစားယူရတယ်။းP)

ပြီးတော့ ငယ်ငယ်ထဲက ဦးနှောက်ကို မစဉ်းစားခိုင်းတာလည်းပါတယ်။ ကြာလာတော့ စဉ်းစားခိုင်းရင် စက်အိုကြီးများလို ပူပြီး မီးခိုးတွေအူလာပြီ။ သူငယ်တန်းကနေ တက္ကသိုလ်အထိ စာကို “၏။သည်” မရွေးကျက်လာတော့အကျင့်က ပါနေပြီ။ စဉ်းစားတာနည်းတော့ စဉ်းစားရမှာပျင်းလာတယ်။ ပျင်းတော့ မစဉ်းစားတော့ဘူး။ ဒီလိုနဲ့ ဥာဏ်ထိုင်းလာတယ်။ မတိုးတက်ဘူး။ သူများအောက်ကျတယ်။ တကယ်လည်း စားဝတ်နေရေးအတွက် လုပ်ငန်းခွင်လည်း ၀င်ရော ကာယလုပ်သား အဖြစ်နဲ့ပဲ လုပ်ကိုင်နေကြရပါတယ်။(“ဥာဏ်” ဆိုတဲ့ “ဘောင်” အတွင်းက ကျနော့်အမြင်ပါ)။ စက်ရုပ်များ လိုနိစ္စဒူဝ ဒီအလုပ်ပဲလုပ်ကိုင်နေတာ့ ဦးနှောက်တွေလည်း ခမ်းခြောက်လာပါပြီ။ တီတွင်ဖန်တီး၊ စွန်းစားရမှာတောင် ကြောက်နေပါပြီ။ စိမ်ခေါ်မှုကို မျက်နှာလွဲထား၊အောင်မြင်မှုဆိုတာ ကိုယ်နှင့်မဆိုင်သလို နေတတ်နေခဲ့ပါပြီ။ လူအောက်ကျို့ လို့လူမပိပေမယ့်၊ လူဖိလို့ ပြားနေတဲ့မြန်မာတွေ ထပ်လိုက်ရင်တောင် မိုးမျှော်တိမ်ကြီးလောက်ဖြစ်နေပါပြီ။

ဦးနှောက်ထက်မြက်နေရင် လူလည်းနုပျိုလာမယ်။ တီတွင်ဖန်တီး၊တွေးခေါ်မှုတွေ တက်တက်ကြွကြွနဲ့ လုပ်ကိုင်နေတော့ စိတ်ပျော်ရွင်နေမယ်။ စိတ်ပျော်ရွင်ရင် စိတ်ဓါတ်ခွန်အားတွေ တိုးပွားလို့ ကိုယ်ခံအားတွေလည်းကောင်းလာမယ်။ လေးလံ ထိုင်းမှိုင်းနေရင်တော့ ရောဂါဘယတွေကလည်း ၀င်လာမှာပဲ။ ဦးနှောက်လေးကို အလုပ်ပေးလိုက်ရအောင်လား.....













အောက်မှာ အဖြေလေးတွေတိုက်ကြည့်ပါနော်.....






















နံပါတ်တစ်၏အဖြေ


နံပါတ်နှစ်၏ အဖြေ

နံပါတ်သုံး၏ အဖြေ


နံပါတ်လေး၏ အဖြေ



ပျော်ရွင်ချမ်းမြေ့ပါစေ
ရေတမာ

7 comments:

တလနွန် said...

မေးခွန်းမေးပြီး အဖြေပေးထားတော့ ဘယ်စဉ်းစားချင်တော့မလဲ။။။။အဖြေ
တွေ အကုန်လုံး တွေ့ ပြီးသွားပြီး။။
အမှတ် တစ်ရာပဲ.....ဟဲဟဲ

ရေတမာ said...

အဖြေတွေပေးတယ်ဆိုတာက ဘယ်လိုတွေးခေါ်သင့်တယ်ဆိုတာ ပြောပြတာပါ။

Acacia said...

စက်အိုကြီးလို ပူလာတယ်ဆိုတာကို အကြိုက်ဆုံး ဟိဟိ အမှန်ပဲနော် ခုတော့ ဦးနှောက် ရတော့ဘူး မှတ်သားသွားပါတယ်

မငုံ said...

:) ဖြေလိုက်တာပေါ့.အားရပါးရ..တခုမှလဲမမှန်ဘူး။
အဖြေလဲ ကြည့်ရော..ဂလိုပါလားဆိုတာ သိသွားတယ်။ စက်အိုကြီးလို့ခေါင်းပူသွားတယ်။:P

မငုံ said...

:) ဖြေလိုက်တာပေါ့.အားရပါးရ..တခုမှလဲမမှန်ဘူး။
အဖြေလဲ ကြည့်ရော..ဂလိုပါလားဆိုတာ သိသွားတယ်။ စက်အိုကြီးလို့ခေါင်းပူသွားတယ်။:P

kiki said...

အစ် အစ် ဂစ်ဂစ်..
ညောင်ဦးက ကမ်းပါး ပြို တော့ ..
စန်ပါနဂို (ဘယ်လို စပါးလင်ပေါင်းရမှန်းမသိလို့  အဟက်) က နွားမကြီး ပေါင်ကျိုး သွားတယ် ဆို တာ ဂလို ကြောင့်ကိုးးးးး

may16 said...

Questions & Answer လေးတွေဖတ်ပြီး အုန်းစားသွားပါတယ် ကိုရေတမာ..