Friday, May 22, 2009

တစ်တီတူး

ညကကျနော် ခြေနှစ်ချောင်းကို မိုးပေါ်ထောင်ထားတဲ့ ထူးထူးဆန်းဆန်း သတ္တ၀ါလေးတစ်ကောင်နဲ့ တွေ့ခဲ့တယ်။
“ဟ ဟတ်ကောင် မင်းဘာကောင်လဲ၊ဘာလို့ အဲလိုအိပ်နေတုန်း၊ သူများတွေ ရိုးရိုးတန်းတန်းအိပ်တာပါ” ကျနော် လျှာရှည်ပြီးမေးလိုက်မိသည်။သူကကျနော်ကိုတချက်ကြည့်ပြီး“မိုးပြိုမှာစိုးလို့”တဲ့ကျနော်လည်းဟတ်ဟတ်ပတ်ပတ် ရီလိုက်တယ်။“မရီပါနဲ့ဗျာ၊ သူသူကိုယ်ကိုယ် အကြောက်တရားတစ်မျိုးစီတော့ ရှိကြတာပဲ။ တချို့က သရဲကြောက်တယ်၊တစ်ချို့ ကအရုပ်ကြောက်တယ်၊ တိရိစ္ဆာန်ကြောက်တယ်၊ ခများလည်းတစ်ခုခုတော့ကြောက် မှာပဲ”ပြောတော့ကျနော်လည်းသနားသွားပြီး “မိုးမပြိုပါဘူးကွာ၊ မင်းကိုဘယ်သူပြောလဲ ၊စိတ်ချလက်ချအိပ်၊ ဘာမှပူပန်မနေနဲ့”လို့နှစ်သိမ့်လိုက် တော့ မျက်နှာငယ်လေးနဲ့ “ပြိုမှာဗျ”လို့ရေ ရွတ်နေလေရဲ့။ သူ့ပူပန်မှုကိုယုတ္တိ မရှိဘူးမပြောရက်ပါဘူး။ သူတကယ် ခံစားရလို့နေမှာပါ။ ပြိုင်ပြောမနေချင်တာနဲ့ လှည့်ထွက်မယ်လုပ်ပြီးမှ လှမ်းမေးလိုက်တယ်။“ဒါနဲ့ မင်းနာမည်ဘယ်သူလဲ”
“တစ်တီတူး”။

ကျနော်လည်း ခေါင်းတခါခါနဲ့ သူ့အနားကထွက်လာခဲ့တယ်။ ခပ်လှမ်းလှမ်းရောက်တော့ မိုးကောင်းကင်ကြီးကို မော့ကြည့် နေတဲ့ သူနဲ့တူတဲ့သူကိုသွားတွေ့တယ်။“ဟရောင် မင်းရော မင်းကောင်တွေလို ခြေထောက်နှစ်ချောင်း ထောင်မအိပ် ဘူးလား”။ကျနော်ကို ခေါင်းခါပြတယ်။ “မကြောက်ဘူးလား”လို့မေးလိုက်တယ်။ သူက ခပ်ဆိပ် ဆိပ်ပဲ။ ကျနော်လည်း သူ့ဘေးနားဝင်ထိုင်ရင်း “မင်းတို့နှစ်ယောက်အကြောင်း ပြောပြပါ့လား”လို့မေးလိုက်တယ်။ သူကသက်ပြင်းချရင်း ပြောပြတယ်။
“သူနဲ့ကျနော်နဲ့က ဘာမှမဆိုင်ပါဘူးဗျာ။ ဒါပေမယ့် သူရှိနေရင် ကျနော်ပျော်တယ်။ ကျနော်သူ့အကြောင်း သိတယ်ဗျ။ သူ့တကယ်ပြိုမှာဗျ။ ကျနော်ကိုသနားလို့ သူအလိုက်အထိုက်ဆက်ဆံနေတာ။ သူ့ရာသီဥတုကို ခင်ဗျားတို့လူတွေ ထက်ကျနော်ပိုသိတာပေါ့ဗျာ။”
အဲဒါကျနော့်ရဲ့ ပူပန်မှုပဲ။”
“မင်းဘာမှ ပြင်ဆင်မထားဘူးလား” ကျနော်ကြားဖြတ်မေးလိုက်တော့
“ဘာကိုပြင်ဆင်ထားရမှာလဲ၊ သူပြိုလာရင်ပြုံးနိုင်အောင်ကျနော်ပြင်ဆင်ထားပြီးပြီ”။
“ဟိုကောင်တွေလို ခြေထောက်နှစ်ချောင်းထောင်မအိပ်ဘူးလား”
“သူပြိုလာရင် မတော်တဆထိခိုက်မိမှာစိုးတယ်၊ ဒါနဲ့ ခင်ဗျား မိုးကောင်းကင် အပိုင်းအစလေးများတွေ့ရင် ကျနော်ကို ပြန်ပေးပါဗျာ။ ကျနော်အမှတ်တရသိမ်းထားချင်လို့”
ကျနော်လည်းခေါင်းညိတ်ပြရင်း ပြန်လာခဲ့တယ်။ မိုးကောင်ကင်ကြီးကို မော့ကြည့်လိုက်တော့ တိမ်တွေက နီးနီးလေးဗျာ။

ပူပင်မှုကင်းဝေးကြပါစေ။
ရေတမာ

4 comments:

သားကြီး said...

အရေးအသားကတော့ရေရေလည်လည်လန်းတယ်ဗျို့ :)

khin oo may said...

ကိုယ်တိုင်ရေးတာသေချာတယ်နော်။

ရေတမာ said...

မမကွန် ဘာဖြစ်လို့ပါလိမ့်။ ကျနော်ကိုယ်တိုင် ခေါင်းပူအောင်ရေးထားရတာပါဗျာ။ ဒီထက်ကောင်းအောင်ဘယ်လိုမှ မရေးနိုင်တော့တာနဲ့ ဒီလောက်နဲ့ပဲကျေနပ်လိုက်ရတာပါ။ ပုံတူများရှိနေလို့လား။

RePublic said...

စိတ်ထဲရှိတာ စိတ်ကြိုက်ရေးပါ ၊၊ အားပေးပါတယ်၊၊