Saturday, July 18, 2009

ပုံပြင်

ပူလောင်တဲ့ ကမ္ဘာထဲ အူကြောင်ကြောင်ရောက်လာတဲ့ ငနဲ
အချစ်မခံရတော့လည်း ပြဿနာ၊ အချစ်ခံရတော့လည်း မသက်သာ
ကယ်ပါကယ်ပါ အော်နေလို့အပိုပဲ။

ဖားပြုတ်ကိုက်သလို၊ ခလုတ်တိုက်သလိုလိုနဲ့ တရုတ်မကို အဟုတ်ကြိုက်သလို ဆိုလားဆိုရဲ့၊
တသာတကြည် လာကြည်ပြန်တော့လည်း ခေါင်းခါလားခါရဲ့။
ဒင်းဘယ်လိုလဲ။

မင်းကိုမင်းဟုတ်လှ၊ တရုတ်မများရမယ်ထင်
ရုပ်ကသာမချောပေမယ့်၊ ဥစ္စာကလည်းပေါတယ်ထင်ပေါင်
ရထားတာဗျာမများနဲ့ ပါသွားဦးမယ်ရှိတာလေး။

ပူမှုတဲ့ ဆယ်ကုဋေ၊ တစ်မှုတင် ချာချာလည်တယ်
ကြုံတုန်းမယ် ပြောချင်သေး၊
ခပ်ချဉ်ချဉ်ရေးပါတဲ့၊ ကျူပ်ပုံပြင်လေး။ ။

ရေတမာ
(တိုက်ဆိုင်မှုရှိရင်ခွင့်လွတ်ပါးp)

15 comments:

kyalkalay said...

ဟီး~pm ဆိုတဲ့အကို ကိုသတိရတယ်
(တိုက်ဆိုင်မှုရှိရင်ခွင့်လွတ်ပါးp)

မိုးစက်အိမ် said...

ကိုရေကြီးတို.က လုပ်ပြီ ရေးလိုက်ရင်
အလန်းတွေချည်းဘဲ ထိတယ်ဗျာ...
ရီလည်းရီရတယ် :P ... တဂ်ထား
လေးကတော. 21 ရက်အဆောင်ရွေ.မှ
ဘဲရေးပေးပရစေဗျာ....လောလောဆယ်
က အိပ်စရာနေရာတောင် မရှိဘူးဖြစ်နေ
တယ်ဗျာ ပစ္စည်းတွေနဲ. ရှုပ်နေတာ...စာ
အုပ်တွေလည်း အကုန်သိမ်းထားလိုက်မိလို.ပါ...

Angel Shaper said...

ဟေး... ဖတ်လို့ ကောင်းတဲ့ ပုံပြင်လေးပဲ။
တိုက်ဆိုင်မှုရှိမဲ့ လူတစ်ယောက် တို့ နေတဲ့ အိမ်မှာရှိတယ်။။ဟိဟိ
ဝင်ရှည်မိတယ်၊ ခွင့်လွှတ်နော်။

မဟာဆန် said...

တိုက်ဆိုင်ချင်လို့ ရေးတာများ
စကားလုံးတွေကတော့ ပီပြင်တယ်ကွာ
အဲဒီတစ်ယောက်ကို မျက်စိထဲ မြင်လာတယ်

ကိုလူထွေး said...

ကဗျာက
တမျိုးတဖုံ ...
ထူးထူးဆန်းဆန်း ...
ဆန်းဆန်းပြားပြား ...
ထူးထူးခြားခြား ...
းဝ)

ဝက်ဝံလေး said...

ဝေးးးးး များ လည်လည်လာတယ်နော် သိလား ကိုကိုလား မမလား မထူးပါဘူးကွယ် မမလို့ပဲ ခေါ်လိုက်မယ်နော် များက အဲဂလိုပဲ မမလို့ခေါ်ရတာ ကြိုက်တယ် မဟုတ်ရင်လာပြန်ပြော ပြင်ခေါ်မယ် ဟိဟိ

အမြဲတမ်းပဲ မနိုင်းကိုလာပြီး မီးမီးကျဲကျဲ ပြုံးရတာ မညောင်းဘူးလား ခါးကုန်းတာဘာဖြစ်ညာဖြစ်လာပြောတဲ့တယောက်မလား များ သိတယ် များတို့ မမများအဖွဲ့နဲ့ ချက်နေရင်း မမရဲ message ကတက်လာတော့ သိတယ် အဟီးးးးး ပြီးတော့သင်္ကြန်တုံးက ကင်းမြီးကောက်ထောင်တဲ့ပုံလဲ တင်ခိုင်းသေးတယ်ဟုတ် ဟဟဟဟ မလုပ်ပါနဲ့ဟယ် ငါတို့အမကို ဟိဟိ အဲဒီပုံလေး ကြည့်လိုက်ရတယ် တကယ့်ကို လွပ်လပ်တယ် ငါတို့အမ က

ကဲ မမရေတမာရေ (အင်းးး နေဦး ဘယ်လိုအဖျားစွတ်ခေါ်ရမလဲ စဉ်းစားလိုက်ဦးမယ် )မမရေ အာ မကောင်းပါဘူး မမတ ဟဟဟ ပိုဆိုး မမမာ အင်းးး ကောင်းသလိုလိုပဲ ဟုတ်ပြီ မမမာ လို့ပဲခေါ်မယ်နော် သိလား

ကဲကဲ ငှက် ပျံလိုက်ဦးမယ်နော် အော် ဟုတ်ပါ့ သူ့ကဗျာလေးကို လာမန့်ပါတယ် ဘာတွေ ပေါက်တတ်ကရပြောသွားလဲမသိပါဘူးရယ် ကောင်းတယ် ကဗျာလေးက (စိတ်ပျက်ဖို့ ) အဟီးးး အလကားစ တာ မမရေ စိတ်ချိုးနဲ့နော် များ ကို များ ကအဲဂလိုပဲ ခင်ရင် စ တတ်တယ် ပေါလဲပေါပါတယ်နော် စိတ်ဆိုးဘူး ဟုတ်

ဘိုင်နော် စာတောင် အတော် ရှည်သွားပြီ အဟက်

kiki said...

ဘူဒူ့ ရဲ့  ကိုယ်တိုင်ဖြစ် ကိုယ်တွေ့ ပုံပြင်လေး ပါလိမ့် ..
တရုပ်မ တွေ .. ဗရုပ်ကျ တာ ...
သတိထား အုံး ဟေးးးး

အိုက်တင်တခွဲသား နဲ့သာနေ..
သူတို့ လာကပ်ကြလိမ့် မယ်..
ဟဲ ဟဲ ...အထာ တွေ သိချင် ပြောပြမယ် ..

(ဒီည ..တဂ်ကြွေးဆပ်မည် ဖြစ်ပါကြောင်းးးး )

မကိ..

သီဟသစ် said...

ကိုရေတမာရေ

ပုံပြင်လေးလာဖတ်တယ်
စိုင်းစိုင်းသီချင်းဆိုရမလားမသိ

ခင်မင်စွာဖြင့်
သီဟသစ်

သားကြီး said...

ခပ်ချဉ်ချဉ်လေးရေးတဲ့ပုံပြင်မှာ ကို့အနေနဲ့
တိုက်ဆိုင်မှုလုံးဝမရှိပါကြောင်းလာပြောတာပါ ဟဲဟဲ :P
ဒွေးချိုးလား လေးချိုးလား ကဗျာအမျိုးအစားတော့ပြောခဲ့ဦးလေကွယ်

(ကို)ရေတမာ said...

ကြယ်ကလေး... သတိရအောင်လုပ်မိပြီထင်တယ် :P

မိုးစက် ဘယ်နားထိသွားလဲဟင်.. :P ရပါတယ်အဆင်ပြေမှပါ။

angel shaper အမြဲတမ်း အကောင်းပဲပြောတယ်နော်..ဘယ်သူကိုမှမရည်ရွယ်ပါဘူး.. တိုက်ဆိုင်မှုရှိရင်တော့..

မကြီးမဟာဆန် ဘယ်သူလဲဟင် ဟဲဟဲ..

ကိုလူထွေးကို အားကြလို့ လက်တည့်စမ်းကြည့်တာ

ငှက်ကလေးးးးးးးးးးးးး... ငါ့နှော် သူနဲ့တွေ့မှ ရေတမာပင် အခြောက်ကြီးဖြစ်တော့တယ်... အပေါ်က ကွန့်မန့်လေးတွေများ မမြင်တာလားဟာ... ငါလည်း profile ရေးထားပါတယ်။ မသိလည်း နည်းနည်းလေး မျက်စလေးတော့ပစ်ကြည့်ပါဦး.. ဘုန်းကညာတစ်ပါး ဖြစ်နေပြီ.. ဇော့် ကိုမနိုင်ပါဘူးဆိုမှ နောက် တစ်ယောက် မမမာတဲ့ ရှင်ချင်တယ်.. ငါရေးတဲ့ ပုံပြင်ကလည်း ယောက်ျားပုံပြင်ပါ... ထားပါ မသိလို့ပြောတာ ရှိစေတော့ နောက်တစ်ခါခေါ်လို့ကတော့ လေးခွစာမိမယ်နော်...

အော်မကြီးကိ ရယ် ပုံပြင်ပါဆိုနေမှ လက်ချာပေးဦးမတဲ့ အဲဒါဆိုလည်း နာကြားရတာပါ့

အကိုသီဟသစ် ဘယ်သီချင်းလည်းဗျ..

သိပါတယ် ကိုသားကြီးရယ်.. မတင်ခင်ကတော့ စဉ်းစားမိသေးတယ် အဖျက်ကောင်ဖြစ်နေပြီလားမသိဘူးလို့ . ဘာချိုးလည်းတော့မသိဘူး.. ခေါင်းထဲပေါ်လာတာ ချိုးထည့်လိုက်တာ... အားလုံးကိုပျော်စေချင်တဲ့ ဆန္ဒတစ်ခုထဲပါ...

ဇော် said...

ပုံပြင်ဖတ်ပြီး ပြုံးမိနေတုန်းရှိသေးတယ် မန့်တာလဲ ကြည့်လိုက်ရော ငှက်ကလေးက မမမာတဲ့။ ဟားဟား။
ဘုန်းကညာတစ်ပါးကို ဖြစ်ရော့ မာမာရယ်။ ခွီးခွီး။ =D

Angel Shaper said...

ရော်.... ကိုတမာက လုပ်ချလိုက်ပါပြီ။
ကိုယ့်အတွက်ဖတ်လို့ ကောင်းလို့ ကောင်းတယ်ပြောတာကို....ဟွန်းးးးးးး
ဖတ်လို့ ကောင်းတာ
ကောင်းတယ် ပြောလဲ
မယုံသင်္ကာ ဖြစ်ခဲ့ပါမူ
နောက်နောင် ကောင်းဘူး
ပြောရမည်တည့်....ဟိဟိ...နာတွ။

မငုံ said...

ကဗျာလေး မိုက်တယ်။
တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါတယ်။ :)

rose of sharon said...

ဖြစ်တတ်တဲ့အကြောင်းအရာတစ်ခုတစ်ခုကို... နားလည်လွယ်တဲ့စကားလုံးလေးတွေနဲ့ဖွဲ့ဆိုထားတာ သဘောကျတယ်...

မိုးခါး said...

အင်း
ရတာ မလို
လိုတာ မရ
လူ့အလိုနတ်မလိုက်နိုင်
:P