Tuesday, July 21, 2009

မီးပွိုင့်

ငါလာမယ်ဆိုတုန်းက
သတိပေးစကားတွေနဲ့
တားမြစ်ခဲ့တယ်နော်

အခြားတစ်ဖက်မှာ
ငါတောင်းတောင်းပန်ပန် တားခဲ့ပေမယ့်
မင်းထွက်သွားရက်တယ်။


ရေတမာ

8 comments:

Angel Shaper said...

မီးပွိုင့်မိနေလို့ပါဆို။ ဘာတွေလာပြောနေတာလဲ ဟွင်းးးးးးးးး။ လိုတိုရှင်းကဗျာလေး လာခံစားသွားကြောင်းးးးးးးးးးးးးးးးး

rose of sharon said...

ပထမပိုဒ်ကမီးနီကိုဆိုလိုပြီး... ဒုတိယပိုဒ်ကမီးစိမ်းကိုရည်ညွှန်းတယ်လို့ နားလည်မိတယ် ဖတ်လို့ကောင်းတယ်

kaungkinpyar said...

အော် မီးပွိုင့်ပါဆိုကွာ

တလနွန် said...

မီးပွိုင့် ကဗျာလေး တိုတိုလေးနှင့် ဆိုလိုရင်း ရောက်တယ်ဗျာ :)

kiki said...

မြန်မာပြည်က မီးပွိုင့် တွေတော့ မပါဖူးထင်တယ်နော် ....
ဟိဟိ ... အမြဲလိုလို ပျက်နေလို့ လေ ..
မော်တော်ပီကယ်( ပရုပ်လုံး ) တွေ အပ်ါတည် တယ်ဟေးးးးးးး
မီးဝါ ဖြတ်မိရင်ရော ????

(လိုရင်း တိုရှင်း နှစ်ကိုယ်ချင်းသာ ရှင်းကြပါတော့ ..)
ဟိဟိ ။

ခင်တဲ့ 
မကိ..

**ဦးလူထွင်းကြီး က မေးနေပါ၏ ...မရေးရင် ဘယ်လောက်ပေးရမလည်း တဲ့ ဟေးးး ။ ကိုယ့် ဟာကိုယ်ပဲ ဈေး စကား ပြောကြတော့.. **

သမီးပျို said...

တိုတိုလေးနဲ့ထိတယ်ဟေ့ ဘာတွေများခံစားနေရပြန်တာလဲ ကွဲနေတာတော့ဟုတ်ပါဘူးနော်

မငုံ said...

ပြောသားပဲ ဖြတ်မလာပါနဲ့ဆိုတာ ခုတော့ ဒဏ်ကြေးထိပြီ။ :)

ကဗျာလေး တိုတိုလေးနဲ့ ကောင်းတယ်။

မိုးခါး said...

ရပ် ကြည့် သွား တဲ့ :P