Tuesday, July 14, 2009

ရင်နှင့်ရင်း၍

ဟိုးအရင်တုန်းက ကိုနိုင်(www.naysoenaing.com ပေးဆပ်သူ)ဆီကနေ သတိပေးစာ ရဖူးတယ်။ “မင်း သူများအိမ်တွေသွားလည်ရင် ပြန်လာလည်ဖို့ လင့်ပေးခဲ့၊ ဘလော့ဂါအချင်းချင်း လေးစားတဲ့ဘဘောပါတယ်”၊ အဲဒီအချိန်တုန်းက လင့်ကအရေးပါတယ်ဆိုတာ ရေးတေးတေးသဘောပေါက်တယ်။ ကိုယ့်ဘလော့မှာ စာလည်းသိပ်မရှိတာနဲ့ လင့်မပေးခဲ့မိဘူး။စာလေးတွေ နည်းနည်းများလာတော့ ဟိုဘလော့ကို ၀င်ဖိတ်၊ ဒီဘလော့ဝင်ဖိတ်နဲ့ ဖိတ်ခဲ့ပါတယ်။ အဲဒီလို ဘလော့လည်တဲ့အခါ တချို့ဘလော့တွေမှာ Marketing ဆင်းတဲ့သဘောတွေပါခဲ့တယ်။ hit လေးတွေတိုးဖို့ မျှော်လင့်ခဲ့မိတယ်။

ဒီလိုနဲ့ သူအိမ်ကိုယ့်အိမ် လည်ကြရင်း ရင်းနှီးမှုလေးတွေ ရလာကြပါတယ်။ ရင်းနှီးလာတော့ သူငယ်ချင်းဆိုတဲ့ စိတ်နဲ့comment ပေးမိတာတွေရှိလာတယ်။ ဒီအချိန်မှာ comment ပေးဖို့ ကျနော်ရိုးသားခဲ့ရဲ့လား။ Comment တွေပေးတဲ့အခါပြီးစလွယ်ပေးခဲ့တာ တွေရှိပါတယ်။ သူငယ်ချင်းသံယောဇဉ်ကြောင့် ပေးဖူးတဲ့ comment တွေရှိတယ်။ ဖြစ်သင့်တာကတော့ဘယ်နေရာကတော့ ဘယ်လိုမြင်တယ်။ ဘာ ရသရတယ် စသည်ဖြင့်ပေါ့။ ကျနော် အတွေးခေါင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။သေချာတာတော့ ကျနော်တို့ဟာ ဝေဖန်ရေးဆရာတွေ မဟုတ်သလို။ စာရေးဆရာတွေလည်း မဟုတ်ကြပါဘူး။

တခါတလေ စာက ဖတ်လို့ကောင်းတယ် ဘာရေးပေးရမှန်းမသိဘူး။ အဲဒီအခါ မမန့်ဘဲ ပြန်လာခဲ့လိုက်တယ်။ commentတွေပေးတဲ့ အထဲမှာ ကျနော် အကြိုက်ဆုံးသူတစ်ယောက် ရှိပါတယ်။ မငယ်နိုင်ပါ။ ပိုစ့်ကို သေချာဖတ်ပေးသလို၊ မန့်တဲ့ အခါ အချက်အလက်နဲ့တကွ သေသေချာချာလည်းမန့်တတ်ကြောင်း ကိုအောင်သာငယ် ဘလော့မှာတွေ့နိုင်ပါတယ်။ လေးစားစရာ ကောင်းတဲ့ အမတစ်ယောက်ပါလို့ ကြုံတုန်း ပြောလိုက်ချင်ပါတယ်။

ကျနော်တို့ ပိုစ့်တွေ ရေးတဲ့အခါ တကယ်ကို စိတ်နှစ်ပြီးရေးကြတာပါ။ Virtual World ထဲမှာ ရိုးသားပွင့်လင့်တဲ့ commentလေးတွေရရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။ comment တစ်ခုဟာ စာရေးသူကို ဆက်ရေးနိုင်ဖို့ရာ တွန်းအားတစ်ရပ်ဖြစ်သလို။ စာဆက်မရေးနိုင်အောင် ဟန့်တားနိုင်တဲ့ အတားအဆီးတစ်ခုလည်း ဖြစ်လိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။

ယခုလက်ရှိစာရေးနေကြတဲ့ ဘလော့ဂါတွေ ကွန်မန့်တွေ အများကြီးရဖူးကြမှာပါ။ ဘယ်သူပဲဖြစ်ဖြစ် commentများလေကြိုက်လေပါပဲ။ ကျနော်တို့ရေးတဲ့ စာလေးတွေရဲ့ အဖိုးအခဆိုလည်း မမှားပါဘူး။ “ကောင်းတယ်”လို့ ပြောသွားရင်လည်း ကျေနပ်နေတာပါပဲ။ တချို့တလေက လွဲရင် ဘယ်သူမှ မကောင်းမပြောပါဘူး။ ကျနော်တို့ရတဲ့ ကွန်မန့်တွေထဲမှာ ဘ၀င်ကျစေတဲ့ ကွန့်မန့်လေးတွေ ပါမှာပါ။ စိတ်ကိုမြူးသွားစေတာ ဖြစ်ဖြစ်၊ ၀မ်းသာပိတိဖြစ်သွားစေတာ ဖြစ်ဖြစ်၊ ရင်ကိုလှုပ်ခတ်သွားစေတဲ့ ကွန့်မန့်လေးတွေ ရဖူးလား။

ကျနော် ဘယ်တော့မှ ကွန့်မန်မပေးသှူဆီက ကွန့်မန့်တစ်ခု ရဖူးပါတယ်။ သူဆီက ကွန့်မန့်ရတော့ အရမ်းလည်းပျော်သွားပါတယ်။ ကမန်းကတန်းသွားဖတ်လိုက်တော့ ခိုးလိုးခုလု ဖြစ်သွားပါတယ်။ သူက စပိန်လိုမန့်ထား တာဆိုတော့ ခေါင်းတော်တော်လေး မူးသွားပါတယ်။ အဲဒီတုန်းက တော်တော်တုန်းတဲ့ကျနော် ဘာသာပြန်ဖို့ တော်တော်ခက်ခဲ ခဲ့ပါတယ်။
ဘာသာပြန်လေးရတဲ့ အခါမှာတော့ ...............
ကျနော်ရင်နဲ့ ရေးပြီး သူရင်နဲ့ ပေးခဲ့တယ်လို ယူဆတဲ့ ကျနော်သိပ်ယုံကြည်တဲ့ စကားလုံးတွေပါတဲ့ ကွန့်မန့်ကတော့.......
no voy a dejar solos တဲ့။
ပန်ဒိုရာဘောက်စ်လေးထဲမှာ မျှော်လင့်ခြင်းလေးရှိမရှိမသေချာပေမယ့် ကျနော့်ရင်ထဲမှာ အဲဒီ ကွန့်မန့်လေးရှိတယ်။

မျှော်လင့်ခြင်းများဖြင့်
ရေတမာ

မိမိကြိုက်နှစ်သက်ခဲ့တဲ့၊ ကွန့်မန့်တစ်ခု (သို့)ကွန်မန့်များကို ပိုစ့်အဖြစ် သိုင်းသိုင်းဝိုင်းဝိုင်း ရေးဖွဲ့ပေးကြပါရန် အောက်ပါပုဂ္ဂိုလ်များ ကို Tag လိုက်ပါသည်။
မငုံ
မနှင်း
ကိုသီဟသစ်
တုနန်
ကိုသားကြီး
ဇော်
မကြီးကိ
ကိုလူထွေး
မိုးစက်အိမ်
မကြီးမဟာဆန်

ရေးပေးကြပါနော်.

15 comments:

မဟာဆန် said...

ကွန်မင့်ကို ကောင်းကောင်း မပေးတတ်တာ တို့ အားနည်းချက်ပါ။ စာတွေ ဖတ်တယ်။ ထပ်တူခံစားတယ်။ စာရေးသူပေးချင်တဲ့ ရသတွေကို ရအောင်ယူတယ်။ ကိုယ့်စိတ်ထဲမှာ ပြောချင်တာတွေ အများကြီး တန်းစီထွက်လာပေမဲ့ ဘယ်အချက်ကို ချရေးရမလဲလို့ ကွန်မန့်ဘောက်ထဲ ၀င်လိုက်ရင် ကိုယ့်စိတ်နဲ့ကိုယ် တစ်ချက်ချင်း ပယ်ချပစ်လိုက်တာ တစ်ခုမှ မကျန်တော့ဘူး ဖြစ်ဖြစ်သွားတယ်။ ကိုယ်တိုင် ပို့စ်ရေးသလိုပါပဲ။ ရေးဖို့ စဉ်းစားမိတဲ့ အကြောင်းအရာတွေ အများကြီး။ တကယ် ချရေးမိတော့ ဟိုဟာ မကောင်းဘူး၊ ဒီလို မရေးဘူးနဲ့ ကုန်ရောလေ။ နောက်ဆို ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အပြည့်နဲ့ စိတ်ထဲပေါ်လာတာတွေအားလုံးကို ရေးသင့်တယ်လို့ ယူဆပြီး မန့်လိုက်တော့မယ်။ ခုကိုပဲ စိတ်ထဲပေါ်လာတာတွေ ချရေးလိုက်တော့ များကြီးရယ်။ စာတွေများပေမဲ့ ဘာမှလည်း အရေးကြီးတာ မပါသလိုပဲ။ အဲဒါပဲလေ။ အဲလို ထိရောက်တဲ့စကားတွေ မပြောတတ်လို့ မမန့်ဖြစ်တာ။ တက်ဂ်ထားတာတော့ ရေးပေးမယ်နော်။ ခဏတော့ စောင့်ပါဦး

ထင်လင်းအောင် said...

comment တစ်ခုဟာ စာရေးသူကို ဆက်ရေးနိုင်ဖို့ရာ တွန်းအားတစ်ရပ်ဖြစ်သလို။ စာဆက်မရေးနိုင်အောင် ဟန့်တားနိုင်တဲ့ အတားအဆီးတစ်ခုလည်း ဖြစ်လိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။
****
ဟုတ်တယ်ဗျာ..ကျနော်လည်း ကွန်မင့်လေးတစ်ခု ရရင် အရမ်းပျော်တာပဲ...

သားကြီး said...

ကိုဘလော့စလုပ်ပြီးတစ်နှစ်ကျော်ကျော်လောက်မှ
ကွန်မန့်တစ်ခုရဖူးတာပါ စီဘောက်မှာအစ်မကြယ်ပြာကဝင်ရေးသွားတာပါ
ခြောက်အိပ်မက်ဆိုတဲ့ပိုစ်လေးကိုဖတ်ပြီးသဘောကျတဲ့
အကြောင်းရေးထားတာပါ အဲဒီကစပြီးစာတွေဆက်ပေါ..အဲလေ...ဆက်ရေးလာလိုက်တယ်ဆိုပါတော့
ဆိုရရင်...ကွန်မန့်ဟာ ကိုတို့အတွက်စာဆက်ရေးဖို့တွန်းအားတစ်ခုပါပဲ
အတားအဆီးအနေနဲ့တော့ကွန်မန့်ကိုမရောက်သေးဘူး စီဗုံးမှာတော့ ကိုယ့်ကိုနွားပဲဆိုပြီးလာအော်သွားတဲ့လူရှိတယ်
နောက်ပြီးဘားကလစ်နဲ့တစ်ယောက်ဝင်ဖွသွားတာရှိတယ် ကိုဘာမှပြန်မပြောဖြစ်ပါဘူး ပြန်ပြောရမှာပျင်းလို့...
ညီ့ပိုစ်အသစ်ကိုဆွဲဖတ်လာလိုက်တာအောက်လည်းရောက်ရော ...နာ့..ကို tag..ထားပါလား..ဟရိုးးးးးး :P

Anonymous said...

Comment ဆိုတာ စာရေးသူအတွက် အားဆေး
တမျိုးပါ။ ညီမလုံးဝလက်ခံပါတယ်။ Comment
လေးတွေကို မြင်တိုင်း စာရေးသူရင်ထဲမှာ
ဖြစ်ပေါ်လာတဲ့ ခံစားချက်ဟာ စာလုံးနဲ့ ရေးပြဖို့ 
မရနိုင်ဘူးထင်ပါတယ်။ မှန်တာဝန်ခံရရင်..ညီမ
ကိုယ်တိုင် သေချာမဖတ်ပဲ Comment ပေးခဲ့
ဖူးပါတယ်။ ဒီ Post လေးကိုဖတ်ပြီး ဦးစွာခံစား
မိသွားတာက ရှက်သွားရခြင်းပါ။ :)....ကျေးဇူး
တင်တယ် စာရေးသူ။ :)....
ခင်မင်လေးစားစွာဖြင့်...ခင်မာလာအောင်...

မိုးစက်အိမ် said...

ကိုရေတမာကြီး ပြောသွားတာတွေ ဟာ
အရမ်းမှန်ကန်ပါတယ်လို. အပြည်.အဝ
ထောက်ခံ ပါတယ်ဗျာ... အများစုဟာ
စာတပုဒ် ကဗျာတစ်ကြောင်းရဲ. ကောင်း
ကွက်နေရာလေးတွေ ကို ရှာကြံ ချီးကျူး
တတ်ပြီးတော. စားရေးသူ ကို စာတွေ ဆက်လက်
ရေးသား နိုင်ဖို.ခွန်အားတွေ ဖြစ်စေပါတယ်...
အချို.ကလဲ စေတနာရှေ.ထားပြီး ကို.အမြင်လေး
တွေကို အရှိအရှိအတိုင်း ဝေဖန်ပေးသွားကြတာ
လေးစားဖို.ကောင်းပါတယ် ... အားလုံးဟာ
ပရော်ဖက်ရှင်နယ်တွေ မဟုတ်တဲ. အတွက်မှား
ကောင်းမှားနေနိုင်ပါတယ် အားနည်းချက်တွေရှိနေ
နိုင်ပါတယ်...ဘယ်လိုဘဲ ဖြစ်နေပါစေ ခုလိုဘလော.ဂါ
မောင်နှမ အချင်းချင်းတွေ အပြန်အလှန်လေး လေးစား
မူတွေ ခင်မင်မှု လေးတွေ တွေ.မြင်နေရတော.
ကျေနပ်ဝမ်းသာမိတာကတော. အမှန်ပါဘဲ ....
ဘလော.တွေ ခုလိုအင်တာနက်များရေးသားလာနိုင်တာ
ဟာ မြန်မာစာပေ အတွက်တော. ကောင်းမွန်တဲ.
လက္ခဏ ပါဘဲလို. ထင်မြင်သုံးသပ်မိပါတယ် ခင်ဗျာ...
အကိုတဂ်ထားတာလေး ညီအဆောင် ဒီလာမဲ. 20 ရက်နေ.
ရွေ.ပြီး အဆင်ပြေတာနဲ. ရေးပေးပါမယ်ခင်ဗျာ...
အားပေး ခင်မင်လျက် ....

သီဟသစ် said...

ညီလေးရေတမာရေ

တကယ်တော့ ကောမန့်တွေက ဘလော့ရေးသူတွေ အတွက် တကယ့်ကို အသက်ပါ။

တစ်ခါတစ်လေ ဘာမှ ပြောစရာ မရှိရင် (ကောင်းသည် ဆိုးသည် ဝေဖန်စရာမရှိရင်တော့) ကောမန့်ရေးလေ့ မရှိပါဘူး။

ွှTag ကြွေးတွေက ၄ ခုလောက်ရှိတယ်။ Tag တဲ့သူတွေတောင် မေ့ကုန်ပလားမသိ..

အဆင်ပြေတဲ့အခါရေးမယ် ညီရေ .. Thanks for tag

ခင်မင်စွာဖြင့်
သီဟသစ်

ဇော် said...

လုပ်ပြီ မာမာတို့ကတော့။ =)

ကျနော်က သိပ်မရေးတတ်ပါဘူးဆို။ =D

နှင်းနဲ့မာယာ said...

ရေတမာရေ
ကောမန့်တွေအကြောင်း ပြောပြချင်ပါသေးတယ်...
ရေးပြီးမှပဲ ဖတ်တော့နော်...း))))
ဒီပို့စ်လေးက တို့ပြောချင်တာတွေ အကုန်ပြောသွားသလိုပါပဲ...
ကောမန့်လေးတွေဆိုတာ ဘလော့ဂါတွေအတွက် နေ့စဉ်မှီဝဲနေရတဲ့ အားဆေးလေးတွေလိုပါပဲ...
သေချာပါတယ်...

ကိုလူထွေး said...

ဟာသတစ်ခုဖတ်ဖူးတယ်...

ပြင်သစ်လူမျိုး ဘလော့ဂါတယောက် ရေးထားတာ...

"ကျမ ဒီကနေ့ မရစဖူး ကော်မင့်တွေအများကြီး ရခဲ့တယ်" တဲ့...

"အကုန်လုံး ကိုယ့်ဖာသာကိုယ် နာမည်အသစ်တွေပေးပြီး ကိုယ့်ဖာသာ ကော်မင့်တွေ ပေးခဲ့တာပါ" တဲ့...

အဲဒီတုန်းက ရယ်တောင် မရယ်နိုင်ခဲ့ပါဘူး...

းဝ)

kaungkinpyar said...

စာရေးသူ အာလုံးအတွက် ကွန့်မန့်နဲ့ စီဘောက်က အရေးကြီးပါတယ်၊ ကွန့်မန့် မရေးခဲ့တောင် စီဘောက်ထဲမှာ အော်သွားတာ တွေ့ရင်တောင် တော်တော် ပျော်မိနေပါတယ်၊ အမ ကတော့ နေရတကာ ဖြေတွေးတတ်သူ ဖြစ်တဲ့အတွက် စီဘောက်မှာ အော်ပီး ကွန့်မန့်ရေးမသွားလဲ ပျော်နေတတ်ပါတယ်၊ တချို့ဆို ဘာမှ မရေးသွားပေမဲ့ သူလာတာ ကို သိလိုက်တဲ့အတွက်လေးနဲ့တောင် ကြည့်ပီး စိတ်ချမ်းသာနေတတ်ပါတယ်၊

မငုံ said...

မှန်တယ် သူငယ်ချင်းရေ။။ တဂ်တာကိုလဲ ရေးပေးမယ်နော်။ ကိုယ့်ဘလော့ဂ်လေးမှာ ရလာတဲ့ ကွန်မန့်လေးကို ဘယ်လိုတန်ဖိုးထားရတယ်ဆိုတာလေးကို။

တလနွန် said...

ကွန်မန့် တစ်ခု ဟာ စာရေးသူတစ်ယောက်ကျလာတဲ့ ချွေးတစ်စက်ကို သုတ်ပေးတဲ့သူနဲ့ တူတယ်လို့ ထင်တယ်.. ဒါပဲနော် ဒီမှာရေးလိုက်ရင် တဂ်ထားတာရေးဖို့ ကုန်သွားလိမ့်မယ်။ :) ရေတမာ့ အတွေးကောင်း အရေးကောင်းတဲ့ တဂ်ပိုစ့်လေးကြောင့် ပျော်ရွင်စေမှုရသလို ရင်းနှီးမှုကိုပိုရစေတယ်လို့ ထင်တယ်။ ပျော်ရွင်ပါစေ တမာတောမှာ ပျော်တဲ့ လူအ ဆိုတဲ့ ရေတမာ :)

ခင်မင်ခြင်းများစွာနှင့်

တလနွန်

မေဓာဝီ said...

အမကတော့ ကွန်မန့်တွေကြောင့် ပျော်ခဲ့ရဖူးသလို ကွန်မန့်တွေကြောင့် စိတ်အနှောက်အယှက်လဲ ဖြစ်ခဲ့ရဖူးတယ်။ ဒါကြောင့် ကွန်မန့်ကို မော်ဒရိတ်မလုပ်ချင်ပေမဲ့ လုပ်ထားခဲ့လိုက်ရတယ်။
အစကတော့ ကိုယ့်ကိုယ်ဆဲတဲ့ ကွန်မန့်တောင် မဖျက်ဘဲ ဒီတိုင်း ထားခဲ့တာ။ နောက်တော့ ကိုယ့်ဘလော့လာတဲ့ လမ်းကြောင်းကို ကြည့်လိုက်မိတဲ့အခါ အဲဒီဆဲတဲ့ စကားလုံးနဲ့ ဂူဂဲလ်မှာရှာပြီး ရောက်လာကြတာ မနည်းဘူး။ မဟုတ်က ဟုတ်က ၀က်ဘ်ဆိုက်တွေအပြင် ကိုယ့်ဘလော့ပါ ကန့်လန့် ကန့်လန့် ပါနေတာ တွေ့ရတယ်။ ဒါနဲ့ပဲ ဆဲတဲ့ကွန်မန့်ကို ကမန်းကတန်း ဖျက်လိုက်ရပါတယ်။
ဖျက်ပြီးတာတောင် အဲဒီစာလုံးရိုက်ရင် အမ ဘလော့နာမည်က ပေါ်နေတုန်း။ အဲဒါနဲ့ ပတ်သက်လို့တော့ တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်မိတယ်။
ကိုယ်ကလဲ အနေအထိုင် မတတ်ခဲ့တာကိုး ... ။ :(

Angel Shaper said...

ကိုရေတမာ က ဖတ်လို့ ကောင်းအောင်ရေးတတ်လိုက်တာနော်။ (အကိုလား၊မောင်လားတော့မသိဘူး၊ လုပ်ချလိုက်ပြီနော်)
ဟိုးးးးးးးး တုန်းက တို့  ဘလော့ဆိုတာတောင်မသိဘူး။ တစ်ခါ ကိုနေစိုးနိုင်ဆီက တဆင့် စာလာဖတ်သွားသေးတယ်။ ဖတ်လို့ ကောင်းလိုက်တာလို့ ။ အဲဒီတုန်းက ဘာမှမမန့် ခဲ့မိဘူးသိလား၊ ကိုယ်က မသိပဲ မဖိတ်ခေါ်ပဲရောက်လာတော့ မမန့် ရဘူးထင်လို့ ။
ခုချိန်ကစပြီး လာဖွမယ်နော်။ ဆက်ရေး၊ ဖတ်လို့ သိပ်ကောင်းတယ်။

မိုးခါး said...

စာတွေ များများရေးနိုင်ပါစေ
း)