Tuesday, July 21, 2009

ဘ၀......ဆိုတာ

တနေ့သ၌ကျွန်ုပ်သည် ဘလော့ဂိုစပီးယားရှိ လေးစားအပ်သော ဘလော့ဂါကိုအောင်သာငယ်ဆီသို့ မျက်စိလည်း လမ်းမှားပြီး ရောက်ခဲ့လေသည်။ ၎င်းရေးသားသော ဘ၀ဆိုသည်မှာ ပိုစ့်ကို စိမ်ပြေနပြေဖတ်ပြီး အောက်ဆုံး တစ်နေရာ၌ စာဖတ်သူအားလုံးကို သိမ်းကြုံး၍ တက်ဂ်ထားပေသည်။ ကျွန်ုပ်သည်လည်း စာဖတ်မိသူ တစ်ယောက် ဖြစ်၍ မရေးပေးလျင် မချစ်ခင် မနှစ်သက်သည်ဟု ထင်မြင်ယူဆမည်စိုးသောကြောင့်ရေးပေးရန် တာဝန်ရှိပေသည် တကား။

ကျွန်ုပ်သည် ငယ်ရွယ်သူတစ်ယောက်ဖြစ်ခြင်း၊ ဘ၀အတွေ့အကြုံ များစွာမရှိခြင်းကြောင့် ကိုယ်ပိုင်ရေး ဒဿနကား မရှိသလောက်ပင်။ ကျွန်ုပ်၏ အယူအဆကား“ကိုယ်ထင်ရာ လုပ်နေကြသည်ကိုပင် ဘ၀”ဟုမြင်ပေသည်။ ထင်ရာလုပ်သည့်နေရာတွင် ကိုယ်ယုံကြည်ရာအတိုင်း လုပ်နေကြသလို၊ တခြားသူ၏ လွမ်းမိုးမှုဖြင့် ထင်ရာလုပ်နေကြသူများလည်း ရှိပေသည်။

ဘ၀ဆိုသည်မှာ တစ်နေ့ပြီးတစ်နေ့ နေပျော်ရန်နှင့် တန်ဖိုးတက်ရန် လေ့ကျင်ရာ နေရာတစ်နေရာဖြစ်သည်ဟု မှတ်ယူမိသည်။ မိမိနှင့် မိမိပတ်ဝန်းကျင် အကျိုးရှိရေးအတွက်လည်း လုပ်ဆောင်သင့်သည်။ “-”လေးထဲတွင် အမည်းစက်မရှိရေး တတ်နိုင်သမျှ ကြိုးစားအားထုတ်သင့်သည်။

သီချင်းလေးတစ်ပုဒ်ဖွင့်ပြချင်တယ်


အကိုသီဟသစ်ကလည်း..........ဆိုတာ ကို ဘယ်လိုမြင်လဲတဲ့ (အမှုန့်တွေလို မြင်တာပေါ့ :P)
ဝပ်ဆိုတာ........ ခေါင်းလေးပု ပြီးပြားသွားတာ
သနားတယ်ဆိုတာ.............၅၀၁လေး မ၀ယ်နိုင်တာ
ဆိတ်ချမ်းသာတယ်ဆိုတာ.......အပနားကိုပြောတာ
စွံတယ်ဆိုတာ...မျက်စိ
ဘလော့ရေးတယ်ဆိုတာ....... မေးအကောင့်လေးနဲ့ sign in လုပ်တာ :P

အတည်ကတော့......
ဝဋ်ဆိုတာ............ နောက်ဘ၀မကူးဘူး။
သနားတယ်ဆိုတာ........... အပြောလွယ်သလောက် ကူညီဖို့ခက်တယ်
စိတ်ချမ်းသာတယ်ဆိုတာ......... သူတစ်ပါးကို လိုက်လိုက်လှဲလှဲကူညီလိုက်ရတာ...
စွံတယ်ဆိုတာ............. (ဘယ်သိမလဲ)
ဘလော့ရေးတယ်ဆိုတာ......... နယ်မြေသစ်ကိုစမ်းသပ်ကြည့်ခြင်း


လေးစားလျက်
ရေတမာ

11 comments:

rose of sharon said...

အင်း...နောက်တာတွေရော... အတည်ရေးထားတာတွေရော... " ဘဝ.....ဆိုတာ " မှတ်သားလောက်ပါပေတယ်.... ရွှင်လန်းချမ်းမြေ့ပါစေ။

သားကြီး said...

တနေ့သ၌...
ကျွန်ုပ်သည် သားကြီးဘလော့ကိုဖွင့်လိုက်ရာ bloglistနေရာတွင် ကျွန်ုပ်၏ညီတော်စပ်သူရာတမေ၏ ဘဝ....ဆိုတာအမည်ရှိပိုစ်အသစ်တင်ထားသည်ကိုတွေ့
လေသဖြင့် အူယားဖားယားဖြင့် ပြေးလာခဲ့မိလေသည် ရောက်ရောက်ချင်း ၎င်း၏
ဘဝနှင့်ပတ်သက်သည့်ကိုယ်ပိုင်အယူအဆများအား လူငယ်ပီပီ ပေါ့ပေါ့ပါးပါး(တစ်နည်း)လေးလေးနက်နက် ရေးထားသည်ကိုတွေ့လေရာ အားကျစိတ်နှင့်အတူ ကြီးစွာသောပီတိဖြစ်မိပေ၏
ကျွန်ုပ်အကြိုက်ဆုံးဖြစ်ခဲ့သောအဆိုရှင်တစ်ယောက်၏သီချင်းကိုလည်း
အားပါးတရနားသောတဆင်ခွင့်ရခဲ့သဖြင့်ထိုရာတမေအား ကြီးစွာ ကျေးဇူးဥပကာရတင်ရှိရပေ၏ ။
အားရအောင် ဖတ်ရှုနားဆင်ပြီးသော် ကျွန်ုပ်သည်လည်း လာခဲ့ရာလမ်းအတိုင်းပြန်ခဲ့ချေသည်တမုံ့
လမ်းတွင်ကျွန်ုပ်အတွက်စဉ်းစားစရာစိတ်ကူးအမျှင်တွေ တသီတတန်းကြီးပါလာခဲ့ပေသည်.........
သြော်......ဘဝ....ဘဝ....ငါ့ကျမှ မဝ...မဝ :P

Angel Shaper said...

ကိုရေ ရဲ့ ဘ၀ဆိုတဲ့ အမြင်ကို လာရောက် ဖတ်ရှုသွားပါတယ်။ အသက်ငယ်ပေမယ့် အတွေးတွေက ရင့်ကျက်ပြီး၊ ထူးချွန်တဲ့ သဘောပဲ... အဟက်...
နောက်တာတွေရော..အတည်တွေးထားတာတွေရော လာခံစားသွားတယ်။ ကောင်းတယ်လို့ မပြောတော့ဘူး။
မကောင်းဘူး။ ဒါပဲ။

စည်သူ said...

စွံတယ်ဆိုတာ............. (ဘယ်သိမလဲ)
ဘလော့ရေးတယ်ဆိုတာ......... နယ်မြေသစ်ကိုစမ်းသပ်ကြည့်ခြင်း

ဟုတ်ပါ့ကို ဝါးတားတမာရေ..။

ခင်မင်စွာဖြင့်
စည်သူ။

မဟာဆန် said...

ကျွန်ုပ်၏ အယူအဆကား“ကိုယ်ထင်ရာ လုပ်နေကြသည်ကိုပင် ဘ၀”ဟုမြင်ပေသည်။
အယူအဆချင်း တူတယ်။
”စွံတယ်ဆိုတာ............. (ဘယ်သိမလဲ)”
ဒါကတော့ ရူးချင်ယောင်ဆောင်တာပါ။ ထန်းကိုးပင် ရွာသားပဲ။

သီဟသစ် said...

ညီလေးရေတမာရေ

ဘ၀နဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးကို သဘောကျတယ်ကွာ

....ဆိုတာတွေ ဖြေထားလို့ Thanks ပါ :D

ZWH သီချင်းလေးကတော့ နားပဲထောင်ဘူးတာ ခုမှ VCD ကြည့်ဖြစ်သွားပြီ good

ခင်မင်စွာဖြင့်
သီဟသစ်

မငုံ said...

ဘ၀ ဖြေရှင်းချက်လေးလာဖတ်တယ်။ ဘ၀မှာ အကောင်းဆုံး ကိုယ်တတ်စွမ်းသလောက်လေးကို ရိုးသားစွာ ဆောင်ရွက်ရင်း ကုန်ဆုံးကြတာပေါ့။

ATN said...

တစ်နေ့ပြီးတစ်နေ့ နေပျော်ရန်နှင့် တန်ဖိုးတက်ရန် လေ့ကျင်ရာ နေရာတစ်နေရာဖြစ်သည်ဟု မှတ်ယူမိသည်။

လေးနက်တဲ့ ဖွင့်ဆိုချက် တခုပါပဲ...

ရေးပေးတာ ကျေးဇူးပါ ညီရေ့...

ဇော် said...

သြော် ဘ၀...
တိုက်တိုက်ဆိုင်ဆိုင် ကိုလေးပြည့်စုံရာ.. ကျနော်ကလဲ အမှတ်တရ ဘ၀အကြောင်းရေးထားတာ။ =)

Anonymous said...

ဟုတ်တယ်...

".... "လေးထဲတွင် အမည်းစက်မရှိအောင် ကိုယ့်ဖာကိုယ်
အားထုတ်သင့်တာပေါ့....

mie nge

မိုးခါး said...

ဝပ်ဆိုတာ........ ခေါင်းလေးပု ပြီးပြားသွားတာ
သနားတယ်ဆိုတာ.............၅၀၁လေး မ၀ယ်နိုင်တာ
ဆိတ်ချမ်းသာတယ်ဆိုတာ.......အပနားကိုပြောတာ
စွံတယ်ဆိုတာ...မျက်စိ
ဘလော့ရေးတယ်ဆိုတာ....... မေးအကောင့်လေးနဲ့ sign in လုပ်တာ :P

အတည်ကတော့......
ဝဋ်ဆိုတာ............ နောက်ဘ၀မကူးဘူး။
သနားတယ်ဆိုတာ........... အပြောလွယ်သလောက် ကူညီဖို့ခက်တယ်
စိတ်ချမ်းသာတယ်ဆိုတာ......... သူတစ်ပါးကို လိုက်လိုက်လှဲလှဲကူညီလိုက်ရတာ...
စွံတယ်ဆိုတာ............. (ဘယ်သိမလဲ)
ဘလော့ရေးတယ်ဆိုတာ......... နယ်မြေသစ်ကိုစမ်းသပ်ကြည့်ခြင်း

အင်း
သူရှင်းတော့လည်း ပြောင်သွားသား :P

စွံတယ်ဆိုတာ ဘာမှန်းမသိရင် ၀ါရင့် ပုဂ္ဂိုလ် (လောလောဆည် ကိုသီဟ) ကိုမေး :D