Thursday, December 10, 2009

ငါ့အကို တနင်္လာသားကြီး

မျက်နှာကို မအုပ်မိဘဲ
ငါဘာကြောင့် မျက်ရည်ကျနေတာလဲ
ငါ့အကို တနင်္လာသားကြီး
လူတောထဲ
ရိုးရိုးကြီး ငေါထွက်ပြီး အ နေဦးမလား
အ အကြီး ငေါထွက်ပြီး ရိုးနေဦးမလား
ငါ့အကို တနင်္လာသားကြီး
“ကူ၍ တွန်းပေးကြပါ”ဆိုင်းဘုတ်
ငါ့အကို တနင်္လာသားကြီး ရိုက်ခွဲခဲ့လိမ့်ဦးမယ်
အစ်ကိုဆိုတာ
အဖေနံ့သင်းမှ လှတာ
ငါ့ဖိနပ်ဟောင်းကို လဲစီးသွားတုန်းက
တခန်းလုံး ကြိုင်နေတဲ့အနံ့
အခန်းထဲလည်း ပန်းခင်းကြီး ရှိမနေဘူး
ကြယ်အသစ်တလုံးက နေ့ခင်းကြောင်တောင်
ထွက်လာတယ်
ဘယ်က သင်ယူခဲ့ရသလဲ
ချုံခိုမှည့်တဲ့ အရသာက သူ့အကျင့်၊ ပိုချိုတယ်
ရင်ဘတ်ကို ခေါက်ကြည့်လိုက်တယ် ဆိုရင်ပဲ
မရိုးသားမှုတွေလည်း လျောခနဲ ထွက်ကျလာတယ်
ငါ့အကို တနင်္လာသားကြီး
လူလူချင်း မျဉ်းမပိတ်တတ်ပေဘူး
အရေပြား နှစ်ထပ်ရှိတဲ့လူတွေ
ဘယ်တော့မှ မတွန့်ကြေဘူး
တခုတည်းသော အရေပြားကို ဖြန့်ခင်းလို့
အမြဲတမ်း တွန့်ကြေနေရဲ့
ငါ့အကို တနင်္လာသားကြီးက ပိုလှတယ်
သူဆေးလိပ်များများဖွာမှ
မိုးများများရွာတယ်
ခု ငါ့အကို တနင်္လာသားကြီး
ဘယ်ဆိုင်းဘုတ်ကို ရိုက်ခွဲဦးမလဲ။

လူနှင်းချို (မတ္တရာ)
ရယ်စရာ အမှတ် (၄၈) နိုဝင်ဘာ ၂၀၀၉

p.s i miss you bro!

14 comments:

မေလေး said...

အဟွတ် ပီးမှလာမန့်မယ် မလစ်သေးလို့

kiki said...

ဘာကြီးလဲ ..
တနလာင်္သားကြီးရဲ့  ညီရေ..
ဘာသားကြီးလဲ ... ???????
ဘာတွေ ဘောင်ခတ်မလို့ လဲ ????

ကောင်းကင်ပြာ said...

I also miss u လို့ အကို တနင်းလာသားကြီးကို ပြောပေးစမ်းဘာာာာ၊ ပိုပြီးလှသွားအောင် အဲ့တနင်းလာသားကြီးကို မီးပူတိုက်ပေးမယ်လို့...

Beauty Studio USA Branded Store said...

ကောင်းတယ်ဗျာ။ အရသာတစ်မျိုးရှိတယ်။ ကျွန်တော့်မှာ ဒီလိုအကိုမရှိတော့ ခက်တယ်ဗျာ။ =)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ငါ့အကို တနင်္လာသားကြီး ကို လာရောက်ဖတ်ရှု့သွားပါတယ် ခင်ဗျား။
အရေပြား နှစ်ထပ်ရှိတဲ့လူတွေ.. ဘယ်တော့မှ မတွန့်ကြေဘူး တဲ့.. စာသားလေး အရမ်းကောင်းပါတယ်။..

ခင်မင်စွာဖြင့်
ကိုမျိုး

မငုံ said...

ကဗျာကို နှစ်ခါဖတ်သွားတယ်။
အကိုဆိုတာ အဖေနံ့သင်းမှ လှတယ် ဆိုတဲ့ စာသားလေးကို ကြိုက်တယ်။

မငုံ said...

ကဗျာကို နှစ်ခါဖတ်သွားတယ်။
အကိုဆိုတာ အဖေနံ့သင်းမှ လှတယ် ဆိုတဲ့ စာသားလေးကို ကြိုက်တယ်။

ဆောင်းချမ်းမိုး said...

ညီလေး.. အကိုလာသွားတယ်..
အကိုလား..ဘယ်ဆိုင်းဘုတ်ကိုရိုက်ခွဲသွားပါလိမ့်ဆိုတော့..

မိုးခါး said...

ဘာပြောရမှန်းမသိဘူး
ဖတ်ပြီး နားလည်သလိုလို မလည်သလိုလိုနဲ့း)

မေလေး said...

တနင်္လာသားအကိုဆိုင်းဘုတ်ရိုက်ခွဲမခွဲတော့မသိဘူးး
စနေသားအကိုရဲ့  ကင်မရာမှန်ဘီလူးတော့ နင်ရိုက်ခွဲလိုက်တာ ငါသိတယ်။းP

မိုးစက်အိမ် said...

ရေကြီးအစ်ကိုတနင်္လာသားက မိုက်ကယ်ကြီး
ပါလားကွ . . . အသာလုပ်ပါကွာ မျိုးကြီးလို
ဖြည်း ဖြည်း ဖြည်းပြီးခွဲ ကွဲမယ်ဆိုလား :D

Unknown said...

umm, I don't understand. how bad I am in poem

မြစ်ကျိုးအင်း said...

သိုက်စာဝှက်စာဖတ်ရသလိုပဲဗျ
တွေးနေရတုန်းပဲ

Angel Shaper said...

လူ့စည်းကမ်းရှိပြီး ရိုးစားချစ်စရာကောင်းတဲ့ ငါတို့အကို တနလာင်္သားကြီးရေ...
အိုင်တို့ မစ် ယူ ပါတယ်နော်။
ကျန်းခန့်သာလို့ မာပါစေ ဗျိုးးးးးးးးးးးး