Thursday, April 22, 2010

MY ISLAND HOME

9 comment
PANDORA BOX ပွင့်သွားပြီးတဲ့နောက်ပိုင်း မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟစိတ်တွေ လူတွေဆီရောက်ကုန်ကြတယ်။ သေတ္တာလေးထဲမှာ “မျှော်လင့်ခြင်း”ဆိုတဲ့အရာ တခုပဲကျန်ခဲ့တယ်။ ဒါကြောင့် လူတွေက “မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေကြတယ်” ဆိုပြီး ပြောဆိုနေကြတယ်။ နားလည်မိသလောက် ချရေးလိုက်တဲ့ ဒီပုံအရ အဲဒီအယူအဆကို သဘောကျမိတယ်။ မျှော်လင့်ခြင်းသက်သက်ပဲဆိုရင် ရူးမိုက်ရာကျနေမှာပါ။ တဖက်မှာလည်း ရည်မှန်းချက်ဆိုတဲ့ အရာနဲ့တွဲပြီး မျှော်လင့်နေမှ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိမယ် မဟုတ်လား။ အဲဒီရည်မှန်းချက်တွေ ပြည့်မြောက်အောင်လည်း ဇွဲ၊လုံလ၊ဝီရိယတွေနဲ့ အခါမလပ် ဖြည့်တင်းနေမှ ပြည့်ဝမယ်ဆိုတာလည်း အားလုံးသိပြီးသားပါ။

အပြင်လောကမှာ ဝါသနာတူ စရိုက်တူ သူငယ်ချင်းမိတ်ဆွေနဲ့ တွေ့ဆုံကြတဲ့အခါ သံယောဇဉ်ဆိုတာတွေ ဖြစ်လာရတယ်။ အဲဒီထဲကမှ မိတ်ဆွေကောင်း ဆိုတာတွေနဲ့ ကုသိုလ်ကံကောင်းမှ တွေ့ဆုံကြရတယ်။ “မိတ်ဆွေကောင်းရှိခြင်းဟာ အလုံးစုံပြီးပြည့်စုံစေတယ်”ဆိုပြီး ရှင်တော်ဘုရား ဟောကြားခဲ့တယ်။ ကိုယ့်ဘေးနားမှာ ရှိတဲ့ မိတ်ဆွေကောင်းတွေကို တန်ဖိုးထားပြီး ကိုယ်တိုင်လည်း မိတ်ဆွေကောင်းဖြစ်အောင် ပြုမှုသင့်တယ်။ ကိုယ်ကူညီဖူးတာတွေ ဖယ်ထားပြီး သူကူညီပေးဖူးတာတွေကို အမြဲတမ်းအောက်မေ့ သတိရနေရမယ်။

မိသားစုနဲ့ဝေးနေတဲ့ ဘဝတွေက မခက်ခဲပေမယ့် သိပ်ပြီးတော့ မလွယ်ကူဘူး။ အပြင်လောကမှာ ကိုယ့်သွေးသားရင်းလောက် ကိုယ့်အပေါ် ကောင်းမယ့်သူဆိုတာ အခုဆိုရင်ခပ်ရှားရှားပါ။ အရာရာတိုင်းမှာ ခြွင်းချက်တွေ ရှိပါတယ်။ ခြွင်းချက်တွေတော့ မပါဘူးလေ။ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အိမ်ဟာ လောကမှာ အနွေးထွေး အလုံခြုံဆုံးဖြစ်နေတတ်တာမျိုး။ လူဆိုတာ တယောက်တည်း နေတတ်တဲ့ သတ္တဝါ မဟုတ်တော့ ဘယ်နေရာပဲရောက်နေနေ အိမ်ဆိုတဲ့ အရာကို ဖန်တီးယူကြရတယ်။ တချို့လည်း ဆူဆူပူပူ၊ တချို့လည်း ငြူငြူဆူဆူ။ တကယ့်အေးချမ်းတဲ့ အိမ်ဆိုတာ နားလည်မှုနဲ့ ဖန်တီးယူမှရတတ်တာမျိုးလေ။

မိတ်ဆွေကောင်းတွေ၊ ဥာဏ်ပညာကြီးမားသူတွေ၊ ကြင်နာတတ်တဲ့ နှလုံးသားရှိသူတွေ ရှိနေတဲ့ အိမ်ကလေး ဖြစ်နေစေချင်တာ ပန်ဒိုရာ ဘောက်စ်ထဲက မျှော်လင့်ခြင်းလိုပါပဲ။ မိတ်ဆွေ သေတ္တာလေးကို မဖွင့်လိုက်ပါနဲ့နော်။




This is my home
She's everything to me
Grace and beauty
In all that you see

My island home
Wherever I may be
I never will forget her
Nor will she forget me

Chorus ^
And I will sing
A song of home
A land of peace
Where dreams are born everyday
My home
Wherever I may be
I believe
You will always be a part of me ^

My island home
Home of my family
This is my future
Where I want to be
(This is my future
This is my home)

Repeat Chorus x 2

My home
Wherever I may be
I believe
You will always be a part of me
A part of me

Thursday, April 15, 2010

ကြေငြာ

17 comment

နှစ်သစ်မှာ ဆုတောင်းပေးကြသော ၊ ရေခဲရေနဲ့လာလောင်းကြသော အိုးမဲ လာသုတ်ကြသော ဦးဦးဒေါ်ဒေါ်ကိုကိုမမညီညီမ များလည်း ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်။


နှစ်သစ်ကူးအချိန်အခါ သမယမှာ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း ကုသိုလ်ကောင်းမှုများ လုပ်ဖို့ရန် ကျနော်များ ဘလော့ကို နှစ်ဆန်း ၁ ရက်တိုင် နှစ်ဆန်း ၅ ရက်နေ့အထိ ပိတ်မှာ ဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်။

နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ




အလည်လာရောက်သူအပေါင်း စတုဒိသာ မုန့်လုံးရေပေါ်များ သုံးဆောင်သွားကြပါ့ဦး