Tuesday, December 15, 2009

ဦးဂေါက်တီးရဲ့ သားချော့တေး


အကိုတစ်ယောက်ဆီ ရောက်တုန်းက မဂ္ဂဇင်းပုံကြီး တပုံလက်ဆောင်ရလိုက်တယ်။ အဲဒီစာအုပ်တွေထဲက ရယ်စရာမဂ္ဂဇင်း စာအုပ်တအုပ်ကို သဘောကျနှစ်ခြိုက်ခဲ့တယ်။ ခေတ်ပေါ်ကဗျာတွေကိုလည်း ရယ်စရာကတဆင့် ရင်းနှီးမှုရခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက “ကဘောက်တိ ကဘောက်ချာ အယ်ဒီတာစာ”မှာ ဘာပြောလဲဆိုတော့ မြန်မာစာရေးသားတဲ့ သူတွေဟာ မြန်မာစာကို တန်ဖိုးထားသင့်တဲ့ အကြောင်း၊ မြန်မာစာရေးနေတဲ့သူတွေက အလေးမထားရင် ဘယ်သူမှ အလေးထားမှာ မဟုတ်ပါဘူးတဲ့။ ကလောင်တချောင်းကိုလည်း အလေးထားသင့်ကြောင်း၊ သရုပ်ပျက် ရေးသားထားသော ကလောင်နာမည်များကိုလည်း မရွေးချယ်ဘူးလို့လည်း ဆိုပါတယ်။ ဥပမာ Aဒင်မာလာ၊ 4အောင် စသည်ဖြင့်ပေါ့။ လေးစားပါတယ် အယ်ဒီတာရယ်။

ဆရာ လျှာပေါ်ဝဲ ရဲ့ ဓါးထက်တဲ့ စုဘုရားလတ်တို့ မြေးအဖွားတသိုက် သာသနာရေး အမြင်ကျယ်ပုံ၊ သာ့သနာ့ အာဇာနည်တွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပုံကိုလည်း ထုတ်နှုတ်ပြသသွားတာ နှစ်ခြိုက်စွာ မှတ်သားလိုက်ရပါတယ်။ တခြား စာရေးဆရာတွေ စာတွေကတဆင့် စာပေလောကအသိုင်းအ၀ိုင်းအကြောင်း၊ တစေ့တစောင်း မှတ်သားရပါတယ်။

ကျနော့်ဘလော့မှာ ကိုယ်ပိုင်ဖန်တီးမှုအပြင် ကြိုက်နှစ်သက်တာလေးတွေ စုစည်းထားရင်ကောင်းမယ် ဆိုတဲ့ သဘောနဲ့ “ကူးယူဖော်ပြခြင်း” ဆိုတဲ့ လေဘယ် တခုဖန်တီးခဲ့ပါတယ်။ ရေးလက်စ တပုဒ်နှစ်ပုဒ်ကလည်း ရှေ့ဆက်မရ၊ အကြောင်းအရာကလည်း ပေါ့ပျက်ပျက်ဆိုတော့၊ ဆားချက်တယ်လို့ သဘောထားရင်လည်း ထားပါတော့။ တကယ်တော့ ကြိုက်လွန်းလို့ပါ။ ခေါင်းထဲမှာ စွဲနေပေမယ့် မိတ်ဆွေကိုလည်း ဖတ်ပြီး ရီမောနေစေချင်တယ်ဗျာ။ ဒီလထုတ် ရယ်စရာမဂ္ဂဇင်းထဲက စာလေးတပုဒ်ပါ။

ဦးဂေါက်တီးနဲ့ မယဉ်မေတို့ လင်မယားအကြောင်းပေါ့။ ပြောစမှတ်တင်သွားတဲ့ အကြောင်းလေးကတော့ ဦးဂေါက်တီးက ပြည်ကြီး တရုတ်စစ်စစ်၊ မယဉ်မေကတော့ အညာသူစစ်စစ်ဗျာ။ အသားရောင်က မည်းသမ ကျုတ်နေတာ။ ဘယ်ကဘယ်လို ညားလာမှန်း ဘယ်သူမှ မသိကြပါဘူး။ ကျွန်တော်တို့ ရပ်ကွက်ထဲ ပြောင်းလာပြီး ဦးဂေါက်တီးက ခေါက်ဆွဲနဲ့ အခေါက်ကင်ကို အိမ်ရှေ့ဆိုင်ခန်းလေးမှာ ရောင်းတယ်။ လင်မယားနှစ်ယောက် မောင်တထမ်း မယ်တရွက်ပေါ့။

သူတို့မှာ အသက်ကြီးမှ ရထားတဲ့ လူမမယ် ကလေးငယ် တယောက်လည်း ရှိသေးတယ်။ ယောက်ျားလေးပေါ့။ ကျွန်တော်တို့ ဦးဂေါက်တီးဆိုင်မှာ ခေါက်ဆွဲသွားစားရင် မယဉ်မေက သူ့ကလေးကို သီချင်းလေး တအေးအေးနဲ့ ချော့သိပ်နေတာ တွေ့ရတတ်တယ်။ ဘာတဲ့ သူဆိုတဲ့ သီးချင်းက “မိတ္တီလာကန်တော်အောက်က xxxx ဖားကောက်ခဲ့ပါ xxx ဖားပါရင် တကောင်ပေး xxxxxx မျက်လုံးရယ် ကြောင်တောင်တောင် xxxx ဖားကောင်ကသေး ” ဆိုပြီး အသံနေ အသံထားနဲ့ ချော့သိပ်နေတာ အမြဲလိုလို တွေ့ရတယ်။

တနေ့တော့ မနက်ပိုင်းမှာတင် ခေါက်ဆွဲ ကုန်သွားလို့ ဈေးမှာ ပြေးဝယ်တုန်း ကလေးငိုပါလေရော။ ဦးဂေါက်တီးလည်း ဈေးရောင်းတဘက်နဲ့ “ခိနလေး” ဆိုပြီး ပုခက်ထဲက ကလေးကို ပွေ့ချီပြီး မယဉ်မေကလေး ချော့သိပ်တဲ့ ပုံစံနဲ့ ချော့လိုက်တာ ဆိုင်ထဲက လူတွေ ခေါက်ဆွဲသီးသူသီး၊ ရယ်တဲ့သူ ရယ်နဲ့ ဖြစ်ကုန်ကြတယ်။ သူကလေး ချော့သိပ်တာကိုလည်း ကြည့်ဦး “ မတ်ဆီလာစိလယ် xxx ကန်စိလယ် xxxx ဖားစိလယ် xxxx မတ်စိပူးလယ် xxxx အကောင်တေးလယ် xxx အိပ်လော့ xxxx အိပ်လော့ ” တဲ့ ခင်ဗျ။

မင်းဘဲဥ(ချယ်ရီရွာ)
ရယ်စရာ အမှတ်(၄၉)ဒီဇင်ဘာ ၂၀၀၉

9 comments:

မိုးခါး said...

စိတ်ဆင်းရဲတယ်
တကယ်ပဲ
:D

ကောင်းကင်ပြာ said...

ဦးဂေါက်တီးက အဲ့လို ချော့တော့ ကလေးက အငို တိတ်သွားလားဟင်....

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ဦးဂေါက်တီးရဲ့ သားချော့တေး လေးကို မှတ်သားသွားပါတယ် ခင်ဗျား :) :)...

ဖတ်လိဂေါင်းတယ်၊ ဖတ်ကွားဒိယ်၊ ရိယဒယ်၊... :)

ခင်မင်စွာဖြင့်
ကိုမျိုး

kiki said...

“ မတ်ဆီလာစိလယ် xxx ကန်စိလယ် xxxx ဖားစိလယ် xxxx မတ်စိပူးလယ် xxxx အကောင်တေးလယ် xxx အိပ်လော့ xxxx အိပ်လော့ ”

အသင် ရာတမေ .. မန်မန်တေ..လော့..
ခိခိ

Angel Shaper said...
This comment has been removed by the author.
Angel Shaper said...

ဟဟဟားးးးးးးးးးးးးး
ဦးဂေါက်တီးရေ........
အဲလေ...ရာတမေရေ........
နင်မွေးတဲ့ ကလေးတွေ အဲလိုချော့သိပ်မိမယ်နော် အဟဲ။

ပုံ့မေ said...

တကယ္ပဲ...

နင်လဲ လေ့ကျင့်ထားလား... =D

မငုံ said...

:)) ဖတ်ပြီး အားပါးတရကို ရီသွားတယ်။ လေ့ကျင့်ထားဦှး ဒီသားချော့တေး။

Anonymous said...

မတ်စိပူးလယ် အကောင်တေးလယ် အိပ်လော့ အိပ်လော့
ဟဟဟဟဟဟဟဟဟဟားးးးး