ခရစ်စမတ်ရောက်တိုင်း ကျနော်ကြည့်ဖြစ်တဲ့ ဇာတ်ကားကတော့ Dr Seuss' How the Grinch Stole Christmas ဖြစ်ပါတယ်။ ကြည့်စကတော့ သိပ်စိတ်မ၀င်စားဘူးဗျ။ ကလေးကြိုက်ပဲ ထင်တာ။ ဟာသမင်းသား Jim Carrey ရဲ့မိသားစု အခြေခံဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။ Whoville ရဲ့အပြင်ဖက်မှာ တကိုယ်တည်း အတတ်ကျူးပြီးခရစ်စမတ်ကို မုန်းနေတဲ့ Grinch(jim carrey) ကို ကလေးမလေး Cindy ကမိတ်ဆွေဖွဲ့၊ ခရစ်စမတ်ကိုအတူနွှဲဖို့ဖိတ်ခေါ်ပြီး Whoville နဲ့ပြန်ပေါင်းထုပ်ပေးခဲ့ပါတယ်။ ခရစ်စမတ်ပွဲတော်မှာ အတိတ်ဟောင်းကို သတိရပြီး Whoville ရဲ့ခရစ်စမတ်ကို ခိုးယူဖို့ကြိုးစားပါတော့တယ်။ Cindyလေးရဲ့ ဖြောင်းဖြမှုနဲ့အတူ အမြင်မှန်ရပြီး ခရစ်စမတ်ကိုပြန်ပေးရင်း သူငယ်ငယ်ကချစ်ခဲ့တဲ့ ချစ်ဦးသူနဲ့ပေါင်းဖက် ခဲ့ပါတယ်။ မိသားစုတစု၊ ပတ်ဝန်းကျင်တခုအရေးပါပုံကို ဟာသနှောပြီးရိုက်ကူးထားပါတယ်။
Thursday, December 25, 2008
Wednesday, December 24, 2008
ဟင်းတခွက်
ကျနော်တိုင်းတပါးကိုစရောက်တော့ အသက်(၁၉-၂၀)ဗျ။ ဒီအရွယ်ဆိုတော့ လူငယ်သဘာဝ လွတ်လပ်လပ် နေချင်သလို နေတာပေါ့ဗျာ။ အိမ်မှာဆိုရင်တော့ လိုလေသေးမရှိပေါ့။ စားစရာဆိုရင်လည်းအဆင်သင့်၊ အ၀တ်ဆိုလည်း ကိုယ်တိုင်လျှော်စရာ မလိုဘူးပေါ့ဗျာ။ အိမ်ကဟင်းမကြိုက်ရင် တောင်အပြင်မှာ ကိုယ်ကြိုက်တာ ၀ယ်စားနိုင်ပါတယ်။ ဒီလိုအခြေနေမှာ ကိုယ်ဘာသာရပ်တည်ဖို့ဆိုတာခက်ခဲပါတယ်။ နေရေးနဲ့ဝတ်ရေးအတွက် အဆင်ပြေပေမယ့် စားရေးအတွက် အခက်အခဲရှိပါတယ်။ စားသောက်ဆိုင်မှာစားဖို့ဆိုတာ ရေရှည်မှာမလွယ်ပါဘူး။ ကိုယ်တိုင်ချက်စားရမယ် ဆိုတော့ဘာလိုချက်ရမယ်ဆိုတာ မသိပါဘူး။ ကြက်ဥနဲ့ခေါက်ဆွဲကတော့ ပင်တိုင်မင်းသားပဲ။ တဖြည်းဖြည်းစမ်း တ၀ါးဝါးနဲ့ ချက်တော့နည်းနည်းစားလို့ရတဲ့ အဆင့်ရောက်လာတယ်။ ထမင်းကတော့ ပေါင်းအိုးနဲ့ချက်တော့ လွယ်တာပေါ့။ ဒါတောင် ရေအချိန်အဆလိုသေးတယ်ဗျ။ ဒါတွေ ဘာလို့ပြောနေတာလဲဆိုတော့ ထမင်းတနပ် ဟင်းတနပ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ တယောက်စာအတွက်တောင် ခက်ခဲတယ်ဆိုရင် မိသားစုတစုအတွက် ဆိုရင် အိမ်ထောင်ရှင်မတယောက်အနေနဲ့ အရမ်းပင်ပန်းလှပါတယ်။ ဒါအပြင် ဟင်းမထပ်ရလေအောင် စဉ်စား ပြီးခေါင်းခြောက်ရတာ ဈေးသွားဖူးသူတိုင်းသိကြမှာပါ။ ကျနော့်အယူအဆကတော့ ဟင်းချက်တာလည်း အနုပညာတမျိုးလို့ ထင်တယ်။ ရေမီးအချိန်အဆ၊ ဟင်းတွဲဟင်းစပ်ကိုလည်း စိတ်ကူးနဲ့ပုံဖော်ရတယ်။ ကျနော်တို့ အမေတွေကစေတနာ၊ မေတ္တာတွေပေါင်းလိုက်တော့ မိသားစုကိုနွေးထွေးစေတဲ့ဆေးတခွက်ပါပဲ။ ကျနော်ထမင်း ဟင်းကောင်းကောင်းချက်တတ်တော့ ပထမဆုံးသတိရတာမေမေ့ကိုပါ။ ကျနော်တို့ယောက်ျားလေးတွေ အနေနဲ့ထမင်းဟင်းချက်တတ်ဖို့ဆိုတာ မလွယ်တဲ့အချိန်မှာ မြန်မာပြည်ပြန်ရောက်ရင် မေမေ့ကို ဟင်းတခွက်လောက်ချက်ကျွှေးချင်တယ်။
Friday, December 19, 2008
ကျနော် Blogger
ဤဘလော့ကို ရောက်လာသူအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ။ တကယ်တမ်းဘလော့တခု တည်ဆောက်ဆိုတာ အိမ်တအိမ်နှင့် တူတယ်လို့ထင်ပါတယ်။ ကျနော်ရဲ့တဲသာသာ အိမ်လေးကိုလာလည်တဲ့ ဧည့်သည်တွေကို သူများတကာအိမ်တွေလို ကောင်းကောင်းမဧည့်ခံနိုင်သေးတာ အားနာပါတယ်။ စဆောက်တုန်းကတော့ ကိုယ့်ဘာသာနေဖို့ပဲ။ဒါပေမယ့် လာလည်တဲ့သူတွေအတွက် စဉ်းစားလိုက်တော့ တခုခုပေး ချင်တယ်။ ခက်တာက ကိုယ်ကလည်းစာရေးဆရာမဟုတ်။ ဘလော့လေးတခုရှိလို့ ဘလော့ဂါလို့ရေးလိုက်တာ၊ တကယ်တမ်းဘာမှမဟုတ်ပါဘူး။ ကျနော့်ဘလော့လေးဖြစ်လာအောင် ကူညီပေးတဲ့ ကိုစေတန်ဂေါ့ရဲ့ ဘလော့လုပ်နည်းစာအုပ်၊ တခြားသင်ဆရာ၊ မြင်ဆရာဘလော့ဂါ အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ ကျနော့်တဲလေးဆောက်တုန်းက ထန်းညက်နဲ့ရေနွေးသောက်ရင်း ”အားပေးမှုနဲ့အတူရှိနေမယ်” ဆိုတဲ့ကိုနိုင်၊ လက်ဖက်စားရင်း"good"ဆိုတဲ့zmt ၊ကျနော်ကိုဖက်ချင်နေတဲ့...အဲ ...ဖတ်ချင်နေတဲ့mtt ။(စတာနော်)တို့ကို ကျေးဇူးတင်ပါတယ်။ ရှေ.ကဘလော့ဂါတွေ ပြောတဲ့ စားလည်းဘလော့၊ိအိပ်လည်းဘလော့၊ သွားလည်းဘလော့ဆိုတာ ကိုယ်တိုင်ဘလော့ရေးကြည့်မှသိတော့တယ်။ (ခုတောင်ဒီ ပို့ရေးရင်း ထမင်းတနပ်လွတ်သွားပြီ။)
Subscribe to:
Posts (Atom)