Tuesday, December 22, 2009

ကျော်ကြားသူတို့၏ပုံရိပ်

မမ၀ါက တက်ဂ်လို့ ရေးလိုက်ပါသည်။ ကျေးဇူးတင်ပါတယ် မမ၀ါ ခင်ဗျာ။ မမ၀ါလို့တော့ အစပိုဒ်မှာ ထုစရာ မောင်းမရှိ၍ ကျွန်ုပ်စာတွင် အသံထွက်စရာမရှိပါခင်ဗျာ(ဤကား လမ်းကြိတ်စက်နင်းသွားသော စကားချပ်းP) နောင်နှစ်ပေါင်း ငါးနှစ်မျှ ကြာလျှင်ဆိုပြီး တက်ဂ်ထားပါသည်။ လာမည့်သက္ကရာဇ်အတွက်ပင် မည်သို့မည်ပုံ ကူးခတ်ရမည်ကို ရင်မောနေရပါသည်။ သို့သော် စိတ်ကူးတွေတော့ရှိပါသည်။ အဘယ်စီးပွားရေးလုပ်မည်၊ အိမ်သူသက်ထား ထိပ်ထားကလျာ ရုပ်ပုံလွှာကား မည်သို့မည်ပုံ စသဖြင့် စသဖြင့် စိတ်ကူးရှိပါသည်။

နောင်ငါးနှစ်ကြာလျှင် မည်သို့ဖြစ်မည် မသိသော်လည်း ကျနော်ပြန်လျှင် လုပ်ချင်သော စီးပွားရေးမှာ- တစ်။ ဒီနိုင်ငံက ရှော့ပင်းမောကြီးတွေမှာ ဖွင့်သော SWEET TALK ကဲ့သို့ အအေးဆိုင်မျိုး မြန်မာပြည်တွင် ဖွင့်ချင်ပါသည်။ အစပိုင်းတွင် ကိုယ်တိုင် ဦးစီးလုပ်ကိုင်၍ နောက်ပိုင်း ၀န်ထမ်းများငှားရမ်းကာ ကွပ်ကဲနိုင်သော လုပ်ငန်းမျိုးဖြစ်သောကြောင့် ဒိန်ခဲကြိုက်သော ကျွန်ုပ်အတွက် သင့်တော်သော လုပ်ငန်းမျိုးဖြစ်သည်ဟု ထင်မြင်မိပါသည်။

နံပါတ်နှစ်လုပ်ငန်းမှာ old chang kee ကဲ့သို့သော အဆာပြေမုန့်များ ရောင်းသောဆိုင်ကို မြန်မာပြည်ရှိ ရှော့ပင်းမောများ၌ပင် ဖွင့်ချင်ပါသည်။ အောင်မြင်လျှင် အောင်မြင်သလို လုပ်ငန်းများတိုးချဲ့ကာ လုပ်ကိုင်နိုင်သောကြောင့် သဘောကျ နှစ်ခြိုက်မိပါသည်။ ဟိုးအရင်ကတည်းက စိတ်ကူးထားသော လုပ်ငန်းမှာ ကျွန်ုပ်တ၀မ်း တခါးအတွက် ပူပင်စရာမလိုသော စာအုပ်အငှားဆိုင်လေး တဆိုင်ဖွင့်ချင်ပါသည်။ ထိုအပြင် စာအုပ်ချုပ်လုပ်ငန်း၊ စာအုပ်ရောင်းချခြင်းများပါ တွဲဖက်၍ ကိုယ်ဝါသနာပါရာ လုပ်ကိုင်ရင်း ပျော်ရွင်နေမိမလား စိတ်ကူးယဉ်မိပါသည်။

စိတ်ကူးထဲက ချစ်သူပုံရိပ်
မချောသော်လည်း ချစ်စရာကောင်းရပါမည်။ (သန့်ရှင်းကြည်လင်သော မျက်နှာပိုင်ရှင်မျိုး)

မပိန်မ၀ဘဲ ကျန်းမာရေးကောင်းရပါမယ်။ (သူရော ကိုယ်ရော နှစ်ယောက်လုံး လဲနေလျှင်လည်း မကောင်းပါ)

အိမ်ထောင်မှု ကောင်းမွန်စွာ ထိန်းသိမ်းတတ်ရပါမယ်။ (နှစ်ယောက်လုံး အလုပ်နေကြတဲ့ ခေတ်ထဲမှာ အိမ်တာဝန်တွေ နှစ်ယောက်လုံးထိန်းသိမ်းနိုင်မှ ဧည့်သည်လာတဲ့ အခါ ကြည့်ပျော်ရှုပျော် တိုက်ခန်းလေး မြင်ရမှာပါ)

ခေတ်အမြင်ချင်းညီရန် အသက်တူစေချင်ပါသည်။ အတွေးအခေါ်နီးစပ်စေရန် ပညာအရည်အချင်း တူစေချင်ပါသည်။ အနေအထိုင်နီးစပ်စေရန် ပိုက်ဆံရှိတာ တူစေချင်ပါသည်။ ပါရမီဖြည့်ဖက်ကောင်းဖြစ်စေရန် ဘာသာတူစေချင်ပါသည်။ ဖြစ်နိုင်လျှင် အကြိုက်ချင်းတူစေချင်ပါသည် သို့မှသာ ညှိရတာတွေ နည်းနိုင်ပါမည်။ တယောက်ကိုတယောက် ချစ်ခင်လေးစား၍၊ တယောက်ကတယောက်ကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိစေချင်ပါသည်။ စိတ်ရှည်စေချင်ပါသည်။

အိမ်ထောင်ကျကိန်း ရှိမရှိတော့မသိပါ။ မယူချင်ဘူး ပြောရင်လည်း ယုံချင်မှယုံကြပါလိမ့်မယ်။ လိမ္မာသော ကလေးဖြူဖြူတုတ်တုတ်လေးများတော့ ချစ်တတ်ပါသည်။

ရေတမာ
ဒီဇင်ဘာ09

14 comments:

မေဇင် said...

လိမ္မာသော ကလေး ဖြူဖြူတုတ်တုတ်များကို လမ်းဘေးတွင် ၀ယ်၍ ရနိုင် မရနိုင် မသိပါ...။ မြန်မာပြည်သို့ ပြန်ရောက်လျှင် ၀ယ်စားနိုင်အောင်..ဆိုင်နာမည်လေးများ သိချင်ပါသည်..။ yae chang kee လို့တော့ မဖြစ်တန်ကောင်းရာ..............။

ပုံ့မေ said...

အင်းးးးးး လာစားရချည်သေးရဲ့... ဖွင့်လို့ ငါလာစားရင် အလကားကျွေးမှာလားးးးး အဟီးးးးးးး =D

ချစ်စရာကောင်းပါတယ်ဆိုမှ ချောနေပြီဟာ မဟုတ်ဘူးလား....

စိတ်ကောင်းမနောကောင်း ချစ်ဖွယ် မူရာ ရှိတဲ့ ဖူးစာရှင်နဲ့ တွေ့ ပါစေတော်...

တောင်ပေါ်သား said...

လူက ပိန်ပါးပါးနဲ့ ဖွင့်မဲ့ဟာတွေကြည့်လိုက်တော့ အစားအစာဆိုင်တွေ လိုက်ပါတယ်ပဲ ပြောတော့မယ် အဟေးး ချစ်သူပုံရိပ် ဘယ်တော့မှ မရဘူးမှတ် အဲ့လိုမျိုး ကောင်မလေး ငါတောင်မရဘူး အဟေးဟေးးးး


လေးစားလျက်
တောင်ပေါ်သား

moekhar said...

မေပယ် လေးလား :D
အစားလျှော့စား
အဆီပိတ်မယ်
ကြားလားးးးးးးးးးးးးးးး

ဖိုးသင်္ကြန် said...

အေးကွယ်
မိန်းမရဖို့တော့ မပူပါနဲ့
ကိုယ့်ကို လာလာတောင်းကြတဲ့ ကောင်မလေးတွေထဲက
ညီ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့်နှစ်ယောက်သုံးယောက်လောက် ညီ့ဆီ လမ်းညွှန်လိုက်ပါ့မယ်

:E

Anonymous said...

ဒါနဲ့ မေဘယ်လ်က မော်ဒယ်ဆို

ကောင်းကင်ပြာ said...

လိမ္မာသော ကလေး ဖြူဖြူတုတ်တုတ်များကို လမ်းဘေးတွင် ၀ယ်၍ ရနိုင် မရနိုင် မသိပေမဲ့ ရေတမာ အတွက် အရုပ်တရုပ် ၀ယ်ပေးဖို့တော့ စီးတီးဟောဘက် မှာ တွေ့မိတယ် ထင်တာပဲ၊ သူကြိုက် မကြိုက်တော့ မသိ....

Anonymous said...

လုပ်ငန်းလေးသဘောကျပါသည်။ တီဝါတို့နဲ့ သားတိုနဲ့တူတူ ရှဲရှဲမလားဗျို့..း)

Sein Lyan Tun said...

သန့်ရှင်းကြည်လင်သော ဆိုသော ရေ....


မပိန်မဝ ဆိုတော့ ငှက်ပျောပင်...


အိမ်ထောင်မှု ကောင်းမွန်စွာ ဆိုတော့.. ဘယ်ထောင်လဲ ဆိုတာရွေးပေးမယ်

အသက်တူ အတွေးအခေါ်တူ အလုံး အရပ်တူတဲ့သူ ဆိုရင်တော့ မွေးလာတဲ့မျိုးဆက်အတွက် ရင်လေးစရာပဲ


ဖြူဖြူတုတ်တုတ် ဆိုရင်တော့ ဏီကင်းလိုမျိုးမွေးပေါ့..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အင်း..စိတ်ကူးထဲက ပုံရိပ်ဆိုတော့လဲ ကိုယ်ဖြစ်စေချင်တာလေး.. ရယူချင်တာလေးတွေ ဆိုတော့ အရမ်းကို အားကျ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ စိတ်ကူးထဲက ပုံရိပ်လေးတွေ တကယ် ဖြစ်လာပါစေလို့လဲ ဆန္ဒပြုပါတယ်။

အခုတလော မိန်းမ အကြောင်း တော်တော်ပြောတယ်လို့ ပြောရမှာဘဲ။ စိတ်ကူးထဲက ချစ်သူပုံရိပ် ကတော့ တော်တော်ရှာရမယ်။ ဟန်ဆောင်တတ်သူနဲ့ တွေ့ရင်တော့ အားလုံး အဲဒီပုံရိပ်အတိုင်း တွေ့ရမှာပါ။ ပကတိ အဖြူထည်ဆိုရင်တော့ တော်တော်ရှားပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်လေ စိတ်ကူးထဲကဆိုတော့.. စိတ်ကူးပဲ ရှိသေးတာကိုး။ :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

Beauty Studio USA Branded Store said...

စိတ်ကူးလေးတွေ အကောင်အထည်ပေါ်လာရင်လဲ မမေ့သွားနဲ့ဦးဗျာ။ခင်ဗျားဖွင့်တဲ့ဆိုင်တွေမှာ လာစားရင် အလကားကျွေးရမှာနော်။

မငုံ said...

အဲဆိုင်တွေ လာဖွင့်လို့က အလကားလာစား အဲ လာအားပေးဦးမှာ။ ဖြူဖြူတုတ်တုတ်ကလေးများကို ရွေးချယ်တွေ့နိုင်ပါစေ။

WWKM said...

ထုစရာမောင်းမရှိတဲ့ရေတမာ..
စစချင်း ကိုယ့်အစ်မကို အဲလိုတွယ်ရသလား.း)
ဘာတဲ့မေဘယ်လ်ဆိုလား ရွာသားပြောတာ.:D

စိတ်ကူးလေးတွေကောင်းတယ် ရေတမာရေ.
လုပ်ငန်းတွေ ရှယ်လုပ်ကြမယ်ဟုတ်လား.း)
အစ်မလည်း ဒိန်ခဲအရမ်းကြိုက်ပေါ့.. ရန်ကုန်မှာ
ဒိန်ခဲမလိုင်နေ့တိုင်းလိုလိုသောက်တာလေ..မနည်းထိန်းရတယ် ကိုယ့်ကိုကိုယ်.အရမ်းကြိုက်တာပဲ..

အင်း လူပျိုကြီးလုပ်မယ်ဆိုလို့ပဲ..စံတွေကလည်း များပါ့....
ချစ်မိသွားပြီဆိုရင်တော့လည်း စံတွေကိုသတိရပါဦးမလား..
စောင့်ကြည့်ရဦးမယ် ရေတမာအိပ်မက်ထဲက
နတ်သမီးကို..

MERRY X'MAS TO U.

အစ်မ၀ါ

ရွှေ ယွန်း ဝါ said...

လုပ်ငန်းအောင်မြင်သွားရင် ရှယ်ယာပေးဝင်နော်