Tuesday, December 08, 2009

မုန့်လုံးစက္ကူကပ်


ကပ်လိုက် ခွာလိုက်
ခွာလိုက် ကပ်လိုက်
လျှော့လိုက် တင်းလိုက်
တင်းလိုက် လျှော့လိုက်
ပေးလိုက် ယူလိုက်
ယူလိုက် ပေးလိုက်
ရှုပ်လိုက် ရှင်းလိုက်
ရှင်းလိုက် ရှုပ်လိုက်
ဖြေလိုက် ချည်လိုက်
ချည်လိုက် ဖြေလိုက်
ပြုံးလိုက် မဲ့လိုက်
မဲ့လိုက် ပြုံးလိုက်
ခြောက်လိုက် ချော့လိုက်
ချော့လိုက် ခြောက်လိုက်
ပျော့လိုက် မာလိုက်
မာလိုက် ပျော့လိုက်
သေမလိုနဲ့ ရှင်
ရှင်မလိုနဲ့ သေ
အစွန်းနှစ်ဘက် ပြေးနေသူရဲ့
ဆုံးရင် ပြန်စတဲ့ဇာတ်
မုန့်လုံး စက္ကူကပ်။

မိုးဦးဆွေညိန်း
ရယ်စရာ
အမှတ်(၄၈)နိုဝင်ဘာ

16 comments:

မေလေး said...

ဒေါင် ..
ခေါင်းမူးနေပါဒယ်ဆိုမှ
း((((

တောင်ပေါ်သား said...

တိန် ထပ်ခေါက်တယ်
ခေါင်းစားအောင် လာလုပ်နေတယ်


လေးစားလျက်
တောင်ပေါ်သား

ဆောင်းနှင်းရွက် said...

မုန့်လုံးစက္ကူကပ်ပါလို့
ကြာကလပ်နဲ့ ဆွမ်းတော်တင် ..
ပလ္လင်ပေါ်က မျောက်ကလေး
..... (မသိတော့ဘူးးးး)ကွယ် ..

သုခုမလေဒီ said...

ချစ်လိုက်မုန်းလိုက်
မုန်းလိုက်ချစ်လိုက်
လာလိုက်သွားလိုက်
သွားလိုက်လာလိုက်
(ရှိသေးတယ်ထင်တယ်)..မသိတော့ဘူးးး
ပုံကတော့ တကယ်မူးတယ်း))

ကောင်းကင်ပြာ said...

မုန့်လုံးစက္ကူ ကပ်နေတာနော်...ဟွင်းးး

kiki said...

မုန့်လုံးကို စက္ကူက ကပ်
စက္ကူကို မုန့်လုံးက ကပ် ..
နင့် ကို ငါ က ကပ် ..
ငါ့  ကို နင် က ကပ်..
ဘယ် ကပ်ကပ်
ညာ ကပ် ကပ် .
ဘယ်သူ ကပ် ကပ်
ဘယ်ဝါ ကပ် ကပ်
နောက်ဆုံး တော့ အမြင်ကပ် ...

( သတိထား နေ ..ရာတမေ
တောက်တဲ့ ကြီး လာကပ် နေ မယ် ..း))))))

ဂျပန်ကောင်လေး said...

စားချင်တယ်.. အဲဒီ မုန့်လုံးကို.. ပြောရင်းနဲ့ သရေကျလာပြီ.. ဂလု..

rose of sharon said...

မုန့်လုံးစက္ကူကပ်တဲ့အကြောင်းလေး ဖတ်သွားပါတယ်

ငချမ်းကောင် said...

မန့်မယ်လုပ်လိုက် မမန့်ဘူးလုပ်လိုက်နဲ့ပဲ ပြန်မလိုနဲ့ မပြန် ခုတော့ မပြန်ဘူးလိုနဲ့ ပြန်ပြီ။

မိုးခါး said...

ဂေါက် ....... (သူများတွေက တိန်နဲ့ ဒေါင်ဆိုလို့ ခေါင်းခေါက်တာ ဂေါက်)
အလုပ်နောက်ကျလို့ စိတ်မကြည်ပါဘူးဆို ခေါင်းမူးအောင်လုပ်တယ်
ထပ်ခေါက်တယ်ဟာ
ဂေါက် ဂေါက် ဂေါက် ကဲ မှတ်ပလား
:P

ညီညီ said...

မုန့်လုံးရေပေါ် စားရင်း ခေါင်မူးသွားတယ် ကိုရေတမာ ရယ်.။
မူးမူးလေးလည်ကောင်းပါတယ်.
ကောင်းကောင်းလေးလည်းမူးပါတယ်.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

နန်းညီ said...

နိုင်ငံရေး ကဗျာဟု ယူချင်သော် ရ၏ ..

ဆောင်းနှင်းရွက် said...

မုန့်လုံးစက္ကူကပ်ပါလို့
ကြာကလပ်နဲ့ ဆွမ်းတော်တင် ..
ပလ္လင်ပေါ်က မျောက်ကလေး
..... (မသိတော့ဘူးးးး)ကွယ် ..

ဆင်းတက်လို့ပြေး ဂျာအေး..
ဂျာအေးကို သူ့မေရိုက်လို့ မှောင်မိုက်မှာငို..
ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ..
တွဲလဲနေပါဦး မိုးတောင်ကချုန်း မုန့်လုံး..

မငုံ said...

ဖတ်ပြီး ချာချာလည်သွားတယ်။

မငုံ said...

ဖတ်ပြီး ချာချာလည်သွားတယ်။

Beauty Studio USA Branded Store said...

အော်တာနေတဗ်စ်ကဗျာတစ်ပုဒ်ပဲဗျာ။
ပြန်လှန်အသုံးချတဲ့ ဗျာများနေမှုသရုပ်တစ်ခုပဲဗျာ။ကောင်းတယ်။ ကဗျာဆရာ စိတ်ကူးကို လေးစားတယ်။

Angel Shaper said...

ဖတ်သွားတယ်။ ကောင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ကြိုက်လို့ ကူးယူထားပါတယ်။ ကျေးဇူးတင်ပါတယ်။