Tuesday, November 24, 2009

အချစ်တလင်းမှာ စစ်မခင်းချင်တော့ဘူး

HI 5 မှာ အရမ်းမိုက်တယ် ဆိုတဲ့ မင်းနဲ့
BLOGGER မှာ အတော်ကြာမှ သိခဲ့ရတယ်။

FACEBOOK
မှာ ခလေးလိုလို လုပ်နေလို့
YAHOO MESSENGER မှာ“မရဘူး အမြန်လာ”လို့နောက်တော့
PFINGO မှာ “ဟင့်အင် သွား လူဇိုး”တဲ့။
FRIENDSTER မှာ “ချန်မထားနဲ့”ဆိုတော့
VZO မှာ “ပလီချက်ကို” လို့ပြောတယ်။

ZORPIA
မှာ အမုန်းကြီးထွားတုန်း
WAYN မှာကျ “ပိန်း”လိုက်တာလို့ ပြောပစ်လိုက်တယ်
TWITTER မှာ “ရှင်မလာ”နဲ့ဖြစ်ရော
MY SPACE မှာ ပြိုင်မဟေ့ လို့အားတင်းခဲ့ပေမယ့်
GTALK မှာတော့ အပီပြန်ချော့ခဲ့ရတယ်ဗျာ။

ဒီလိုနဲ့
MSN မှာ သူကျနော့ကို ပြန်ဆက်ပြန်တယ်။
GOOGLE မှာ အတူတူလှဲ ရင်းးးး
YAHOO မှာ ပျော်မြူးခဲ့ကြလေသတည်း။



ရေတမာ
12း27 TUE
24-11-09

25 comments:

moekhar said...

ကုန်ဘီလား
ကုန်ဘီလား

စိုင်းစိုင်းလားရှိုး said...

လုပ်ဟ လုပ်ဟ တတ်လဲ တတ်နိုင်တဲ့ကောင်း)

မြရေလျဉ် said...

Myanmar Chat Online မှာ ငနာတစ်သက်မစွံခိုင်းဘူး လို့ပြောရင်
Meebo ရောက်မှ သမီးအပျိုတစ်ယောက်ထပ်ရှာပေါ့ဟာ
Skype သုံးပေမယ့်
ငမိုက်ငတုံး မဟုတ်ကြောင်းလဲ ရှင်းပြပေါ့..။
ooVoo သုံးနေပေမယ့်
ကိုယ်ငဘူး မဟုတ်ပါဘူးအချစ်ရယ် လို့လဲ ပြောဦး

မငုံ said...

မိုက်တယ်။ :)

kiki said...

ဪ...
ခေတ်လူငယ်တို့ များ Q . Q . Q
နိုင်ကြပါပေတယ် ...

ဘူ .ဘူ .ဘူ . မပိတ်စေနဲ့ ပေါ့ ရာတမေ ရယ် ..

kaungkinpyar said...

အော ဒါတွေ လုပ် လုပ်နေလို့ မောင်ရေတမာ တယောက် မအားးးးတာကိုးး
ခုမှ သိတော့တယ်...:P

ဆောင်းနှင်းရွက် said...

အလုပ် မှာ
အရမ်း အရမ်းကို
အလုပ်တွေ ရှုပ်နေပါတယ် ဆိုတာ ...
ဒါတွေကို ....!

Beauty Studio USA Branded Store said...

ကြိုက်တယ်ဗျာ။

မိုးစက်အိမ် said...

ဆိုက်တွေလည်း ကုန်ပြီ :)

သမီးပျို said...

hotmailမှာ ရော အလှပဂေးနဲ့ စာတွေပို့လို့ အေးဆေးဖြစ်မသွားဘူးလား
firefox ကိုသုံးပြီး မဟားဒရား ကြောက်အောင်လုပ်မနေနဲ့ဦးနော် တော်ကြာ
pfingo မှာတွေ့ရင် ဟင့်အင်းသွား လူဇိုး အပြောထပ်ခံနေရဦးမယ် သိလား
myspace မှာကွာစေ့လေးစားပြီး အေးဆေးထိုင်စောင့်နော်
ံhi 5 မှာအရမ်းမိုက်တဲ့ မဒီလေးက
facebook မှာ ကလေးတစ်ယောက်လိုပေါ်လာမှာပါ


ခင်တဲ့
သမီးပျို

ညီညီ said...

လုပ်တတ်ပါပေ့ဗျာ။

ခင်တဲ့

ညီညီ

စည်သူ said...

အင်း..

လုပ်ပြန်ပေါ့

ပြောတော့မှပဲ အကုနသိတော့တယ်..
ညီရေ.. အဲဒါတွေ ဘယ်လိုသုံးရတုန်း.. လုပ်ပါအုံးဟ ..ခိခိခိ.း)

ခင်မင်စွာဖြင့်
စည်သူ။

မြစ်ကျိုးအင်း said...

တရုတ်ပြည်ဘက်မှာ Q Q ဘာလဲမသိဘူး ရှိသေးတယ်

တတ်လည်းတတ်နိင်တဲ့သူပဲ တော်တော် ခြေရှည်မယ့် ပုံပဲး)

နေစိုးနိုင် said...

လုပ်လိုက်ဟ

နေစိုးနိုင် said...

ငါ့ညီ ..
မပူနဲ့ ..
မင်း စာမေးပွဲကျတော့မယ်

သီဟသစ် said...

အဲလို အစွမ်းကုန် ကြိုးစားပါသော်လည်း
ရေတမာမှာ လူပျိုကြီးဘ၀ မှ မတက်ချေ..

တရားရစရာပါလားကွယ်

:)

ကိုလူထွေး said...

လူရွှင်တော် ရေတမာ...း)


အငြိမ့်ကြည့်နေရသလိုပဲ...

းဝ)

လင်းကြယ်ဖြူ said...

င်္ဒီတော့လည်း
C-Box မှာ အတည်ရောက်ကြောင်းအော်ခဲ့ပြီး
Publish Your Comment ဆိုတော့ အမှတ်တစ် မယူပါ
ရွှန်းပြန့် ....အောင် ..အော်ခဲ့ပါရစေ
ပျော်ပါစေ ဘော်ဒါရေ လို့ ...
ခုတော့
Sign Out လို့ လိုင်းဖျောက် ..ပြီး
နားပါတော့မယ်...

leomark said...

ဟ ... လုပ်ချလိုက်ပြန်ပြီ .. အင်းငါ့ကောင် တော်တော် ခြေရှည်တာပဲကို ကွ။း)

Waing said...

;)

နွေးနေခြည် said...

မိုက်တယ် ခိုက်တယ်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အချစ်တလင်းမှာ စစ်မခင်းချင်ပါနဲ့ဗျာ... Chatting မှာ အချစ်စစ်ခင်းပါ။ သူလဲ အိပ်ရေးပျက် လက်ညောင်း..ကိုယ်လဲ အိပ်ရေးပျက် လက်ညောင်း... :) :)


ခင်မင်စွာဖြင့်
ကိုမျိုး

rose of sharon said...

တော်လိုက်တာ... ပေါက်ပေါက်ရှာရှာ စပ်တတ်တယ်

ကြယ်ပြာ said...

ရေးတာလဲဖတ်လို့ကောင်းပါ ... ကွန်မန့်ပြန်ရေးတာတွေကလဲ မိုက်ပါ ...း) ဒီသူငယ် အတော် နှံ့နှံ့စပ်စပ်ရှိတယ် ... ကြီးပွားဦးမယ် ... (ဟိ ... ခုထိမစွံသေးတာတော့ဘာလို့တုန်းမသိဘူးရယ်) ...

Angel Shaper said...

ကိုနိုင်ရေ.. ဒီကောင် အဲလို ပွေလီနေလို့ စာမေးပွဲ ခဏခဏ ကျတာဗျိုးးးးးးးးး နင့်အိမ်နဲ့ တိုင်မယ်။