Thursday, November 19, 2009

ပြင်ဆင်ဖတ်ရှုပါရန်

လွန်ခဲ့သော ၈ နှစ်ခန့်က
ရေးသားထုတ်ဝေခဲ့သော

တက္ကသိုလ်ကျောင်းတော် စာအုပ်တွင်
စာမျက်နှာ ၁၅၀၀ ရှိ

“မင်းကို အရမ်းချစ်တာပဲ” အစား
“မိတ်ဆွေအဖြစ် သတ်မှတ်ပေးပါ”

“မင်းအသံကို မကြားရရင် မနေနိုင်ဘူး”အစား
“အကူအညီလိုတဲ့အခါ ပြောပါ”

“မင်းမျက်နှာကို မမြင်ရရင် သေသွားလိမ့်မယ်”အစား
“လမ်းမှာတွေ့ရင် မမြင်ချင်ယောင်ဆောင်လို့ ရပါတယ်”

“ဘယ်တော့မှ မခွဲဘူးနော်”အစား
“ဖိတ်စာ ပို့ချင်မှ ပို့ပါ”

ချစ်သူ” အစား
သူငယ်ချင်း” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။


ရေတမာ
၅း၂၈ am
THU 19-11-09

(မှတ်ချက်။ ။ ဆရာဦးမင်းလူ၏ တာဝန်မှ ရပ်စဲခြင်း ဆိုတဲ့ ကဗျာလေးကို သတိရလို့ ဒီကဗျာလေး ဖြစ်ပေါ်လာတာပါ။ ပုံစံတူများ ရှိခဲ့သော် ကျနော်၏ စာဖတ်လေ့လာအား ညံဖျင်းမှုဖြစ်ပါသည်။)

image: credit to :http://www.naysoenaing.com/2008/12/blog-post.html

17 comments:

စိုင်းလောဝ်ပိန်း said...

:)
သဘောကျကြောင်း

kiki said...

အန်....
၈ နှစ်ကျော်ကြာမှ ပြင်ဆင် ရသတဲ့လား ။
ခုခေတ်ဆို သိပ်မြန်တာ .
ဒုံးပျံခေတ်တောင်ဟုတ်တော့ဘူး ။
အင်တာနက် ခေတ်လေ ..
ဟော တမျိုး ။ ဟော တယောက် နဲ့ ။။း)

နောက် ဘယ်နှစ် နှစ်ကြာရင် တခါ ပြင်ဦးမှာလည်း။။
:)) road map ကြီး အားကျလို့  .. ခုထိ ပြီးသေးဘူး ...သူငယ်ချင်းရေ ...

မိုးခါး said...

မမကိကိပြောမှပဲ .. :D
အပြောင်းအလဲမြန်တယ်ပြောလို့ မရဘူးပေါ့နော် .. ကောင်းလေစွ :D
ကဗျာကတော့ ဟုတ်ပါပီ
လက်တွေ့မှာရော .. ဟောတယောက် ဟောတယောက်လား (နင့်ကို ကျော်ကျော်တက်ကုန်တာပြောပါတယ် .. အဟီး .. စိတ်ဆိုးနဲ့နော် .. အမှန်ပြောရင် စိတ်ဆိုးတတ်ကြလို့ ..) :P

Anonymous said...

သဘောတွေ့သွားပါတယ်ဗျ

leomark said...
This comment has been removed by the author.
leomark said...

သီချင်းလေးက ကောင်းတယ်နော်.. ကိုရေတမာ အကြိုက်နဲ့ တူတယ်။ ကြေကွဲနေရှာတယ်..တနားပါတယ်။ ဟီး
သယ်ရင်းက ချစ်သူဖြစ်ချင် ဖြစ်နိုင်ပေမဲ့
ချစ်သူက နေ သယ်ရင်းဖြစ်ဖို့ လွယ်ဘူးနော်..
ထင်တာပြောတာပါ။
ပြောချင်ရာ ပြောပြီးလို့ ပြန်ပြီ။။း)

ပိုးဟပ်လေး said...

ဟုတ်ကဲ့.......ပြင်ပြီးဖတ်လိုက်ပါ့မယ်၊ ဒါပေမဲ့ မူရင်းစာတောင် မဖတ်ရသေးဘူး ဟီးဟီး ကြုံမှပဲ ရာတမေ ဆီကနေ ငှားဖတ်တော့မယ် :P

flowerpoem said...

ကဗျာကောင်းတယ် ကြိုက်တယ်..

kaungkinpyar said...
This comment has been removed by a blog administrator.
ကောင်းကင်ပြာ said...

ပြင်ဆင်ပြီး ဖတ်ပါဆိုလို့ အလှသွားပြင်နေတာ ခုမှ ပဲ ရောက်တယ်၊ ဖတ်သွားပါတယ်...

Mogok Thar said...

ပြင်ဆင်ဖတ်ရှုတော့
ရှုဖတ်ကာ ဆင်ပြင်ရတာပေါ့

Beauty Studio USA Branded Store said...

ကဗျာလေးဖတ်ရင်းမှ ကိုရေတမာ အတွေးလေးကို သဘောကျမိတယ်ဗျာ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

လွန်ခဲ့တဲ့ ၈ နှစ်ခန့်က စာလေးကို ပြင်ဆင်ဖတ်ရှု့ပြီးပါကြောင်း။ :)

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

မေဇင် said...

ဟွန်း.... 8 နှစ်အတွင်း မှာ ... ဟို က ကလေး 8 ရောက်လောက် ရရောပေါ့....နင် က ခုမှ ပြင်ခိုင်းနေတယ်... အံ့ပါ့...

စိုင်းစိုင်းလားရှိုး said...

ပြင်ဆင် ဖတ်ရှု သွားပါကြောင်း။ လွန်ခဲ့တဲ့ ရှစ်နှစ်ကဆိုတော့ တွေးစရာပေါ်လာပြီ ? တွေးလိုက်ဦးမယ်။

မငုံ said...

ပြင်ဆင် ဖတ်ရူ့သွားပါတယ် :)

လင်းဒီပ said...

ကောင်းတယ်ညီလေးရေ...မိုက်တယ်...
...ဘာလိုလိုပါ အချစ်ရယ်
ဘာလိုလို လာပြောကွယ် ဆိုတာမျိုး...