Monday, June 22, 2009

ဘလုဒိသာ

ပြန်လာဖို့ တကြော်ကြော်ခေါ်နေတဲ့ မငုံ...
မကိ ရဲ့ စကားလုံးများ...
နာမည် လာအော်နေတဲ့ leo
သူငယ်ချင်းအသစ် khaing
အရမ်းကောင်းတယ်လို့ ပြောတဲ့ ANGEL SHAPER
သဘောကျသွားတဲ့ လင်းကြယ်ဖြူ
ခင်ရတဲ့ မိုးစက်အိမ်
ဘော်ဘော်ကြီး တုနန်
ပျောက်သောသူကို ရှာတွေ့သွားတဲ့ ဒွေး...အဲ မှားလို့ ကိုသားကြီး :P
မာယာတွေကင်းတဲ့ နှင်း
ကျနော်လေးစားတဲ့ ကိုဖိုးချမ်း
သူငယ်ချင်းအသစ် မအနမ်း.....တို့ကို ပြောမပြတတ်လောက်အောင် ကျေးဇူးတင်ပါတယ်...
ကျနော်မရှိတုန်း လာလည်ကြတဲ့ ..ကွန့်မန့်ပေးတဲ့သူ..အော်သွားကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်..
တကယ်ပါ ကျနော်မှာ မရှိတဲ့ ရည်စားထက်ကို ဒီဘလော့လေးကို လွမ်းမိပါတယ်...
ဘာတွေများအော်ကြမလဲလို့ လွမ်းမိပါတယ်......
အိုကေ မုန့်တွေမပါဘူးလားလို့ အော်နေတဲ့ တုနန်နဲ့ မငုံရေ ဘယ်မေ့မှာလဲဗျာ........
ကျွေးချင်တာကတော့...........မျက်ကွင်းညှိသွားတဲ့မုန့်...ခြေထောက်ကို ဘီးရာကြီးထင်သွားတဲ့မုန့်...ခေါင်းကို အာလူးသီးသွားတဲ့မုန့်...မုန့်အရင်းနှီးဆုံးသူစိမ်းတွေ.....အသက်ထက်အမျှအရေးကြီးတဲ့မုန့်......ရဲဖမ်းမယ့်မုန့်.....ရွှေးလို့မရတဲ့မုန့်.. မုန့်အမျိုးသမီးသုံးပစ္စည်း...ပြေးပေါက်မှားမယ့်မုန့် တွေကျွေးချင်ပါတယ်...
ပြတ်တုန်းလက်တုန်း ၂၃ ဖြစ်နေတော့ ရှိတဲ့ ပုဆိုးလေးပေါင်ပြီး စားစေချင်လို့ စီမံထားပါတယ်......
စားကြပါ....အားမနာလို့ စားကြပါ...ကိုယ့်အိမ်မဟုတ်လို့ စားကြပါ.......
ဟဲဟဲ တိတ်တိတ်လေးလာတဲ့ သူငယ်ချင်းတွေလည်း စားသွားကြပါဦး
အနော်ဟာတွေဟုတ်ဘူး fwd mail ထဲက..ဟားဟား (သတိ ကျွတ်ကျွတ်အိတ် ယူဆောင်လာခြင်းသည်းခံပါ)





P.S မျက်ကွင်းညှိသွားတဲ့မုန့်... ထိုးမုန့်
ခြေထောက်ကိုဘီးရာကြီးထင်သွားတဲ့မုန့်...ကြိတ်မုန့်
ခေါင်းကိုအာလူးသီးသွားတဲ့မုန့်...ခေါက်မုန့်
မုန့်အရင်းနှီးဆုံးသူစိမ်းတွေ.....မုန့်လင်မယား
အသက်ထက်အမျှအရေးကြီးတဲ့မုန့်......ရေမုန့်
ရဲဖမ်းမယ့်မုန့်.....ဘိန်းမုန့်
ရွှေးလို့မရတဲ့မုန့်.. မရွေုးမုန့်
မုန့်အမျိုးသမီးသုံးပစ္စည်း...မုန့်လက်ကောက်
ပြေးပေါက်မှားမယ့်မုန့်...မုန့်ပျားသလက်
(ဘလော့ပေါ်မှာ ကျွေးတာမို့လို့ စတုဒိသာ မခေါ်ဘဲ ဘလုဒိသာလို့ နာမည်ပေးလိုက်တယ်
ဒါမှမဟုတ် ဂလုဒိသာ လို့ပေးရင်ကောင်းမလား ဟားဟားဟား)

ပျော်ရွင်ပါစေ
ရေတမာ

10 comments:

တလနွန် said...

ဟားဟား နံပါတ် ဝမ်းကွ။ ဘလုဒိသာကို အဝစားပြီး။ စကားမစပ် ကြွပ်ကြွပ်အိတ် တစ်လုံးလောက်။ :)
မုန့် တွေ နံမည်ပေးထားတာ သဘောကျသွားတယ် အဟတ်။။။။

ခင်မင်ခြင်းနှင့်

ဝက်ဝံလေး said...

ဟိုက်ရော လာတာ မုန့်တွေနဲ့တိုးနေပါလား ဟေ သွားရည်ကျသွားပါကြောင်းးးးးး


လာလည်ပါတယ်နော် ကျေးဇူးးးနော် လာတာ နောက်လဲ လာပါဦးမယ်နော်

ဘိုင်

သားကြီး said...

ရဲဖမ်းမယ့်မုန့်ရယ်
ဘိန်းမုန့်ရယ်
ပြေးပေါက်မှားမယ့်မုန့်ရယ်ကိုတမင်ရွေးပြီးစား
သွားပါတယ်
ကျွတ်ကျွတ်အိတ် မဟုတ်ဘူးညီရ
ဂလုဒိသာဆိုတော့ အကုန်မမယ်ဆိုပြီး ဂုန်နီအိတ်ကြီးယူလာတာ ဟားဟား :P

kiki said...

မြင်သာ မြင်ရ မစားရ ၍
တောက ပြိတ္တာ ဖြစ်မည် တည်း။

ဂလု ဂလု နဲ့  နှစ်ဘု ထွက်သွားပါသည် ။
ခင်တဲ့ 
မကိ

khin oo may said...

အားလုံးကြိုက်တယ်။

ကိုလူထွေး said...

ဂလု... ဂလု.... ဂလု.... ဂလု.....

ဂလု...... ဂလု....... ဂလု....... ဂလု.......

ဂလု........ ဂလု......... ဂလု......... ဂလု...........

ဂလု

မငုံ said...

:) မုန့်တွေ အများကြီးပဲ။ သွားရည်ကျလို့ ကောင်းလိုက်မဲ့အမျိုး။ ဒါပေမဲ့ ငေးပဲငေးလို့ ရတယ်။ မကျေနပ်ဘူး။:D
မုန့်နာမည်ကို မဖတ်ခင်က ဘာမုန့်တွေပါလိမ့်လို့ တွေးနေတာ.ကောင်းလိုက်တဲ့ မုန့်နာမည်ဖွက်တာ။

mysterysnow said...

ဖိတ်တဲ့သူက တကူးတက လာဖိတ်တော့လဲ
အားမနာစတမ်း လာစားတယ်နော်....
အိမ်ရှင်အိပ်နေတုန်းမှာ အကြော်တွေ ဘမ်းလိုက်မသွားပါတယ်...
ကျွတ်ကျွတ်အိတ်မပါလို့ပါ...
လက်ဖက်ကတော့ ဆေးဆိုးတွေဟုတ်မဟုတ်သိချင်လို့
အကုန်စားခဲ့တယ်သိလား...
ရန်ကုန်မှာဝယ်လို့မရတော့ဘူးကြားတယ်..

မနှင်း

may16 said...

တကယ်မစားရဘဲနဲ့ အရူးလုပ်တယ်ဗျို့ :P

Anonymous said...

ဘလုဒီသာရော ဂလုဒီသာရော .. အကုန်စားသွားတယ် ... ကောင်းလိုက်တာ ... မစားရတာကြာလို့လား မသိ ... :D
နေဒေးသစ်။