Saturday, June 06, 2009

Memory အဟောင်းများ

၂၀၀၈ ဒီဇင်ဘာလ ၁၉ ရက် ဒေသစံတော်ချိန် ၁၁နာရီ ၅ မိနစ်အချိန်တွင် ဂျီတော့ ပင်လယ်ပြင်အတွင်းလေဖိအားနည်း ရပ်ဝန်းများဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းသူငယ်ချင်းအမည်ရ မုန်တိုင်းသည် မျက်စိ၊လက်ချောင်းဒေသများကို ဖြတ်၍ နှလုံးသားအလယ်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပါသည်။ ထိုသို့တိုက်ခတ်စဉ် မြေပြင်၊လေပြင် Broadband ပြင်သည် တစ်နာရီ (<3 )မိုင်နှုန်းဖြင့်တိုက်ခတ်ခဲ့ပါသည်။ ၂၈ နာရီအတွင်း hi ,asl pls,သူအကြောင်း၊ ကိုယ့်အကြောင်းများ နေရာကွက်ကြား ထစ်ချုန်းရွာခဲ့ပါသည်။

မုန်တိုင်းကာလအတွင်း တိုင်းတာချက်များအရ သံယောဇဉ်မြစ်ရေအနေဖြင့် မေတ္တာမြို့နှင့် သမုဒယမြို့များတွင် ၇၀ နာရီ အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိခ့ပါသည်။ ထိုအတောအတွင်း ဒေါသရေယာဉ်များ၊ သံသယ ရေယာဉ်များနှင့် အမုန်း ရေယာဉ်များ သင့်တော်ရာဆိပ်ကမ်းများတွင် ကျောက်ချရပ်နားထားရန်၊ ပျော်ရွှင်မှု၊ ကြည်နှုးမှုရေယာဉ်များ နံက် ၁၀နာရီမှ ညနေ ၁နာရီ အတွင်းသာ သွားလာရန် သတိပေးတားမြစ်ခဲ့ပါသည်။

ဒီဇင်ဘာနှင့် ဇန်န၀ါရီလလယ်အထိ သံယောဇဉ်မုတ်သုန်လေ အားကောင်းခဲ့၍ ဇန်န၀ါရီလလယ်တွင် ဒေါသလှိုင်းလုံးများ ကြီးထွားခဲ့ပြီး မျက်ရည်မိုးများ နားလည်မှုလွဲခဲ့ကြပါသည်။ ကျန်လများတွင် တိမ်ကင်းစင်၍ ရာသီဥတု သာယာခဲ့ပါသည်။ သင်္ကြန်အပြီး ဘိဂျလိမုန်တိုင်းနှင့်အတူ ဒေါသမုန်တိုင်းသည် နှလုံးသား ကျွန်းပေါ်ဒေသသို့ တိုက်ခတ်ခဲ့ပါသည်။ မုန်တိုင်း တိုက်စဉ် ဖုန်းလိုင်းများဖြတ်တောက်ခြင်း၊ block ခြင်း ၊ invisible လုပ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ စိတ်ဆိုးမပြေမခြင်း သည်းခံ၍စောင့်ဆိုင်းပါရန်။

တစ်ပြည်လုံးအတိုင်းအတာ အနေဖြင့် သာယာသယောင်ရှိပေမယ့် LA မြို့နှင့်အနီးတ၀ိုက်အတွက် ခန့်မှန်းချက်ကတော့ စာမေးပွဲများ၊ သူ့အလုပ်နှင့်သူ ရှုပ်နေမှာဖြစ်ပြီး၊ စလုံးအနီးတ၀ိုက်တွင် အလွမ်းမိုးများ ထစ်ချုန်းရွာပါမည်။ နောက်ရက်များ အတွက်ခန့်မှန်းချက်ကတော့ နှမ်းထွက်ကိုက်မည့်ကိန်း မရှိသေးပါကြောင်း အသိပေးကြေညာအပ်ပါသည်။

(p.s သတိရလို့ပြန်တင်ကြည့်တာပါ)
အားလုံးပျော်ရွင်ပါစေ
ရေတမာ

5 comments:

နေစိုးနိုင် said...

ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဒီလေသံက နည်းနည်း စမ်း တယ်နော်
ဘူး.....တဲ့

လေတိုက်နေတာနော်
ရာသီဥတုမကောင်းလို့

ညီ said...

ရော်............

Anonymous said...

disculpas por mi ausencia
no voy a dejar solos

မငုံ said...

အမယ်..အညာကတမာ.ကောင်းတယ်ဗျာ။ရေးသားပုံလေး။ စလုံးအနီးတ၀ိုက်မှာ အလွမ်းမိုးတွေ ထစ်ချုန်းရွာမည် ဆိုပါလား။
ပျော်ရွှင်ပါစေဗျာ။

Anonymous said...

အော် ရေးတတ်လိုက်တာနော်။ လေဖိအားနည်း မကတော့ဘူး မောင်လေးရယ်။