Sunday, June 14, 2009

ကျနော်ဖတ်ဖို့

ဘာကိုတန်ဖိုးထားရမလဲ

what people really need is not wealth.
လူမှာ တကယ် လိုအပ်တာက ပစ္စည်းဥစ္စာမဟုတ်ဘူး။
“မရှိရင်ကောင်းတယ်”လို့ ပြောတာမဟုတ်ဘူးနော်။ရှိတော့ရှိရမယ်။ ဒါပေမယ့် really need လို့သုံးထားတယ်နော်။ Really need ဆိုတာ တကယ်လိုအပ်တာကို ပြောတာ။

what people really need is not wealth, comfort or esteem but values worth living.
လူတွေမှာ တကယ်လိုအပ်တာက ပစ္စည်းဥစ္စာ wealth လည်းမဟုတ်ဘူး၊ စည်းစိမ်ရှိရှိနေဖို့ comfort လည်းမဟုတ်ဘူး။ esteem ဆိုတဲ့ သူများ ကိုယ့်ကို အထင်ကြီးဖို့လည်း မဟုတ်ဘူးတဲ့။ တကယ်လိုအပ်တာက ဂုဏ်လည်းမဟုတ်ဘူး၊ တန်ဖိုးထားပြီး နေသွားရမယ့် တန်ဖိုးထားစရာ ဖြစ်နေတယ်။ တန်ဖိုးထားစရာဆိုတာ ဥပမာ -စိတ်ငြိမ်းချမ်းတာ၊ အသိဥာဏ်နက်နဲတာ၊ ကိုယ်ကျင့်သီလရှိတာမျိုးကို ဆိုလိုတယ်။

He who cannot find a value worth living is apt to fall prey to boredom.
boredom ဆိုတာ ပျင်းနေတာ။ အလုပ် မလုပ်တာကို ပြောတာမဟုတ်ဘူးနော်။ အလုပ်ကို လုပ်နေပေမယ့်လည်း ဒီအလုပ်ကို သိပ်စိတ်မ၀င်စားဘူး။ အလုပ်ကို စိတ်မ၀င်စားဘဲနဲ့ လုပ်နေတဲ့သူတွေ အများကြီးရှိတယ်။ ဒီအလုပ်ထဲမှာ စိတ်ဝင်စားမှုနဲတယ်။ ကျေနပ်မှုလည်း သိပ်မရဘူး။ သူ့စိတ်ထဲမှာ ပြင်းပြတဲ့ စိတ်အားထက်သန်မှု Motivation မရှိဘူး။

Lack of direction, ဆိုတာဦးတည်ချက်မရှိဘူး ဖြစ်နေတယ်။ တစ်နေ့လာ နံနက်အိပ်ရာထ၊ စား ၊သောက် ၊အလုပ် ဌာနကိုသွား၊ တစ်နေကုန် အလုပ်လုပ်၊(မလုပ်လို့လည်း မဖြစ်ဘူးနော်၊ ပိုက်ဆံလိုချင်တာကိုး) အလုပ်လုပ်ပြီးတော့ အိမ်ပြန်လာ၊ စားသောက်၊ ပြီးတော့အိပ်။ ဒါဟာ routine လုပ်ရိုးလုပ်စဉ် ဖြစ်နေတာပဲ။ ဒီroutine ဖြစ်နေတာ ကြာလာတဲ့အခါမှာ လူဟာစက်ရုပ်ကြီး ဖြစ်ပြီးတော့ သိပ်မပျော်တော့ဘူး။

boredom is paralysis of the will.
ဒီလို ပျင်းတယ်ဆိုတာဟာ သူ့ရဲ့ ပြင်းပြတဲ့ဆန္ဒကို လေဖြတ်ခံရသလို ဖြစ်သွားတယ်။ လူဟာ လေဖြတ်သွားရင် ခြေမသန် လက်မသန် ဖြစ်သွားသလို အဲဒီ boredom ဆိုတာ ဖြစ်လာလို့ရှိရင် ပြင်းပြတဲ့ဆန္ဒ သူ့မှာမရှိတော့ဘူး။ ဘာမှလုပ်ချင်ကိုင်ချင်တဲ့စိတ် မရှိတော့ဘူး။ လုပ်နေကျမို့သာ လုပ်နေရတာ၊ စိတ်ဝင်စားမှု မရှိတော့ဘူး။
a failure of the appetite,တောင်တမှု မရှိတော့ဘူး။
total disenchantment,လုံးဝ ကြည်လင်မှု၊ ရွှင်လန်းမှု၊ စိတ်ဝင်စားမှု မရှိတော့ဘူး။

ဘ၀ကို အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ် နေချင်တယ်ဆိုရင် သက်သက်သာသာ မနေပါနဲ့။ ကြိုးစားပါ။ အရည်အချင်း ကိုများများထုတ်ပါ။ မလုပ်ဘူးသေးတဲ့ အလုပ်တွေကို ပိုပို ပိုပိုပြီးလုပ်ရမယ်။ စားဝတ်နေရေး၊ဘာသာရေး၊တိုင်းရေး ပြည်ရေး၊ လူမူရေးနဲ့ပတ်သက်ပြီး အကုန်လုံးလုပ်ရမှာတွေပဲနော်။

ဆရာတော်ဦးဇောတိက ရဲ့ “လမ်းပျောက်ရာမှလမ်းမှန်ပေါ်ရောက်လာသူ” မှကြိုက်နှစ်သက်တဲ့ စကားစုလေးတွေပါ။
လေးစားလျက်

1 comment:

နေစိုးနိုင် said...

ခုလို မျှဝေ ပေးတာ ကျေးဇူးပါကွာ