Saturday, June 27, 2009

အပယ်ခံ

ကျနော်ကအပယ်ခံပါ။ အပယ်ခံဆိုတာအစွန်ပစ်ခံရတာကို ပြောတာမဟုတ်ပါဘူး။ ကျနော်ကို စွန့်ပစ်လိုက်ရင်လည်းကောင်းသား။ အခုတော့ အဲဒီလို ပြတ်ပြတ်သားသားစွန့်ပစ်လိုက်တာလည်းမဟုတ်ဘဲနဲ့ အသုံးမ၀င်သလို ပစ်ပယ်ထားတာခံရတယ်။
လူတွေကတော်တော်နားလည်းရခက်တယ်ဗျာ။ သူတို့တွေ မရေးတတ်၊ မဖတ်တတ်ခင်ကတော့ ကျနော်ကိုသူများနည်းတူ စိတ်ဝင်စားခြင်းခံရပါတယ်ဗျာ။ အဲ..အတန်းတွေကြီးလာလေ ကျနော်ကိုမေ့လာလေပဲ။ အဲ...ပညာတတ်ကြီးဆိုပြီး တက္ကသိုလ်တွေ၊ ကောလိပ်တွေကဘွဲ့ထူး ဂုဏ်ထူးတွေရတဲ့အရွယ်ဆိုရင်တော့ ကျနော်ကိုလုံးဝကိုပစ်ပယ်လိုက်ကြတော့တာပဲ။
တကယ်လို့ကျနော်ဟာ လူတွေအတွက် အသုံးမ၀င်တာမှန်တယ်ဆိုရင် စောစောထဲက လုံဝဖျောက်ဖျက်ပစ်လိုက်ဗျာ။ အေးတာပဲ။ မဟုတ်ဘူးလား၊ အခုတော့ဗျာ ကျနော်ကိုသူများနည်းတူ အခွင့်အရေး မရတာမကျေနပ်ဘူး၊
ကျနော်ကတော့ရှင်းတယ် အသုံးဝင်ရင်သုံး၊ အသုံးမ၀င်ဘူးဆိုရင်လည်း စောစောစီးစီ ဖျောက်ဖျက်ပစ်လိုက်ဗျာ။ နှစ်ဖက်စလုံးအတွက်ကောင်းပါတယ်။ ကျနော်ကိုအဓိပ္ပါယ်ရှိအောင် အသုံးပြုနိုင်တဲ့ လူမတွေ့သေးပါဘူးဗျာ။ ဒါနဲ့များသူတို့ကိုသူတို့ ပညာတတ်ကြီးတွေဆိုပြီး ခေါင်းထောင်နေကြတယ်ဗျာ။ မြင်ပြင်းကပ်တယ်။ ရှိထားတာ၊ သိထားတာကိုအသုံးဝင်အောင်မသုံးတတ်တဲ့လူကိုများ ကျနော်တော့ ပညာရှိလို့ ထင်ပေါင်ဗျာ။
ဘာလုပ်မှာလဲဗျာ အသုံးမ၀င်ပဲ မှတ်ထားတာအလကားနေရင်းဦးနှောက်အလုပ်ရှုပ် တာပဲရှိတယ်။ ရယ်ချင်တယ်ဗျာ သူတို့တွေ ငယ်ငယ်ကဆိုရင်ကျနော်နံမည်ကိုလည်း အများနည်းတူ ရေးဆွဲခြင်း ခံရတယ်ဗျာ။ သူတို့မိဘတွေကလည်းတပြုံးပြုံးနဲ့ ကလေးတွေကလည်း ပျော်နေကြတာပေါ့။ အသက်ကြီးမှ စောစောကပြောတာတွေဖြစ်တော့တာပဲ။ အဲဒီလို စွန့်ပစ်တဲ့ထဲမှာလူကြီးမင်းလည်းပါတယ်ဗျ။ ကျနော်ကို သိသာသိပြီးဘယ်နေရာမှာ သုံးရမှန်းမသိတဲ့ လူတွေ။ လူကြီးမင်းသုံးတတ်ရင်သုံးပြစမ်းပါ။ ဒါမှမဟုတ် လို့မသုံးတတ်ရင်လည်း အလကားနေရင်းမှတ်မထားပါနဲ့ တောင်းပန်ပါတယ်။ တခါထဲ မေ့ပစ်လိုက်ပါ။ အစွန့်ပစ်ခံရတာထက်စာရင်တော်ပါသေးတယ်။
ပြောချင်တာပြောနေတာနဲ့ မေ့နေတာ ကျနော်နာမည်က "ဎ"(ဎ ရင်မှုတ်)ပါ။

(ကိုနိုင့်ပေးစာထဲကပါ။ ကိုနိုင်ကို သတိရလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ကိုနိုင် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေ။)
သတိရခြင်းများစွာဖြင့်
ရေတမာ

11 comments:

သီဟသစ် said...

ကိုရေတမာရေ

အပယ်ခံလေး အကြောင်းဖတ်သွားပြီ။
ရှေးလူကြီးတွေက ထွင်ပဲထွင်ပြီး အများကြီးမှ မသုံးခဲ့ကြတာ ကျွန်တော်တို့က ဘယ်လိုလိုက်သုံးပြရမတုန်း
:)

အမေသီချင်းက နားထောင်လို့မရပါ

ခင်မင်စွာဖြင့်
သီဟသစ်

မိုးခါး said...

သြော် .. ခုမှစဉ်းစားမိတယ် .. ဟုတ်သားနော်

မငုံ said...

သိပ်တော်တာပဲ မငုံသူငယ်ချင်းလို့မပြောရဘူး။ :)) မငုံတောင် မေ့နေမိတယ်။

သားကြီး said...

ဟားဟား ကိုယ့်ညီပြောမှသတိထားမိတယ်ကွ
အဲဒီအက္ခရာ လူသုံးအနည်းဆုံးပဲကို...
ကြံကြံဖန်ဖန် ရေးမှရေးတတ်ပလေတယ် :D

ဝက်ဝံလေး said...

ကိုရေတမာ ဟို ဋ တို့ ဌ တို့ရော အပယ် ခံ ဟုတ်ဘူး လား ခိခိ ပြောကြည့်တာနော် သိဘူးရယ် များက ဟားးဟးးး လာလည်တာ ကျေးဇူးပါနော် တာ့တာ

Anonymous said...

မင်းကတကယ့် အပယ်ခံပဲ။ Why? Why? သြော် "မင်းကို အပယ်ခံပါ"လို့ ပြောတဲ့သူ၊ သနားတဲ့သူတွေတောင် မင်းအကြောင်း ကောင်းကောင်း မသိလို့လေ။ တကယ်တော့ မင့်းနာမည်က 'ဎ' ရေမှုတ် မလား? အင်းလေ။ အဲဒါပဲ ဒီပို့စ်မှာရေးထားတာ ကြည့်ပါလား? ဟုတ်ပါရဲ့ဗျား အဟင့်ရွှတ်... ကျနော်က တကယ့်အပယ်ခံဆိုတာ ယုံကြည်လိုက်ပါပြီ။ (မှတ်ချက် - ရေမှုတ်နှင့် အလားသဏ္ဌာန်တူ၍ "ဎ ရေမှုတ်"ဟု ခေါ်သည်ကို မှတ်သားဖူးပါသည်။) အိုင်ဒီယာကောင်းသည်။ Fact မတိကျတာတစ်ခုလေးပဲ...။ ကဲဗျာ မခံချင်စိတ်နဲ့ မြန်မာအက္ခရာတွေအကြောင်း (သူတို့နာမည်တွေ အပါအဝင်) ပို့စ်ရေးပါလား? အလည်လာတဲ့ လူတိုင်း သိသွားရအောင်။

နှင်းနဲ့မာယာ said...

ဝေး
တော်လိုက်တာနော်...
သဘောကျတယ် အပယ်ခံလေးကို....

Anonymous said...

ကိုရေတမာရေ ...
တကယ်ပါပဲ .. ကျွန်တော်ကိုယ်တိုင်လည်း အဲ့စာလုံးကို မသုံးဖြစ်ပါဘူး .. အကိုပြောပြတော့မှပဲ သေသေချာချာ သတိထားမိတော့တယ်

နေဒေးသစ်။

မေလေး said...

ကိုရေတမာ
ကျေးဇူးပါ။အကိုပြောမှသတိထားမိတော့တယ်။တော်လိုက်တာနော်။

kiki said...

အံမလေး လုပ်ကြပါအုံး မန့် မလို့ ဟာတောင် အဲ ဒီ စာလုံး ဘယ်လို ရိုက် ရ မှန်း မသိလို့  .ဒရေမှုတ် ရေ ..မင်းကိုတော့ အာပကလာ လူတွေ မသုံးတတ်ကြတာ သေချာ သွားပြီ ။
ဎ အဲ .. တွေ့ ပြီ ဟ ..
သူက အပေါ်ဆုံး ပေမဲ့ ဒေါင့် မှာ ကပ်နေတာ ကိုး ။။
အဟင့် ဖျက်ပစ်ရမှာ ကလည်း သမြော စရာ ဗ္ဗည်း ၃၃ လုံးပဲ ရှိတာလေ ။။ နေပါစေ သူ့ ဟာ သူ အေးဆေး လေး ကို ။
အားရင် ဖြုတ်ဖို့  ပဲ စဉ်းစား နေကြတယ် ။။

ဟိဟိ။

နေစိုးနိုင် said...

ကိုဝေ ရေ
ဒီနေ့တော့ ကျော်လို့ ခွလို့ ရလို့ မင်း ဆီအရောက်လာခဲ့တယ်ကွာ


ညီလေး ကျန်းမာပါစေ ..


ကိုနိုင်