''မျက်နှာတောင် မကြည့်ချင်ဘူး'' တဲ့ …
သြော် … မျက်နှာမြင် ချစ်ခင်မိမှာ စိုးလို့လား။
''အသံတောင် မကြားချင်ဘူးတဲ့'' တဲ့ …
သြော် … အသံကြား သနားမိမှာ စိုးလို့လား။
''ဘာမှ လာမပြောပါနဲ့'' တဲ့ …
သြော် … မေးပါများ စကားရ မှာ စိုးလို့လား။
'' ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့ '' တဲ့ …
သြော် … မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား။
'' အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့ '' တဲ့ …
သြော် … ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား။
'' ဘာမှ ပြောစရာမရှိဘူး '' တဲ့ …
သြော်... စကားထဲက ဇာတိပြမှာ စိုးလို့လား။
'' … … ... ... '' တဲ့
သြော် … ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။ ။
မင်းလူ (ဦးမင်းလူကောင်းမှူ)
ဒီဇင်ဘာ မိုး
1 month ago
9 comments:
ရေလိုအေး၍ ပန်းလိုမွှေးပါစေ...တဲ့။
သြော် ... ရာတမေ ရေမချိုးတာ လူတွေ သိနေကြပါလားးးး
ဟိဟိ
ဘွားကီ ရေ တကယ်လား။ :) ရေတမာ အသံကြားသနားပါစေနော့။
'' … … ... ... '' တဲ့
သြော် … ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။ ။
ရာတမေ ရေ အဲဒီနေရာမှာ ဘာလဲသိချင်တယ် :)
''မျက်နှာတောင် မကြည့်ချင်ဘူး''
နေကာမျက်မှန်ကြောင့် မမြင်ရတာပါ။
''အသံတောင် မကြားချင်ဘူးတဲ့''
နားထဲ လေတွေဝင်နေလိုပါ။
''ဘာမှ လာမပြောပါနဲ့''
အတင်းစကားတွေဆိုရင်ပါ။
'' ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့ ''
အဆောင်သရဲကြောင့် လာမဆိုခိုင်းတာပါ။
'' အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့ ''
တို့မှာ ဗျတ္တကိုကိုရှိနေလို့ပါ။
'' ဘာမှ ပြောစရာမရှိဘူး ''
မွေးရာပါ အဘာရာဘာ.......လေ။:P
ပျော်စေလိုသောကြောင့်ပါဗျာ။စော်ကားတယ်လို့ မမှတ်ယူပါနဲ့ဗျာ။တောင်းပန်ပါတယ်။ကျွန်တော်က ဆရာမင်းလူတို့ဆွေတမျိုးလုံးရဲ့ ပရိတ်သတ်ပါ။သူတို့ အားလုံးကို အစဉ်လေးစားလျှက် လေးစားပါ။ကိုရေတမာလဲ ဆရာကို ခရေဇီ ထင်တယ်။အတူတူပေါ့ဗျာ။
ကုန်ပြီ ကိုရေေ၇ သီချင်းတွေ ရော စာသားတွေ
ရော ဆုပေးတာရော... ဖတ်လို.တော.ကောင်းသားဗျ :D
ဆားချက်ပြန်ပြီ ကိုလေးတို့ကတော့။
=)
ဒါပေမယ့် မဖတ်ဖူးတဲ့စာဆိုတော့ အသစ်ပါပဲ။ ဟုတ်တယ်ဟုတ်။
ငါမပြောဘူးလားဟ။
ဟင်...ကြည့်စမ်း နင်ရေမချိုးတာ ဘွားဘွားကိက ထိပ်ဆုံးကနေ အော်သွားပြီ။ ဟိဟိ။။။။
ရေလိုအေးလို့ ပန်းလိုမွှေးပါစေ။။။ တမာရေ.... ဟဟဟားးးးးးးး
ပျော်ရွှင်ပါစေ။
တောင်းတဲ့ဆုနဲ့ပြည့်ပါစေဟေ။။
ဘာဆုများပေးလိုက်ပါလိမ့်နော်... မှန်းကြည့်ရမလား
ဖတ်ဖူးတယ်... သိပ်မမှတ်မိတော့ဘူး....
စကားမစပ် အခု နန္ဒာသိန်းဇံကနေ မင်းလူပြောင်းဖတ်နေပြီလား...
းဝ)
Post a Comment