မေး။ ။ အကျယ်ဝန်းဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ အစာအိမ် ဖြစ်ပါသည် . . .
မေး။ ။ အရှည်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ လျှာ ဖြစ်ပါသည် . . .
မေး။ ။ အဝေးဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ နားရွက် ဖြစ်ပါသည် . . .
မေး။ ။ အခြေခံအကျဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ဖိနပ် ဖြစ်ပါသည် . . .
မေး။ ။ အမှန်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ သမာဓိ ချိန်ခွင် ဖြစ်ပါသည် . . .
မေး။ ။ သစ္စာအရှိဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ မှန် ဖြစ်ပါသည် . . .
မေး။ ။ တန်ဖိုးအကြီးမားဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ချက်လက်မှတ် ဖြစ်ပါသည် . . .
မေး။ ။ အသန့်အရှင်းဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ဆပ်ပြာ ဖြစ်ပါသည် . . .
မေး။ ။ စိတ်အချရဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ မသေချာခြင်း ဖြစ်ပါသည် . . .
မေး။ ။ အလျင်မြန်ဆုံးအရာကား အဘယ်နည်း
ဖြေ။ ။ ရပ်တန့်ခြင်း ဖြစ်ပါသည် . . .
မေး။ ။ လိမ်ညာမှု အများဆုံးနေရာကား အဘယ်နည်း
ဖြေ။ ။ သူမ၏ နှုတ်ခမ်းတစ်စုံ ဖြစ်ပါသည် . . .
မင်းလူ
ဒီဇင်ဘာ မိုး
2 months ago
14 comments:
အိမ်ကမှန်ကသစ္စာမရှိဘူး.... သူ့ကိုကြည့်ပြီးကိုယ့်ကိုကိုယ်ပိန်နေသေးတယ်မှတ်နေတာ သူငယ်ချင်းအိမ်တွေကမှန်တွေမှာ ကိုယ်ဝနေတာတွေ့မှ ကိုယ့်ကိုကိုယ်သိရတာ
အလိမ်တတ်ဆုံး အရာကား ဘယ်ဟာဖြစ်ပါသနည်းးး
နအဖ ဖြစ်ပါသည် ။
အယုတ်ဆုံး အရာကား ဘယ်ဟာဖြစ်ပါသနည်းးး
နအဖ ဖြစ်ပါသည် ။
ဆက်ရေးရဦးမလားးးး ဟဲဟဲ
အ ..အ ဆုံး သူက ဘယ်သူဖြစ်ပါသနည်း ။။
လူအ အိမ်မက် ပိုင်ရှင် ဖြစ်ပါသည် ...( ဟိဟိ ..စိတ်ဆိုးလိုက်..
ဆိုးပါ ဆိုနေ .... ခိခိ )
ပုပ်နေသော အပုပ်ကာ ဘယ်အရာနည်း။
တမာပုပ် ဖြစ်ပါသည်။
တောက်တီးတောက်တဲ့ နိုင်သော အိပ်မက်ကား ဘယ်အရာနည်း။
လူအအိပ်မက် ဖြစ်ပါသည်။
ိဆက်ရေးရင် ရန်ဖြစ်နေရဦးမယ်။
ဒီလောက်ပဲနော်။ ဟိဟိ
ချစ်ခင်၍ စနောက်သွားခြင်းဖြစ်ကြောင်း နားလည်ပါလေ။။။။
မေး။ ။အချိုသာဆုံးသော အရာကား အဘယ်နည်း
ဖြေ။ ။မိတ်ဆွေဟန်ဆောင်သူရဲ့စကားများ...ဖြစ်ပါသည်
မေး။ ။ပျော်ရွှင်မှု အစစ်အမှန်ကိုပေးသောအရာကား အဘယ်နည်း။
ဖြေ။ ။နေတတ်သော သင့်စိတ်သဘောထားဖြစ်ပါသည်...
မေး။ ။ ချစ်ခြင်းမုန်းခြင်း အကင်း ဆုံးအရာသည် အဘယ်နည်း
ဖြေ။ ။သင့်နှလုံးသားကိုမေးကြည့်ပါ ဖြေပါလိမ့်မည်....
*************************************
ကောင်းလိုက်တဲ့ အတွေးလေးတွေ ..လေးစားပါတယ်ခင်ဗျာ..ကိုတမာ ရေ....
ပျော်ပါစေ
သူမနှုတ်ခမ်းတစုံက ဘာလို့ လိမ်ညာရတာလဲ...
းဝ)
မေး။ ။အမူးဆုံးအရာကားအဘယ်နည်း?
ဖြေ။ ။သားကြီးဖြစ်ပါသည်...
မေး။ ။အပေါဆုံးလူကားအသူနည်း?
ဖြေ။ ။သားကြီးဖြစ်ပါသည်....
မေး။ ။အကြွေးအထူဆုံးပုဂ္ဂိုလ်ကားအသူနည်း?
ဖြေ။ ။ထုံးစံအတိုင်း ဟီးဟီး သားကြီးပဲဖြစ်ပြန်ပါသည်....
ဆရာစာတွေ ပြန်တင်ပေးနေတာ ကျေးဇူးပဲဗျာ။အဟောင်းဆိုပေမယ့် ယနေတိုင် လတ်ဆတ်နေဆဲပါဗျာ။
ဆားချက်ပြန်ပြီ ကိုလေးကတော့။ =)
ဒါပေမယ့် ကျနော်က မသိသေးတော့ အသစ်ပါပဲ။ =)
So So Good .... Great
ကောင်းလိုက်တဲ့စာလေး
လုပ်နေပြီ.. သူမရဲ့နှုတ်ခမ်းက ထွက်တဲ့စကားလုပ်ပါ... နှုတ်ခမ်းကို အတင်းအပြစ်တင်နေတယ်....
စတာနော် စိတ်မဆိုကြေး....
:)))))၊ ဂွတ် ကောင်းတယ်၊
သူမ၏ နှုတ်ခမ်းတစ်စုံအား ပြုံးပြုံးလေး ကြည့်ချင်ပါဘိ
သူမလိမ်သောအခါ
Post a Comment