Thursday, August 27, 2009

ဝိုင်း

ဝိုင်းးးးးး
မြင်တဲ့ သူတိုင်း ချစ်ကြတယ် ၀ိုင်းရယ်
မင်းနာမည် ၀ိုင်းးး

ဟုတ်ပါတယ်။ မြင်သူတိုင်း ချစ်လောက်အောင် မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ၀ိုင်းပါ။ ဆံပင်ဂုတ်ဝဲလေးရယ်၊ ခပ်တည်တည် မျက်နှာလေးရယ်က သူရဲ့ သင်္ကေတပေါ့။စက်ဘီးလေးကိုလည်း ဘယ်သူမှ မမှီအောင် အမြန်နင်းတတ်သေးတယ်။ သူနဲ့ပြိုင်နင်း ရတာ ပျော်စရာတော့ကောင်းသား။ ဘယ်တော့မှ သူ့ကို ကျော်အောင်မနင်းဘူး။ သူ့ကိုမမြင်ရတော့မှာစိုးလို့။ မြန်မြန်နင်းရင်လည်း ဘရိတ်မပါတဲ့ ငါ့ဘီး ကားတိုက် ရုံပဲရှိမှာပေါ့။

ကျောင်းသားတွေ သူ့ကြောင့်ရန်ဖြစ်ကြတယ်။ သူပါ အဆူခံရတယ်ဆိုတဲ့ သတင်းကြားတော့ စိတ်တောင်မကောင်းဘူး။ အဲဒီနေ့က သူမျက်နှာ အုံမှိုင်းနေတာပဲ။ ညညရောက်ရင် သူတို့စာအုပ်ဆိုင်ကို အမအားကိုးနဲ့ သွားပြီး ငေးရတာလည်း အမော။ စာအုပ်အပ်စရာမရှိရင် စက်ဘီးနဲ့ပတ်တတ်သေးတယ်။ ငေးရင်း ကားနဲ့တိုက်မိမလိုလိုဖြစ်တာလည်း အကြိမ်ကြိမ်။စာအုပ်ထဲမှာ စာထည့်ပေးပေါ့လို့မြှောက်ပေးကြဖူးပါရဲ့။ ပုဏ္ဏားလေးရှိရော့ထင်။ ငါစာအုပ်လာအပ်ရင် မင်းအမေကိုပဲ ထိုင်ခိုင်းတယ်နော်။ ခြေအေးဝမ်းရောင်ခဲ့ပေမယ့် ပျော်ခဲ့မယ်ထင်ပါတယ်။

ဘောလုံးကန်ရင်း မင်းကိုမြင်တော့ ရည်းစားစကားလိုက်ပြောတဲ့ငါ့ကို အဲဒီတုန်းက ပိုက်ဆံထည့်မသွားတာပဲ ကျေးဇူးတင်ပါတယ်။ ဖုန်တွေနဲ့ မဲသဲနေတာလေ။ လွတ်လပ်ရေးနေ့ဘောလုံးပွဲတုန်းက မင်းအားပေးနေတာမြင်တော့ ငါ့အရမ်းအားတက်ခဲ့တယ်။ တကယ်တော့ မင်းက မင်းအကိုပါတဲ့ အသင်းကို အားပေးနေတာကိုး။ ငါလျော့ကန်ပေးခဲ့တာ မင်းသိရင်ရီမလားမသိဘူး။(တကယ်တော့ မနိုင်လို့ပါ)

ဘုရားပွဲနေ့တုန်းက မင်းငါ့ရှေ့ခုံတည့်တည့်မှာ ရဟတ်အတူတူစီးကြတယ်နော်။ ငါရင်တွေခုန်လိုက်တာဟာ။ တခါမှ မစီးဘူးပဲကိုး။ အဲဒီတုန်းက အရဲစွန့်ပြီး မင်းကိုချစ်တယ်လို့ပြောလိုက်တယ်။မင်းဘယ်ကြားမှာတုန်းကွာ ရဟတ်အောက်ပြန်အကျ လူတွေဝိုင်းအော်ကြတာ ငါ့အသံတောင် ငါမကြားလိုက်ရဘူး။

ဘယ်ပွဲလမ်းမဆို အပေါင်းအဖော်တွေမပါဘဲ မသွားတဲ့ မင်းကို အောင်သွယ်နဲ့ ချဉ်းကပ်ရမယ်ဆိုတဲ့ နည်းဗျူဟာ ငါမှမသိဘဲ။ ပွဲကြိုက်တဲ့မင်းကို အစောကြီး ကျိုးတတ်တဲ့ငါ ဘယ်နှယ့်စောင့်နိုင်မတုန်း။ အကိုတွေအားကိုးပြီး ရေးလိုက်ရတဲ့ စာတွေကလည်း မနည်းမနော။ တစ်စောင်မှ မရောက်တာတော့ ငါ့ရဲ့အားနည်းချက်ပါ။ ငါလည်းအကြံရတာနဲ့ မျက်လုံးချင်းစကားပြောမယ်ဆိုပြီး မင်းမျက်လုံးကိုလိုက်ကြည့်တာပေါ့။ ဒေါသချောင်းချောင်းထွက်နေတဲ့ မျက်လုံးတစ်စုံပဲတွေ့ပါတယ်ကွာ။ မင်းမေးဖူးတယ်။ မင်းအကြောင်း ဘယ်လောက်သိလဲတဲ့။ ငါလည်းရွတ်ပြလိုက်ပါတယ် ကျောင်း ရက်ဂျစ်စတာ ထဲက ရေးထားသမျှအကုန်လုံး။ စာလုံးတစ်လုံးတစ်လုံး ပုတ်လောက်ရေးတတ်တဲ့မင်း ငါ့ရင်ထဲကစာလုံးတွေ မမြင်တာငါညံလို့လားဟင်။ မင်းအချစ်ကိုရဖို့ ငါအသည်းအသန်ကြိုးပမ်းခဲ့ပါတယ် ဖန်ခုံလိုက်၊ ထုတ်စီးတိုးလိုက်၊ ပေသီးပစ်လိုက်၊ ဘောလုံးကန်လိုက်နဲ့ မင်းဖက်က အသိအမှတ်မပြုတာတော့ငါကြေကွဲရုံပေါ့။ ဒီလိုဒီလိုပြည့်စုံမှုတွေကြောင့် မနီးစပ်တာ ငါ့အပြစ်မဟုတ်လောက်ပါဘူးနော့။

ဒီလိုနဲ့ ကံကြမ္မာ ရေလှိုင်းအရိုက် ငါတို့ဗေဒါပင်တွေ ကွဲသွားလိုက်တာ တရပ်ကွပ်ထဲကနေ လမ်းတွေခြား အိမ်တွေခြားနဲ့ မြင်ကွင်းတွေ ဝေးခဲ့ကြတယ်နော်။ ငါကလည်း နေရာသစ်မှာစနစ်တကျ။ စို့နှင့်နေကြ စို့နှင့်နေရ။ တကယ်တော့ မင်းဟာ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ(စိုင်းစိုင်းနဲ့မှားနေဘီ) တကယ်တော့မင်းဟာ ငါမရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီထဲက ပန်းတစ်ပွင့်ပါ။ရတနာပုံမှာ မင်းသတင်းတွေ ကြားပါတယ်။ မေဂျာအားလုံးရဲ့ကွင်းတဲ့။ ငါကံကောင်းတာပေါ့ မင်းအချစ်သာရခဲ့ရင် သ၀န်တိုတာနဲ့ ငါအသက်တိုမယ်။

အဟောင်းတွေ အစုတ်ဖြစ်ကုန်ပါပြီ မမရောင်ရယ်။ ကျေနပ်နိုင်ပါစေ

ခင်တဲ့
ရေတမာ

28 comments:

Angel Shaper said...

တစ် တစ် တစ် တစ် တစ် တစ်
1111111111111111111111
၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
တစ် ယူ ပါတယ် ကွယ်။
ကျွန်ုပ် တစ်ယူ ပါတယ်နော်။

Angel Shaper said...

နှစ် လဲ ယူရင်း ဖတ်နေပါပြီနော်။
ဒါပါပဲ။
နှစ်ယူရင်းနဲ့  ဖတ်နေသည်။
ရှုးတိုးတိုးနော်။ ဖတ်နေပြီ။ ဒါပဲ

Angel Shaper said...

မိုက်စ်တယ် ဝေ့။
ရေးတတ်လိုက်တာ တမာရေ....
အဲလို ကြောင်ခဲ့တာလားဟ။
တော်သေးတာပေါ့ ၀ိုင်းက နင့်ကို ပြားအောင်မလုပ်လိုက်တာ ဟဟားးးးးးးးးးး
စကားမစပ် သုံးပါယူလိုက်သည်။ ဟိဟိ

Angel Shaper said...

ဟော... ပြောစရာ ကျန်သေးလို့ပြန်လာတာ လေးလဲ ရတယ်ပေါ့လေ။
စိတ်မကောင်းလိုက်တာဗျာ။။။။ ဗြဲ ဟဲဟဲ
ဖတ်ပြီးသွားလို့ ပြန်ဘီလို့ ပြန်လာပြောတာပါ။
တတာ..ဟီးးးးးးးးးး

Angel Shaper said...

ကဲကဲကဲ ထုံးစံအတိုင်းပေါ့လေ။
အာဘွားပေးဖို့ မေ့နေလို့ ပြန်လာတာဗျိုးးးးးးးးးးး
အယ်.... ငါးလဲ ကိုယ်ပဲလား သေချာပြီ အမြင်ကတ်နေကြလိမ့်မယ်။
အာဘွားးး မပေးတော့ပါဘူးဗျာ။
တတာ ဟုသာ နှုတ်ဆက်သွားပါပြီနော်။

Angel Shaper said...

ကဲ... တကယ် တကယ်ကို ပြန်ပါဘီ။
အားလုံး တမာကဲ့သို့ အဖြစ်ဆိုးမှ လွတ်မြောက်၍
ကြင်နာသူကို ရအောင် ပိုးနိုင် ပန်းနိုင်ကြပါစေလို့ 
ဆုတောင်းပေးလိုက်ပြီး ၆ ပါယူမိပါကြောင်းးးးးးးးးးးးးးး ဟဲဟဲ

မေလေး said...

သမီးကြီး ငှဲ့ ငှဲ့ ဒီတခါ နာ့နင်ကိုတရားစွဲပြီ။ ရှေ့နေ့ဌားဖို့ ပြင်ထားး
ရာတမေရယ်
ဖစ်မှ ဖစ်ရတယ် ။ နောက်တစ်ခါ လူစည်ကားတဲ့နေရာ ဆူညံတဲ့နေရာမှာ ရည်းစားစကား မပြောနဲ့ ကြားလားးးး
ရယ်ရလွန်းလို့ အူတောင်နာတယ်ဟယ်။ရေးတတ်လိုက်တာ။
အဲ ချောတီးး စိတ်မကောင်းပါဘူး ပေါရမှာနော်။ ဟိဟိ
စိတ်မကောင်းလိုက်တာဟယ်။ ကိစ္စမရှိ သူ့ထက်ပိုလှတာ တော်တာ တွေ့လာမှာပါနော်။
(တမင်စကားမပီအောင် မန့်ခဲ့တယ်။ ကိုယ်မောင်နှမအိမ်ကို ဘယ်လိုပြောပြော ရတယ်ဟုတ်။ မကျေနပ်တဲ့သူ လာမဖတ်နဲ့ နာ့မန့်ထားတာ။ ဒါဘဲ)

မေဇင် said...

ဖတ်လို့တော့ တော်တော်ကောင်းတယ်...။ အဲ့လို ဇွဲမျိုးနဲ့ ... ဆိုရင် သေချာတယ် ... နီးစပ်တယ်..ရဲဘော်...။း))

နွေးနွေးသဲမွန် said...

ဖတ်လို့ ကောင်းလိုက်တာ...း-) မျက်စိထဲမြင်လာတယ်..

နွေးနေခြည် said...

ဟယ်....... ကံကောင်းလိုက်တာ...
သ၀န်မတိုရတော့လို့
ရုပ်ချောတဲ့လူက ရုပ်ဆိုးတဲ့လူနဲ့ရတတ်တယ်။ (အားမလျှော့ပါနဲ့)

ဒါနဲ့ ၀ိုင်းဆိုတဲ့နာမည်ကိုကြိုက်တယ်
ကျောင်းတုန်းက ၀ိုင်းဆိုတဲ့ကောင်းမလေး တယောက်အတွက် ကောင်လေးတယောက်က စပ်ထားတဲ့သီချင်းကို သတိရသွားတယ်။

kiki said...

ပွဲကြိုက်တဲ့ ဝိုင်း နဲ့  အစောကြီင်္းကျိုးတတ်တဲ့ ရာတမေ နဲ့ စောင့်တာ နဲ့  ဘယ်လို ပတ်သက်နေတာလဲ ဟေ ... နားမရှင်းပါဘူး ကွယ် .....

နာမယ်ကြီး ထမင်းငတ် ပေါ့နော် ...
တနား ချာရေး.....
နောက်ဆို အဲ့လို ချားကြီး မစီးနဲ့ ၊ရဲဇား ဇဂါးကို ဘတ်စ်ကား တိုးစီးတုန်းပြောဘာလား ... ညံ့ချက်က...

မကြီး ကိ

အဆိပ်ခွက် said...

ဝိုင်းတဲ့... အဟီး တိုကြီးက ဝိုင်းတဲ့ ဟုတ်တော့ဟုတ်နေတယ်

rose of sharon said...

အဟောင်းတွေ အစုတ်ဖြစ်ကုန်ပေမဲ့ ဖတ်လို့တော့ကောင်းသား

တလနွန် said...

ဝိုင်း လို့ ပြောမှ ခင်ခဲ့တဲ့ ညီမလေးတစ်ယောက်ကို သွားသတိရတယ်။ အဲဒီညီမလေးလည်း ကျုပ်တို့  Civil မေဂျာကွင်းပဲ။ ရာတမေ ရေ ဆက်ကြိုးစား (ချောလှတဲ့ မန္တလာသူတွေ အများကြီးပါဟ) ..
မန္တလာသူတွေ ခြေသလုံးတုတ်ကြတယ် (အဲဒါ သားစိုး နှင့် ရန်ရန်ချမ်း ပြောတာနော်)
အိပ်မက်ဟောင်းတွေ တူးဆွနေပြန်တဲ့ ရာတမေ ရေ ချစ်ဦးသူ ဝိုင်း ကို စိတ်ထဲရှိနေသေးတယ်ဆိုရင် အမြန်ဆုံးဆက်သွယ်နိုင်ပါစေကွာ....
နောက်ပြီးးးးးးးးးးး.....
ဆက်ဆုတောင်းပေးဖို့  မေ့သွားတယ် :)

Anonymous said...

အော် င့ါမောင်လေး တမာပင်ရယ်.... မရေးချင်လို့သာပဲနော် မြန်ချက်က ဘယ်တုန်းကတည်းက ရေးချင်နေလည်း မသိဘူး။ ဟဟ
လုပ်ပါအုံး မမကိုလည်း စာအုပ်သွားငှားပေးနော်။
ဒီတခါ ဘောလုံးကန်ရင် အလျှော့မပေးနဲ့ မျက်နှာ သစ်ဖို့ ဖလားလိုနေလို့ နိုင်အောင်ကန်နော်။
ဒီတခါ ရတနာပုံပြန်ရင် ချားမစီးနဲ့တော့ ရိုလာကိုစတာ သွားစီးကြ။

ကဲ ဗေဒါပင်လေးနဲ့ တမာပင်လေးရယ် ...... ဖတ်ရတာ စိတ်တောင်မကောင်းဘူး။ ငါ့မောင်လေးကလည်း ညံ့ချက်နော်။ သွား .. ရွာသားလေး ဆီမှာ ပညာသွားသင်နော်။

မောင်လေးရေ .. မရောင်ကို အခုလို အချိန်တိုအတွင်းမှာ ရင်ထဲက ခံစားချက်လေးကို ပန်းလေးတပွင့် (ဗေဒါ) လေးအဖြစ် ရေးပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်များမှာလည်း ခုလိုလေး ပျော်ပျော်ပါးပါး တဂ့်မယ်နော်။

ခင်မင်လျှက် မရောင်

ပုပ်ပုပ် said...

အော်.... ခံစားလိုက်ရတာ။
မျက်ရည် ဘူးသီးလုံးလောက် ကျတယ် ဂယ်။။
ချောချောလှလှ မန္တလာသူတွေ တပုံကြီးပါဟဲ့။
ဒီတခါတော့ သနားလို့ အာဘွားပေးခဲ့တယ်။
ဆက်ကြိုးစား ဟေ့။
အာဘွားးးးးးးးးးးးးးးးးးးးးးးဟားးးး ဟားးးးးးးးးးးး

Waing said...

ဝိုင်းဆိုလို့ လာဝင်ဖတ်တာပါ။ ဒါပေမယ့် ၀ိုင်းက ရန်ကုန်သူပါ။ စာတွေလာအားပေးသွားတယ်။
ခင်လျက်
ဝိုင်း

သီဟသစ် said...

အင်း ညီလေး ညီလေး
ဒီလိုနဲ့ အပီဆွေး
စောစောအိပ်ခါ
စောစောထလည်း
ချစ်သူ့မျက်နှာ မမြင်ရ
သနားစရာ ရေတမာ့ဘ၀..

ZT said...

ရည်းစားမရသေးရင် မျှော်လင့်ချက်တွေ ရှိပါသေးတယ်။ ယောက်ျားရသွားပြီ ဆိုလည်း နောက်တစ်ယောက်ပေါ့။ နောက်တစ်ယောက် မရရင်လည်း အနည်းဆုံး ပို့စ်တစ်ခုတော့ ရေးလို့ရတာပေါ့။ :D

ဝသန်မိုး said...

ဆက်ကြိုးစား ကိုရာတမေရေ
အဟောင်းတွေ အစုတ်ပြတ်ဖြစ်ပေမယ့်
အသစ်ကတော့ ကောင်းနေမှာပါ
ဟဲဟဲ
ခင်လို့ ဝင်နောက်သွားတယ်

ဝသန်မိုး

မငုံ said...

ဆက်ကြိုးစားလေ။ မြှောက်ပေးတာ :) အင်း အစောကြီးကျိုးတတ်တဲ့ ရေတမာနဲ့ ပွဲကြိုက်တဲ့ ၀ိုင်း တဲ့. ကဲရေတမာရေ.. ပွဲခင်းထဲမှာပဲ မျက်လုံးကို ဒေါက်ထောက်ပြီး ကောင်မလေးကို ကြည့်သလိုနဲ့ အိပ်နေတာမဟုတ်ဘူး။ :) မကြီးတဂ်တာကို တရက်ထဲ အမြန်ရေးတာတောင် အဟောင်းတွေ အသစ်ဖြစ်နေသေးတယ်။ ဆက်သာကြိုးစားလို့ အားပေးတယ်နော်။

လင်းကြယ်ဖြူ said...

တော်တော်လေး စိတ်ညစ်ခဲ့ရမှာပဲနော်..
သို့သော်လည်း Time is the big healer ပါပဲ..
ပျော်ပါစေ

Libratun said...

:) i like to move it, move it.

မယ့်ကိုး said...

မျက်စိထဲပေါ်ပြီး တကယ်ပဲ စိတ်ဝင်တစားဖတ်သွားပါတယ်။ စာလေးကောင်းလိုက်တာ=)

ကောင်းကင်ပြာ said...

ဝိုင်းးးးးမြင်တဲ့သူတိုင်းးးးချစ်ကြသူဝိုင်းတယ်....မင်းနာမည် ၀ိုင်းးးးး
ခင်မောင်တိုးသီချင်းလေးပါ သတိရသွားစေတယ်၊း)

မြစ်ကျိုးအင်း said...

ရေးထားတာပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်ရတဲ့သူ တကယ်ကို ပြုံးစေတယ်...။
တကယ်အဖြစ်ဆိုရင်တော့ စိတ်မပျက်ပါနဲ့လေ
နောက်ထပ်လှလှပပလေးတွေ တွေ့လာအုံးမှာပေါ့...။

မေဓာဝီ said...

ခင်မောင်တိုးရဲ့ ၀ိုင်းသီချင်းကို ကြိုက်တယ်။
ရေတမာရဲ့ ၀ိုင်းကလည်း ဖတ်လို့ ကောင်းပါပေ့။
ရည်းစားစကားကို ရဟတ်စီးရင်းပြောတယ် .. မော်ဒန်ပဲ။ ရင်ခုန်စရာနော် ... ။
အချစ်ကိုရဖို့ ကြိုးစားလိုက်ရတာ အတော်မောရှာမယ်။ :)
ရေတမာလေး သနားစရာ ...

ကွန်မန့်က ခုမှပဲ ပြန်ရေးလို့ရတော့တယ်။
ဒီပုံစံနဲ့ပဲ အဆင်ပြေတယ်။

ကိုလူထွေး said...

ဖန်ခုန်လိုက် ထုတ်ဆီးထိုးလိုက်ဆိုတော့ ကလေးစိတ်မကုန်သေးတာလဲ ဖြစ်မှာပေါ့...

းဝ)