Hannah Montana ဟာ နာမည်ကျော်ကြားတဲ့ ဆယ်ကျော်သက် ပေါ့အဆိုတော်လေးတစ်ယောက်ပါ။ ခြောက်နှစ်သမီး အရွယ်ကစလို့ သီချင်းတွေ ဖြေဖျော်ခဲ့ပါတယ်။ အောင်မြင်သူတို့ထုံးစံအတိုင်း လွတ်လပ်မှုတွေ ဆုံးရှုံးကာ သတင်းသမားတို့ ပစ်မှတ် အမြဲပဲဖြစ်ခဲ့ပါတယ်။ သူမရဲ့ ကျောင်းချိန်တွေမှာ လည်း Hannah Montana ပုံရိပ်တွေ လွမ်းမိုးနေသလို၊ အချစ်ဆုံးသူငယ်ချင်းလေး Lilly ရဲ့မွေးနေ့ပွဲမှာတောင် ဒီအရိပ်လွမ်းမိုးလို့ သူငယ်ချင်းရဲ့ ငြိုငြင်မှုကိုခံခဲ့ရပါတယ်။
Hannah ဟာ miley ဆိုပြီး ကျေးလက်လေးက လယ်သမားမိသားစုမှ ပေါက်ဖွားလာခဲ့တဲ့ ကျေးတောသူလေးတစ်ယောက်ပါ။ ဒါပေမယ့် miley steward တဖြစ်လဲ Hannah Montanaဟာ ကျော်ကြားတဲ့ ဘ၀လေးကို မက်မောနေတတ်ခဲ့ပါတယ်။ သူမရဲ့ ဘ၀ကို hannah အဖြစ်ပုံသွင်းထားချင်သူလေးပါ။ ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ လုပ်ရပ်ကြောင့် miley ဘ၀ကို ပြန်လည်ဝတ်ရုံခဲ့ရပါတယ်။ အဖွားဖြစ်သူရဲ့မွေးနေ့ကို ငြင်းဆန်ပြီး နယူယောက်ကို သွားဖြေဖျော်မယ့်သူမကို မသိအောင် ကိုယ်ပိုင်လေယာဉ်နှင့် ကျေးလက်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။သူမလိုချင်တဲ့ Limo cab ရယ် ပုရိသတ်တွေရယ် တွေးထင်ထားပေမယ့် တကယ်တည်း truck ကားနဲ့လာကြိုလို့ မလိုက်ချင်တဲ့သူမဟာ လမ်းမှာဆင်းနေခဲ့ပါတယ်။ ကံကောင်းချင်တော့သူမရဲ့ ငယ်ငယ်က မြင်းလေး blue jean နဲ့ တွေ့ခဲ့တယ်။ ကံဆိုးချင်တော့ မြင်းကမမှတ်မိဘဲ သူမကို မကြိုဆိုခဲ့ပါဘူး။ သူမငယ်သူငယ်ချင်းလေး လာကယ်လို့ အိမ်ပြန်ရောက်ခဲ့ပါတယ်။
အိမ်ကိုပြန်လာတဲ့သူမဟာ miley ဘ၀လေးကို မဖြစ်မနေယူခဲ့ရတော့ ကမောက်ကမနဲ့ အဆင်မပြေမှုတွေဖြစ်ခဲ့ရပါတယ်။ သူမဖခင်ဟာလည်း တချိန်လုံးသမီးဖြစ်သူအနားမှာ စောင့်ရှောက်ရင်း အိမ်ပြန်ရောက်လာတဲ့ အချိန်မှာတော့ အနားပေးထားရတဲ့ နှလုံးသားရေးရာတွေကို ပြန်လည် အလုပ်ပေးရပါတော့တယ်။ miley လည်း ငယ်သူငယ်ချင်းလေးနဲ့ တစစ သံယောဇဉ်ဖြစ်လာပါတော့တယ်။ ဒီမြို့လေးမှာ သူမ အဖေနဲ့ အဖွားကလွဲလို့ သူမဟာ Hannah ဖြစ်တယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ သူမရဲ့ သူငယ်ချင်းလို့ပဲ သိထားကြပါတယ်။ အကြောင်းတိုက်ဆိုင်စွာ hannah ကိုဒီမြို့လေးကို လာဖို့သူမကို ဖိတ်ခိုင်းပါတယ်။ ငြင်းမရတဲ့အဆုံး သူမ အချစ်ဆုံးသူငယ်ချင်းလေး lilly ကိုအကူအညီတောင်းပြီး အယောင်ဆောင်ခိုင်းရပါတယ်။
ညစာစားပွဲဖိတ်ကြားခံရချိန်မှာပဲ ငယ်သူငယ်ချင်းလေးနဲ့လည်း ညစာစားဖို့ ချိန်းပြီးသား ဖြစ်သွားပါတယ်။ အဲဒီညမှာပဲ သူမအယောင်ဆောင်တာကို သိရှိခဲ့ပြီး နားလည်မှုလွဲခဲ့ကြပါတယ်။သူမဖခင်ဟာလည်း သူ့သမီးကို စောင့်ရှောက်ရဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ချစ်သူကို လက်တွဲဖြုတ်ခဲ့ပါတယ်။ miley ဟာ ငယ်သူငယ်ချင်းလေးကို ချစ်သက်သေအဖြစ် အတူတူဆောက်ခဲ့တဲ့ ကြက်ကလေးတွေ ထားတဲ့အိမ်လေးကို ဆေးအပြီးသတ် သုတ်ခဲ့ပါတယ်။ ပြီးနောက် ဖြေဖျော်ပွဲကို သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် စင်ပေါ်ကနေ သူချစ်တဲ့သူတွေကို မြင်တဲ့အခါမှာတော့..........
စိတ်ဖိစီမှုတွေ များနေတဲ့အချိန်၊ အားလပ်တဲ့အချိန်မှာ သီချင်းတွေလည်းခံစားရင်း အပန်းဖြေကြည့်ပျော်တဲ့ ဇာတ်ကားလေးပါ။ စင်ပေါ်မှာ miley ပြောခဲ့တဲ့ စကားလေးတစ်ခုရှိတယ်။
"life's a climb, but the view is great" တဲ့။
ခင်တဲ့
ရေတမာ
10 comments:
ကောင်းတယ်ဗျာ။
အသက်ငယ်ပြီး အောင်မြင်နေတဲ့ အဆိုတော်မလေး တစ်ယောက်ပဲနော်။
မိုက်စ့်တယ်။
အားကျသွားတယ်ဝေ့။
အရမ်းကောင်း၊ အရမ်းကြိုက်။
မကောင်းတာက နင်။ ဒါပဲ။
အားတဲ့ တရက်ကျ ကြည့်မယ်ကွယ်း)
တော်လိုက်တာ သူများသားသမီးတွေများ..
အနုပညာနဲ့ ပတ်သက်လို့..ကိုယ်တွေကတော့ လည်လည်ပတ်ပတ် ..တီးနိုင်ခတ်နိုင်တာ ဆိုလို့...စဉ်းစားကြည့်တော့ ..
အင်း...ကြေးစည်..ပဲရှိတယ်...
ပျော်ပါစေ..
မအားလို့ မကြည့်သေးဘူး။ စာပဲ အရင်လာဖတ်သွားတယ်။
အားတော့မှ ကြည့်ဖြစ်အောင် ကြည့်ပါမယ်။
မီလီပြောတဲ့ စကားလေးကို သဘောကျလိုက်တာ။
မျှဝေပေးတာ ကျေးဇူး ရေတမာ။
စနေနေ့ ကြည့်မယ်။ နင်ယူလာခဲ့။
သူများ သားသမီးလေးတွေများ ချောတာအေ့။
အော်... သမီးလေးတော့ကြည့်တာတွေ့တယ်... ကိုယ်တော့ခလေးကားမို့ မကြည့်ဖြစ်ဘူး
သိပ်တော်တယ်နော်။ ကိုကြယ်ကတော့ ကြွားသွားတယ်။ လယ်လယ်ဝယ်ဝယ် တီးတတ်တာ ကြေးစည်ပဲတဲ့ :)
mileyလေးရေ
စိတ်မကောင်းပါဘူးကွယ်
လက်ဆော့ရင်းနဲ့ အပုံက အဲလိုဖြစ်သွားတာ
မရည်ရွယ်ပါဘူးကွယ်
Post a Comment