တွေးနေမိတယ်က..
စလုံးက ဘလော့ဂါတွေနဲ့ ဘယ်တော့၊ဘယ်အချိန်ဆုံကြမလဲ။ national day မြန်မြန်ရောက်ချင်ပြီ။
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အိယောင်ဝါးလုပ်နေတယ်။
ကျန်းမာရေး
အနှုတ်ပြလို့ ဒုက္ခရောက်နေတယ်။
ဖတ်ဖြစ်တဲ့ စာအုပ်တွေက
လူထုဒေါ်အမာ-မန္တလေးသူ၊ မန္တလေးသားများ
နုနုရည်(အင်းဝ) ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ။
ခင်ခင်ထူး-ဆံရစ်ဝိုင်း
ရောက်ဖြစ်နေတာက
Google Talk (အချိန်တော့ကုန်တယ် ပျော်ဖို့ကောင်းတယ်)
ရေးဖြစ်နေတာက
အကိုအောင်သာငယ် တက်ဂ်ထားတာလေး
နားထောင်ဖြစ်နေတာက
Ashley Monroe - i don't wanna be
ရွတ်နေမိတဲ့ကဗျာက
တစ်ပွဲတည်းနဲ့တင် ရှုံးပွဲတိုးခဲ့သူပါ။
ကိုယ်မတန်တဲ့ခြေနဲ့မှ
ဟောဒီပွဲစဉ်ကို
သရေ(သို့)အနိုင်မှန်းပြီး ကန်ခဲ့တာလေ။
နောက်ဆုံးတော့ မင်းသုံးမှတ်ရသွားတယ်။
ငါကတော့ သုံညပေါ့။
မောင်လှမျိုး(ခြင်းချောင်းခြံ)
ဖြစ်ချင်နေတာက
ပရီးမီးယားလိဂ်က မန်ယူမှာ လစ်လပ်သွားတဲ့ CR-7 နေရာမှာ အစားဝင်ချင်တယ် :P
စားဖြစ်နေတာက
လက်ကျနေတဲ့ ထမင်းဟင်းအနပ်တွေ
သနားနေမိတာက
ကျန်းမာရေးမကောင်းတဲ့ကြားက အိမ်ရဲ့ဆည်းလည်းလေး မွေးပေးမယ့် အမ
မေ့လျော့ပစ်နေမိတာက
သေခြင်းတရား နဲ့ ဘုရားတရား
ခါးသက်နေမိတာက
လက်ရှိဘဝ
တမ်းတနေမိတာက
မရှိသေးတဲ့ချစ်သူရယ်၊ အေးစက်နေတဲ့ အိမ်
ကြိတ်ပြီးချီးကျူးနေမိတာက
အလုပ်တွေ လုပ်နေနိုင်တဲ့သူတွေ
ကြိတ်ပြီး အထင်သေးနေမိတာက
ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ဓါတ်
ဆန္ဒမရှိတဲ့နေရာ
မြန်မာသံရုံး
ဆန္ဒရှိနေတဲ့ကိစ္စ
စာမကျက်ဘဲ စာမေးပွဲအောင်ချင်တယ်။
မုန်းတီးနေမိတာက
ကိုယ့်ရဲ့ ပျင်းတင်းတင်းစိတ်ဓါတ်
ချစ်နေတာက
ကိုယ့်ကိုယ်ကို(မကောင်းတာတွေလုပ်နေတယ်ဆိုတာ သိရဲ့သားနဲ့ အလိုလိုက်ထားတယ်)
စိတ်ပျက်နေမိတာက
အဆင်မပြေမှုတွေ
စွဲလန်းနေမိတာက
လျော်ပြီးသား အိပ်ယာခင်း :P
လိုအပ်နေတာက
လက်တွဲခေါ်ပြီး လမ်းပြပေးမယ့် ဆရာကောင်း
တောင်းနေမိတဲ့ဆု
Singapore sweet လေးပေါက်ပါစေ
ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
လောကကြီးမှာ လော လောပြီးသာ ကလိုက်ချင်တယ်.
ဝန်ခံချင်တာက
အခုလို အချိန်ကုန်ခံပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိတ်ဆွေရဲ့ ကုန်သွားတဲ့အချိန်တွေအတွက် ၀မ်းနည်းပါတယ်။ ရေးစရာမရှိတဲ့ အချိန် အကိုအောင်သာငယ်တက်ဂ်ထားတာလေး ရေးမိတာပါ။
လေးစားလျက်
ရေတမာ
ဒီဇင်ဘာ မိုး
1 month ago
16 comments:
စွဲလန်းနေမိတာက
လျော်ပြီးသား အိပ်ယာခင်း :P
အဲဒါလေးတော့ အတော်သဘောကျသွားသကွယ်...
အခုမှပဲ ကိုယ်တိုင်ရေးလေး မြင်ရတော့တယ်။ ကိုအောင်သာငယ်ကို ကျေးဇူးတင်ရမလို။ =P
အလုပ်ဂိုးပြီဗျိုးးး။ =)
ချစ်နေမိတာကိုယ့်ကိုကိုယ်... အင်း... လက်တွေ့ကျပါတယ်... ဒါဖြစ်သင့်တယ်....
ရေတမာ အစားဝင်ရင် မန်ယူကို အားမပေးတော့ဘူး...ဗျို့ ..း)))
mie nge
ရေတမာ သိပ်မတွေးနဲ့  အိပ်ပျော်အောင်အိပ်နော် National Day ကျရင် သွားမယ်ပဲဟာ :) စာလည်းကျက်ပေါ့။ စာမေးပွဲအောင်ချင်ရင် :)
စိတ်ဆိုးနဲ့ နော် စသွားတယ်
း))
ငါလည်း အလုပ်မလုပ်ပဲ လခရရင်ကောင်းမယ်လို့ စဉ်းစားမိသား :P
ခုလောလောဆယ်မှာ
လောကကြီးက လူတွေလည်း
အလောသုံးဆယ်နဲ့ လောရှည်နေကြတယ် ....
ကိုယ်တိုင်လည်း လောရဦးမယ် ..တဂ်ကြွေးတွေ ဆပ်ဖို့ ကွယ်..
ကို့ကိုလည်းtagထားသေးတယ်
သူငယ်ချင်းတစ်ယောက်က
လက်ရှိအနေအထားကိုရေးချလိုက်ရရင်
ပေါက်ပေါက်ရှာရှာတွေဖြစ်ကုန်တော့မှာပဲ :P
လောလောဆယ်...
ရေတမာကို အကြွေးဆပ်ရမယ်...
ဆပ်ပီးပီထင်ပါတယ်...
National Day မရောက်ပါစေနဲ့...
အိပ်ယာခင်းတွေ မခြောက်ပါစေနဲ့...
မနှင်း
“ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်”
လူအ အိပ်မက် တောက်တီးတောက်တဲ့”
ဟီးးးးးး ခင်လို့စတာပါကွယ် :P
ဖတ်လိုက်ရတာတွေကတော. အလန်းတွေချည်းဘဲဗျို.
ကိုရေ ခု အနော်နဲ. ကိုရေ ကို ဒိုလေးနဲ.တီဗက် နေရာ
အတွက် အစားထိုးမလို. ပြောင်းရွှေ.ကြေး တစ်ယောက်
2 ပေါင်နဲ. လာကမ်းလှမ်းထားတယ် ... လက်ခံ
လိုက်ရမလား ... :P
အခုတလော ဒါတွေလေးက ခေတ်စားနေတာ.....လိုက်ပြီးဖတ်ကြည့်တာ လူအမျိုးမျိုး စိတ်အထွေထွေပေမယ့် အားလုံးက စိတ်ကူးကောင်းလေးတွေပါ။ရေတမာရော ဆရာမ နုနုရည်(အင်းဝ)ရဲ့ ပြုံး၍လည်း ကန်တော့်ခံတော်မူပါ၊ရယ်၍လည်း ကန်တော့်ခံတော်မူပါ ဖတ်နေတာလား? ဒီစာအုပ်က ကျွန်တော်လည်း ကြိုက်တယ်။ထူးလဲထူးတဲ့ စာအုပ်ကလေးပါ။ကြိုက်လို့ ရွာကနေတောင် ယူလာပြီး ထပ်ဖတ်ရသေးတာ။ ပီဒီအက်နဲ့ဖတ်တာအရသာပျက်လို့.....။
ရေးထားတာလေးတွေ ဖတ်ကောင်းတယ်၊ စာတွေ ရေးနိုင်တာလဲ ကောင်းတယ်၊
ကိုချမ်းလင်းနေပြောသလိုပဲ..အခုတလော ဒါလေးခေတ်စားနေတာ..
တစ်ယောက်နဲ့တစ်ယောက် အသွင်ကွဲလေးတွေနဲ့..
မှတ်သားစရာလေးတွေရော..ခံစားချက်ကလေးတွေရော..
ဖတ်လို့ကောင်းတယ်....မှတ်သားစရာတွေကိုလည်း အားလုံးဆီမှာ ရလိုက်တယ်..ပျော်ပါစေ ညီရေ
ခုတလော ပျင်းနေ ဖျင်းနေသော အပုပ်တစ်ပုပ်ကို တမာပုပ်ဟုခေါ်သည်။
ကဲ သူငယ်ချင်းရေ လောကကြီးမှာ လောလောပြီးသာ ဆက်က ပေဦးတော့။ အိမ်ဆည်လည်းလေးကို မွေးပေးမဲ့ အမတယောက် ကျန်းမာစွာနဲ့ မွေးပါစေလို့ ဆုတောင်းပေးတယ်နော့။
Post a Comment