နှောင်းသွားတဲ့ အတိတ်ဆီကို
ပေးဆပ်ရမယ့် ချစ်ကြွေးတွေကို
ရီဝေစွာ ရေတွက်ပြီး
ကြွေးရှင်တစ်ယောက်ကို
မျှော်နေရတဲ့ ဒုက္ခဟာ
မသေးလှပါ.....ချစ်သူ။
ခိုင်မာစွာ တည်ဆောက်ထားတဲ့
နှလုံးသားနံရံထဲမှာ
လင်းလက်တဲ့ ချစ်ခြင်းများစွာဖြင့်
နှုတ်ဆက်သွားခဲ့တဲ့ ချစ်သူတစ်ယောက်အား
လွဲနေတဲ့ ဆုံမှတ်များနဲ့
ပိုင်ဆိုင်ခွင့်ရှိချင်တဲ့ ဆန္ဒဟာလည်း
မသေးလှပါချစ်သူ...။
မဖြစ်နိုင်တဲ့ အရာတစ်ခုပေါ့
မင်းသာ ပြန်လာမယ်ဆိုရင်
ချိုမြိန်ခြင်းများစွာနဲ့ တည်ဆောက်ထားတဲ့
ငါ့ရဲ့ တစ်ခုတည်သော နှလုံးသားဗိမာန်ဟာ
မင်းအတွက်...
မဝေးလှပါ.....ချစ်သူ...။
ပိုင်ဆု
ရယ်/စာချစ်သူ ၇၀၆၀
ဒီဇင်ဘာ မိုး
1 month ago
6 comments:
ငါ့ရဲ့ တစ်ခုတည်သော နှလုံးသားဗိမာန်ဟာ
မင်းအတွက်...
မဝေးလှပါ.....ချစ်သူ...။
ဟုတ်ပါ့မလား ရေတမာရဲ့...
ကိုယ်ပိုင်သံစဉ်လေး စောင့်နေတယ်နော်..
ကိုရေ ရေ ဆားချက်တာတွေ များ
နြေီ့နော် :P ကိုယ်ပိုင် ရေတွင်းပျက်
လေးတွေ ခံစားချင်တယ်ဗျာ :)
ချစ်သူကိုပိုင်ဆိုင်ချင်စိတ်နဲ့မျှော်လင့်စောင့်စားနေတယ်ပေါ့.... ချစ်သူတိုင်းဆုံစည်းနိုင်ပါစေ...
အကြွေးတွေ ဘယ်လောက်ရှိသွားပြီလဲ။:P
ကဗျာကောင်းလေးပါ။လွဲသွားတဲ့ချစ်သူကိုတမ်းတရင်း...................ပြန်ဆုံတွေ့နိုင်ပါစေ။
ကဗျာလေးလာဖတ်သွားပါတယ်ဗျာ
အဆင်ပြေပျော်ရွှင်ပါစေ
မင်းသာ ပြန်လာမယ်ဆိုရင်
ချိုမြိန်ခြင်းများစွာနဲ့ တည်ဆောက်ထားတဲ့
ငါ့ရဲ့ တစ်ခုတည်းသော နှလုံးသားဗိမာန်ဟာ
မင်းအတွက်...
မဝေးလှပါ.....ချစ်သူ...။
ကောင်းလိုက်တဲ့စာသား။။။။ မသိတဲ့သူများဆို ယုံမိမှာပေါ့။
ဒါမျိုးတွေ ရိုးးးးဟိုးးးဟိုးးးနေပြီ။။။။
မယုံရေးချ မယုံပါ။
ပုပ်ပုပ်ရေ...ခံစားချက်လေးတူသွားလို့ ပေါက်ကွဲမိတယ်။
သူလဲ အဲဂလိုမျိုးပြောသွားတာပဲလေ။ ဟင်းးးးးးးးနော်...
Post a Comment