ကြည်သာတဲ့ ရာသီစက်ဝန်းမှာ စတင်ခဲ့တဲ့
တို့နှစ်ယောက် အချစ်တွေ
အဲဒီတုန်းက
ဖိနပ်အသစ်စီးရတဲ့ ခြေထောက်တွေလို မြောက်ကြွလို့
(ဖိနပ်ပေါက်တတ်ကြောင်း သတိထားမိခဲ့ဖို့ ကောင်းတာ)
ရယ်မောနေတတ်သော မင်းမျက်ဝန်းညို
မတွေ့ရတဲ့နေ့တွေမှာ
ငါကသာ သေမလောက် လွမ်းဆွတ်တတ်ခဲ့ပြီး
မင်းကတော့
စိတ်မကောင်းပေမယ့် အိပ်ကောင်းခဲ့ပါတယ်တဲ့
မျက်နှာလေးတောင် ဖောင်းလို့။
ရပ်တန့်ထားခဲ့ချင်တော့လည်း
ဆင်ခြေဆင်လက်တွေကို မင်းအိတ်ကပ်ထဲ အသင့်ထည့်လို့
ငါရဲ့ အတည်တွေကို မင်းက အရယ်(အရီ)တွေအဖြစ်
ခံစားတော့
နှာခေါင်းပိတ်ခံရသူတွေကို မွန်းကျပ်လွန်းလှတယ်။
အသည်းနှလုံးကို ရင်းနှီးမြှုပ်နှံခဲ့တဲ့ ငါ့အတွက်
အမြတ်က အသည်းကွဲခြင်းပါ။
သွေးစိမ်းရှင်ရှင် မကျခဲ့ပေမယ့်
ဒဏ်ရာကတော့ နက်ခဲ့ပါပြီ။
မိန်းကလေးရယ်…..
အနည်းဆုံးတော့ (စစ်မှန်စွာ)ပြုံးပြခဲ့သင့်ပါတယ်။
ချစ်ပါနော်
အမှတ် ၂၅ ဒီဇင်ဘာ ၂၀၀၇(ရယ်စရာ)
ဒီဇင်ဘာ မိုး
1 month ago
9 comments:
နောက်ဆုံးတော့ မိုးသားညိုညိုမှာ တိမ်တွေမှိုင်းလို့ လမ်းကြမ်းပေါ်လျှောက်မိတော့ ဖိနပ်ပြတ်ပြီး ခြေထောက်ပေါက်ပြီလား အဟီး
တယ်ကောင်းတဲ့ကဗျာလေးပါလား... ကောင်လေးခမျာသနားစရာနော်....
အပြုံးလက်ဆောင်လေး..သူထားခဲ့နိုင်ပါစေ...
မိုက်တယ်ဗျာ ... အသည်းနှလုံးကို ရင်းနှီးမြှုပ်နှံခဲ့တဲ့ ငါ့အတွက်
အမြတ်က အသည်းကွဲခြင်းပါ။ အဲ အကြောင်းကတော. လုံးဝ စားတယ်...
ညီငယ်ရေတမာရေ
စစ်မှန်စွာပြုံးပြခြင်းကို ရရှိပါစေ
:)
ခင်မင်စွာဖြင့်
သီဟသစ်
အတွင်းကြေ...
အတွင်းကြေ...
အပြင်ကို သွေးမထွက်တဲ့ အတွင်းကြေ ။
အဲဒါပိုဆိုးတယ် ...
ဆေးရုံပြေးပေတော့ ။။ ရာတမေ ....
သွေးမထွက်တဲ့ ဒဏ်ရာနက်လေး စစ်မှန်အေးချမ်းတဲ့ အပြုံးလေးတစ်ပွင့် အမြန်ဆုံးလာကုပေးနိုင်ပါစေလို့ တမာလေး အတွက် ဆုမွန်ချွေလိုက်ပါတယ်နော်။
ပြင်းထန်လွန်းသော ခံစားချက်ကဗျာလေးအား လာခံစားသွားကြောင်းးးးးးးးးးးးး
အလွန်ကောင်းပေ၏။
ပျော်ရွှင်ပါစေ တမာရေ....
အင်း
ကိုလေးရေတမာလဲ ဆားချက်တာတွေ များနေပြီ။
ကိုယ်ပိုင်ရေးလေး ပြန်စသင့်ပြီထင်ပါ့။ =)
ရေတမာရေ
ကဗျာလေးက လန်းတယ်...
မျက်နှာဖောင်းဖောင်းလေးက
အိပ်ကောင်းခြင်းရဲ့ သင်္ကေလေ...
မချိုမချဉ် ပြုံးတတ်ပါစေနော်....
မချိသွားဖြဲလေးလဲ မြင်ယောင်မိတယ်...
မနှင်း
Post a Comment