Friday, October 09, 2009

Gracious Planet

Local Channel တခုဖြစ်တဲ့ channel 8 ကနေ ဗုဒ္ဓဟူးနေ့ ည ၈ နာရီ ခွဲဆိုရင် Gracious Planet ဆိုတဲ့ အစီအစဉ်လေး တစ်ခု ထုတ်လွင့်ခဲ့ပါတယ်။ ထိုင်ဝမ်၊ ဂျပန်နဲ့ ဟော်လန်နိုင်ငံများနှင့် ယှဉ်ပြီး စင်ကာပူနိုင်ငံမှာ လူမူအဆင့်အတန်းမြင့်မားရေး ပညာပေး အစီအစဉ်လေးဖြစ်ပါတယ်။ တခြားနိုင်ငံများရဲ့ အလေ့အကျင့် ကောင်းလေးတွေကို အတုယူဖွယ် တွေ့မြင်ရပါတယ်။

ထိုင်ဝမ် နှင့် ဂျပန်နိုင်ငံများမှာ ရိုက်ကူးထားတဲ့ အစီအစဉ်ကို မကြည့်လိုက်ရပေမယ့် ဟော်လန်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ အပိုင်းကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။ ဟော်လန်နိုင်ငံမှာ နွေးထွေးတဲ့ ကြိုဆိုမှုနဲ့ အတူ ကူညီတတ်တဲ့ စိတ်ထားလေးတွေ တွေ့ရပါတယ်။ လမ်းပျောက်လို့ အခက်အခဲဖြစ်နေတဲ့ သူတို့(အစီအစဉ် သရုပ်ဆောင်သူ)ကို လမ်းမှာထိုင်နေတဲ့ သူက မမေးဘဲနဲ့တောင် ကူညီပေးပါတယ်။ သူတို့ ဈေးတန်း(သစ်သီးတန်း)တခုကို ရောက်သွားချိန်မှာ ဈေးဝယ်တွေဟာ လိုချင်တဲ့ အသီးကို ဒီတိုင်းပဲ ချိန်ပြီးဝယ်ကြပါတယ်။ သူတို့ကတော့ ဒီကအကျင့်အတိုင်း ကောင်းတဲ့ အသီးကိုတောင် ကောင်းမကောင်း စမ်းကြည့်၊ နမ်းကြည့်တာ ကြည့်ခြင်းအားဖြင့် အကျင့်ပါနေတယ်ဆိုတာ တွေ့ရပါတယ်။

ပုလင်းအခွံတွေကို recycle ပြန်လုပ်တဲ့ နေရာလေးလည်း တွေ့ရပါတယ်။ ပုလင်းတွေကို ၀ယ်တဲ့အခါမှာ ပုလင်းအခွံဖိုးပါ ပါပြီးသားဖြစ်တဲ့အတွက် ပုလင်းတွေကို recycle လုပ်တဲ့အခါ ပိုက်ဆံပြန်ရပါတယ်။ အသီးအနှံတွေ ၀ယ်တဲ့အခါမှာလည်း ကိုယ့်ဘာသာ ချိန်ပြီး ကိုယ့်ဘာသာ ဈေးနှုန်းကပ်ရပါတယ်။ အရောင်းစာရေး အလုပ်ရှုပ်သက်သာအောင် ထင်ပါတယ်။

စားသောက်ဆိုင်တွေမှာ စားတဲ့အခါ တယောက်ခြင်းဆီအတွက် ဘေလ် ပေးပါတယ်။ ကိုယ်စားတာ ကိုယ်ရှင်းရတယ်လို့ တွေ့ရပါတယ်။ လမ်းမပေါ်မှာ စက်ဘီးများ ကားများရှုပ်ထွေးနေပေမယ့် ထိမိခိုက်မိတာ မတွေ့ရပါဘူး။ လူကူးမျဉ်ကြားကနေ သူတို့စိတ်ကြိုက် ကူးလို့ရပါတယ်။ ကားတွေက ဟွန်းမတီးပါဘူး။ လူရှင်းအောင် စောင့်ဆိုင်းတာတွေ့ရပါတယ်။ သူတို့ရဲ့ အိမ်လေးတွေက ချစ်စရာကောင်းပါတယ်။ ခြံစည်းရိုးနှိမ့်နှိမ့်လေးနဲ့ ပြတင်းပေါက်တွေက ရှိုးကေ့ ပုံစံ အလှဆင်ထားတာ မြင်ရပါတယ်။ ကလေးတွေအတွက်
ပညာရေးကတော့ လွတ်လပ်တဲ့ သင်ယူမှုပါပဲ။ primary school မှာ စာမေးပွဲ မရှိဘူးလို့ သိရပါတယ်။

သူများနိုင်ငံတွေကို လေ့လာအပြီး စင်ကာပူနိုင်ငံကို ပြန်ကြည့်တဲ့အခါ ကောင်းကွက် ဆိုးကွက်တွေ သင်ယူစရာတွေ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံမှာ ထွန်းကားတဲ့ ယဉ်ကျေးမှုကတော့ ၀ါးလုံး ယဉ်ကျေးမှုဖြစ်ပါတယ်။ သင် HDB Flat တခု ပိုင်ဆိုင်ရင် ၀ါးလုံးတစ်စည်းလည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ လူနေ HDB အဆောက်အအုံ နောက်ကျောဘက်မှာ အ၀တ်လှမ်းဖို့ ၀ါးလုံးလိုပါတယ်။ သန့်ရှင်းလှပတဲ့ အဆောက်အဦးနောက်ဘက်မှာ လေနှင့်အတူ လွင့်နေတဲ့ အ၀တ် ဥယျဉ်ကြီးများ ရှိနေတတ်ပါတယ်။

အပေါ်ဆုံးထပ်မှ လူများအတွက် အခက်အခဲမရှိပေမယ့် အောက်ဆုံးထက်က လူအတွက် မသန့်ရှင်းတဲ့ရေကျတာ စသည့် စိတ်အနှောက်အယှက်ဖြစ်စရာတွေ ရှိနေတတ်ပါတယ်။ အတွင်းခံအ၀တ်အစားတွေလည်း မျိုးစုံတွေမြင်ရပါမယ်။ ထို့အတူ ကြမ်းတိုက်အ၀တ်။ စလောင်းဖုံး။ ခြင်းတောင်း စသည့် တိုလီမုတ်စများလည်း တခါတလေမြင်မကောင်းအောင် တွေ့ရပါတယ်။ ပန်းအိုးများပင် ချိတ်ဆွဲတတ်ပါသေးတယ်။ ၀ါးလုံးထည့်ရန် အပေါက်များကိုလည်း ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မိုးရေမ၀င်ရောက်စေရန် စနစ်တကျ ဖုံးအုပ်ထားသည်ကိုလည်း တွေ့ရပါတယ်။

မီးရထားစီးရာတွင်လည်း အတုယူစရာကောင်းတဲ့ အလေ့အကျင့်လေးတွေ တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ရထားပေါ်မှ အဆင်း ခရီးသည်များကုန်မှသာ ၀င်ရောက်ကြပါတယ်။ ရထားပေါ်ရောက်ရင်လည်း ဖုန်းကို silent mood လုပ်ထားကြပါတယ်။ ထိုင်ဝမ်မှာတော့ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်း နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကလေးသူငယ်များအတွက် သီးသန့်ခုံတွေ တွေ့ရပါတယ်။ စင်ကာပူမှာကတော့ ထိပ်ဆုံးခုံ နှစ်ခုကို priority seat အဖြစ် သတ်မှတ်ထားပါတယ်။

Food Court များမှာ self service နဲ့အတူ ကိုယ်စားပြီးသား tray များကို သန့်ရှင်းခဲ့ပါတယ်။ ပုဂံစင်မှာ စနစ်တကျ ထားခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် စနစ်တကျ တန်းစီကျတာလည်း လေးစားဖွယ် စနစ်တခုဖြစ်ပါတယ်။

စင်ကာပူမှာ နောက်ထပ် အတုယူဖွယ်ကောင်းတဲ့ အလေ့အကျင့်က စက်လှေကား စီးတဲ့အခါ ဘယ်ဖက်ကို ကပ်ပေးခြင်းဖြင့် ကူညီပေးကြပါတယ်။စင်ကာပူနိုင်ငံဟာ အမှိုက်ကင်းစင်ပြီး သန့်ရှင်းလှပတဲ့ မြို့ဖြစ်ပါတယ်။ နေရာတိုင်းမှာ အမှိုက်ပုန်းများနှင့်အတူ recycle bin များလည်း ရှိပါတယ်။ အ၀တ်အစား၊ ပုလင်း ၊စက္ကူ၊ သတ္တု စသည်ဖြင့် ခွဲခြားထားပါတယ်။ ကလေးသူငယ်များကိုလည်း စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်အောင် သင်ကြားပေးထားကြပါတယ်။ ဈေးဝယ်တဲ့ နေရာမှာလည်း Eco bag လို့ခေါ်တဲ့ ကိုယ်ပိုင်အိတ်များကို သုံးစွဲခြင်းဖြင့် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ကျအောင် green environment ကိုဖန်တီး နေကြပါတယ်။

တိုးတက်လာတဲ့ လူဦးရေနှင့်အတူ ကမ္ဘာကြီး ပိုမိုလှပအောင်၊ ပတ်ဝန်းကျင် နေချင့်စဖွယ်ဖြစ်အောင် နောင်လာမယ့် မျိုးဆက်တွေကို ကောင်းမွန်တဲ့ အမွေတွေ လက်ဆင့်ကမ်းရင်း အတူအကွ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်း...

ခင်တဲ့
ရေတမာ

19 comments:

မေလေး said...

နာ့လဲအဲဒီနေ့က ကြည့်လိုက်ရတယ်။
စလုံးထက် ပိုသာတာပေါ့ဟ။
စလုံးမှာ ရထား အဆင်းလူကိုဦးစားပေးရမယ် ဆိုတာ သိသိကြီးနဲ့ အတင်းတိုးဝင်တာ။
ရထားပေါ်မှာ အော်ကြီးဟစ်ကျယ် ကိုယ်အိမ်ကိုယ်ရာလို ပြောနေတာ။ အတွဲတွေ ဘေးမှာဘယ်သူမှ မရှိသလို သဘောထားနေနိုင်ကြတာ။ ဟူးးးးးးးး
အများကြိးဘဲ။ စလုံးတောင် အဲလိုဆို တို့ ရွှေပြည်ကြီးကတော့.................ဟူးးးးးးးး

Waing said...

အဲ့ဒီလိုအစီအစဉ်လေးတွေ ကြည့်ရတာ ဗဟုသုတအရမ်းရပါတယ်။ နိုင်ငံအစုံကိုသွားပြီး သူတို့တွေရဲ့ life style တွေရိုက်ကူးတင်ဆက်ပေးတာ အင်မတန်ကောင်းပါတယ်။ တစ်နိင်ငံနဲ့တစ်နိုင်ငံ မတူတဲ့ ဓလေ့တွေကိုလည်း တွေ့ရတတ်လို့ပါ။ သူများနိုင်ငံတွေ တိုင်းပြည်တွေ တိုးတက်ပြောင်းလဲနေတာကို ကြည့်ရတာ ကျေနပ်အားရစရာပဲနော်...

Beauty Studio USA Branded Store said...

တို့ရွှေနိုင်ငံကြီးမှာလဲ ဒီလိုရှိသင်တယ်နော်။

မေလေး said...

မန့်တာနည်းလို့ နာ့ထပ်မန့်တယ်
နာ့ ၄ ကွ

မေလေး said...

ဟင် ၅ လဲမယူသေးဘူးကိုးးး

မေလေး said...

၆ လဲ ဆက်ယူပါ့မယ်

မေလေး said...

ဖြူစင်ကြယ်လဲအိပ်နေတုန်း ၇ ယူလိုက်အုန်းမယ်

မေလေး said...

၈ ဆက်လိုက်ရကောင်းမလားဘဲ

မေလေး said...

၉ နဝင်းကြေအောင်လို့
၉ ဟယ်

မေလေး said...

ဘလော့ပိုင်ရှင်မသိခင် ၁၀ ဟယ်

မေလေး said...

ဒါနောက်ဆုံးဘဲ ၁၁ မီးလေးငြိမ်းအောင်ပါ

ငချမ်းကောင် said...

အိမ်မှာက တီဗွီမရှိတော့ ဘယ်channelမှ မကြည့်ရဘူး။ ခုလို ကိုယ်သိထားတာလေးကို ပြန်မျှဝေတာ အင်မတန်ကောင်းပါတယ်။ နောက်လည်းဆက်ရေးဖို့ အားပေးပါတယ်။

Angel Shaper said...

အင်းးးးးးးးးးးး ဒေါ်နှင်းဆီ သောင်းကျန်းနေလို့ ခပ်သွက်သွက်လေး ဖတ်ပြီး ပြန်ပါပြီ။
သတင်းစုံ မျှဝေမှုတွေ ကျေးဇူး။

kiki said...

မောင်ရာတမေ ၏ အမြင်လေးများ ကို ကြည့်သွားပါသည်။
ကောင်းတာတွေ ဖြစ်စေချင်ကြပါသည် ။
ရှေ့ ဆောင် နွားလား ဖြောင့်ဖြောင့်သွား မှ နောက်နွားစဉ်စိုက် ဖြောင့်ဖြောင့်လိုက်မည် ဆိုသော စကားလေးကို ဆက်ပြီးတွေးမိလိုက်ပါသည် ။
ရွှေပြည်ကြီးအတွက် အိပ်မက်များ ..
တနေ့ နေ့ တော့ ဖြစ်လာပါလိမ့်မည် ။
(ဘယ်နေ့ မှန်းသာ မသိသေးလို့ 
မျှော်လင့်ချက်နှင့် အသက်ရှင် နေလိုက်သည် )..

ဘောနပ်စ်..( Bonus)
အချစ်ကြီးတဲ့ မရွှေနှင်းဆီ ရေ .. ဆက်ခြစ်ပါဦးလား လို့ 

Beauty Studio USA Branded Store said...

တို့ဆီမှာ ဒါမျိုးတွေ ကျတော့ မလွှင့်ဘူး။ဘာမဟုတ်တဲ့ ကားရီးယိုတွေကျတော့ ဆက်တိုက်။အိမ်ကသူတွေ ကြည့်ကျလွန်းလို့ အိပ်ရေးပျက်ပေါင်းများပြီဗျာ။ ဒီပ်ုစ်လေးသဘောကျလို့ ထပ်လာမာန့်တာဗျာ။

rose of sharon said...

ဗဟုသုတရတယ်... အဲလိုအစီအစဉ်မျိုးလေးလာရင်ကြည့်ချင်တယ်...

တလနွန် said...

မကြည့်ဖြစ်လိုက်ဘူး။ တစ်နိုင်ငံစီ ရဲ့ မတူညီတဲ့ဓလေ့စရိုက်တွေထဲက ကောင်းကွက်တွေကို ကြည့်ရင်း အတုယူသင့်တယ်နော်။ ရွှေပြည်ကြီးကို တိုးတက်ခေတ်မှီစည်းကမ်းရှိတဲ့ နိုင်ငံဖြစ်စေချင်တယ်။
ဒါပေမဲ့ အလွဲလွဲတွေပဲ ဖြစ်နေတုန်း။

ခင်မင်ခြင်းနှင့်
တလနွန်

နေစိုးနိုင် said...

သာဓုပါတော် ...
( အုံတုံ သို့သတိရခြင်း )

မိုးစက်အိမ် said...

အမြင်လေးတွေ share လုပ်တာ ကောင်းတယ်ဗျာ
ဘာဘဲဖြစ်ဖြစ်မတူညီတဲ့ အခြေအနေလေးတွေသိ
သွားရတာပေါ့ဗျာ