Tuesday, October 13, 2009

ကျေးဇူးတင်လွှာ

ဘလော့တွေ လျှောက်လည်းရင်း ကိုသီဟသစ် တို့ ကိုဖြိုးမော်တို့ ဘလော့တွေမှာ ဘယ်သူက မှတ်ချက် ဘယ်လောက်ပေးခဲ့သလဲ ဆိုတာလေး တွေ့တော့ စိတ်ဝင်စားမိတယ်။ ကိုသီဟသစ်ဆီက တောင်းမယ် တောင်းမယ်နဲ့ တေးထားတာတော့ကြာပါပြီ။ ပြီးခဲ့တဲ့ စနေနေ့ကမှ သူ့ဆီကရတော့ သူပြောတဲ့အတိုင်း လုပ်ကြည့်လိုက်တယ်။ မကီကိ၊ အမ rose ၊ကိုလူထွေးတို့ ထဲက တယောက်ယောက် ပထမရမယ် ထင်တာ။ ထင်မှတ်မထားတဲ့ ကျနော့် အကို ကိုနိုင်က ၆ ခုအသာနဲ့ ပထမ ရသွားပါတယ်။

ကိုနိုင်က ကျနော် ဘလော့ စရေးကတည်းက တဦးတည်းသော ကွန်မန့်ပေးခဲ့သူပါ။ သူပေးတဲ့ ကွန်မန့်လေးတွေနဲ့ ကျနော် ရှေ့ဆက်ဖြစ်တာ ဆိုလည်း မမှားပါဘူး။ ကိုနိုင် မြန်မာပြည် ပြန်သွားတော့ သူပေးတဲ့ ကွန်မန့်တွေ မရတော့ပါဘူး။ ခုနောက်ပိုင်း စိတ်အရှိအတိုင်းရေးထားတဲ့ ကွန်မန့်တွေ ပြန်တွေ့ရတော့ ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ကိုနိုင်။

ကိုနိုင်ပြန်ခါနီး စာတွေရေး၊ ဘလော့တွေ လိုက်လည်နဲ့ သူငယ်ချင်းတွေ ရလာပါတယ်။ မမကွန်း၊ မငုံ၊ တလနွန်၊ မနှင်း၊ ကိုသားကြီး၊ မကီ၊ မိုးစက် တို့ပေါ့။ သူတို့တတွေ ဘလော့မှာ လိုက်လည်၊ စနောက်နဲ့ ခင်မင်လာရင်း သူတို့နဲ့ ခင်တဲ့ ဘလော့က သူငယ်ချင်းတွေပါရလာတယ်။ ကိုသီဟသစ် နဲ့ တလနွန်တို့က မိတ်ဆက်ပေးရင်း စလုံးက သူငယ်ချင်းတွေနဲ့ ခင်မင်ခဲ့ရတယ်။ တခြားနိုင်ငံက သူငယ်ချင်းတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် သွေးအေးခဲ့ပေမယ့် မကီ ကတော့ ပိုစ်တိုင်း ခင်မင်ကတည်းက စပြီး ကွန်မန့်ပေးလာခဲ့တာ ခုချိန်ထိပါ။ ကျေးဇူးအကြီးကြီးတင်ပါတယ် မမကိခင်ဗျာ။

နောက်ထပ် ပြောချင်တာ ကျနော့ သူငယ်ချင်း အရင်းကြီးတွေဖြစ်တဲ့ အိန်ကျယ် နဲ့ မေလေး။ တတိယနဲ့ စတုတ္တဆိုပေမယ့် သူတို့က အိမ်မှာ လာသောင်းကျန်းရင်း တတိယ စတုတ္တရနေတာပါ။ ပိုစ့်တခုကို နေရာလုရင်း လေး ငါး ဆယ်ခု မန့်ထားတာကို များမှာပေါ့ဗျာ။ ကျနော်က ပိုစ့်တွေအပြင် ကွန်မန့်တွေလည်း ဖတ်ရတာ ၀ါသနာပါတော့ နေရာလုတဲ့ ကွန်မန့်တွေက တခါတလေ အနှောက်အယှက်ဖြစ်ပါတယ်။ တခါတလေလည်း ဖတ်ရင်း ပျော်စရာတွေ ကူးစက်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတို့ရဲ့ ကွန်မန့်တွေသာ မရှိရင် ဒီလောက်ရေးဖြစ်မယ် မထင်ပါဘူး။ ကွန်မန့်ပေးသွားသူ အပေါင်းအား ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုယ့်ဘလော့မှာ ဘယ်သူ ကွန်မန့်ဘယ်နှစ်ခုပေးခဲ့သလဲ ဆိုတာသိရအောင်
Layout > page elements > add a gadget > html/javascript ကိုရွှေးပြီး ဒီ code လေးထည့်လိုက်ပါ။

Coding ကို http://www.filefactory.com/file/a22fe0f/n/coding_txt ရယူနိုင်ပါတယ်
ခင်တဲ့
ရေတမာ

20 comments:

နေစိုးနိုင် said...

ထင်မထားတဲ့ထဲမှာ ငါလည်းပါတယ်ညီရေ..
ဒီလိုပါပဲ

ထင်မထားလဲဖြစ်တတ်တာပဲ..

အများဆုံးမန့်တဲ့လူနဲ့ အကောင်းဆုံးမန့်တဲ့လူကိုတော့ ခွဲခြားသိထားပါကွာ . . .

အရည်အချင်းနဲ့ အရေအတွက် က တစ်ခါတစ်လေ တိုက်ရိုက်အချိုးမကျဘူးကွ . . .
( ဆရာလုပ် သွားပါသည် )

မေလေး said...

ဟွမ်းးးးး
ဘာာာာာာာာ
စိတ်အနှောင့်အယှက် ဖြစ်တယ် ဟုတ်လားးးးး
နောက်ဘယ်တော့မှလာမမန့်ဘူးအေ့
ကြီးကျယ်ထှာ
(ရှေ့ဘဲမန့်မှာ)

မိုးခါး said...

:D
ကျေးဇူးတင်လွှာ လာဖတ်တာ .. တဂ်ထားတယ် .. ငါ့ကို ကျေးဇူးမတင်လို့ :P

သံလွင် HeRo said...

ပြန်လည်ကျေးဇူးတင်သွားတယ်...
ကျနော်လဲလုပ်ကြည့်ဦးမှပဲ
ကျေးဇူးကိုတမာ

kiki said...

အွန်မငေးးး ရာတမေရယ် ...
ကွန်မန့် ဆိုတာ ..တခါတလေ လဲ ဘာပေးရမှန်းမသိ တဲ့ အခါမျိုးတွေ ရှိတတ်ပါတယ် ။
ကိုနေစိုးနိုင်ပြော သွားသလိုပါဘဲ အရေအတွက်ထက် အရည် အချင်းက ပို အရေးပါတယ်လို့ ထင်မိတယ် ..

ဟေးးး၁ ... ၂... ၃ .......၁၀၀၀ လောက်ထိ ရေးသွားလို့လဲ ဘာမှ အရာမရောက်ပါဘုးလေ ပျော်စရာတခုတော့ ဖြစ်ရတာပေါ့ ...ရင်ထဲမှာ တခုခု ကို ချန်ခဲ့ပေးနိုင်တဲ့ အယူအဆလေးတွေ နဲ့  ဝေဖန်ထားတာမျိုးပဲ အမ ပိုကြိုက်ပါတယ် ( ကိုယ့်အယူ အဆ ပြောတာနော် ) ။
ဒီတော့ ဒီလို တင်ပြီး တွက်လို့ရတဲ့ နည်းပညာလေးရှိပါလား ဆိုတဲ့ အသိလေးနဲ့ ပဲ ကြည့်သွားလိုက်တယ် ...( ပြောပြပေးတာတော့ ကျေးဇူးပေါ့လေ ... ) ။ ဒါပေမဲ့  ကိုယ့်ဆီမှာတော့ ဒီလိုလိုက်မတွက်ချင်ဘူး .. ကော်မန့် ပေးတဲ့သူတွေ ကို ဖိအားပေးသလိုမျိုး ဖြစ်သွား မှာ စိုးလို့ ပါ ..
အဆင်ပြေပါစေ နော် ..

တလနွန် said...

အော် ကော်မန့် လေးကနေ စလို့  ခင်မင်မှုတွေရရှိခဲ့တာ
ဘလော့ဝန်းကျင်မှာပဲ ရှိတယ်။
ပျော်ရွင်ပါစေဗျာ။

ခင်မင်ခြင်းများနှင့်
တလနွန်

စည်သူ said...

အော်.. အဲလိုလား..ဂလိုလား..
လိုက်ကြည့်အုံးမှ..

အခုလိုရင်ဖွင့်စကားလေးကြားရတာ ဝမ်းသာပါတယ်..

ပျော်ရွှင်ပါစေ..

ကောင်းကင်ပြာ said...

တို့လဲ ကျေးဇူး လာတင်သွားဘာာာာတယ်...

ပုံ့မေ said...

း)) နာ့ကိုလဲ ကျေးဇူးတင်တဲ့ အနေနဲ့ မုန့် လေး ဘာလေး ညာလေး များ ကျွေးမွေးချင်စိတ်ကလေး နည်းနည်းလေး များမရှိဘူးလားးးးးးးး :D

တောင်ပေါ်သား said...

နင်တော့နော် ငါ့ကိုလဲ ကျေးဇူးမတင်ဘူး ရပါတယ်း) အဟွန့်း))))))))))

နင့်ကုတ်တွေက ကော်ပီမှ လုပ်မရတာ ရိုက်ရင်လဲ တနေရာမှားသွားရင် ရှာရဦးမယ်း) ပြန်တင်ပေး

ကျေးဇူးမတင်လို့ ပြန်ရစ်တာကွ မှတ်ပြီလား ဟွန်းးး


လေးစားလျက်
တောင်ပေါ်သား

တောင်ပေါ်သား said...

အမယ် ငါလဲ ကောမန့်များအောင် လုပ်တာမဟုတ်ပါဘူးနော့်း) ဖွားကီက များမှာပေါ့ သူက အွန်လိုင်းက သရဲလေး) အဟီးးး သူပဲ ငါ့ပိုစ့်မှာ ကောမန့် ၁၀ ခါလောက် ပေးသွားတား)


လေးစားလျက်
တောင်ပေါ်သား

တောင်ပေါ်သား said...

အော် မေ့သွားလို့ ( ကောမန့်တွေတော့ များနေပြီထင်တယ် အဟီးးး )

နင့်ဖွားကီ ပြောသွားတာ မယုံရင် ငါ့ဘလော့လာကြည့်လိုက်


လေးစားလျက်
တောင်ပေါ်သား

Angel Shaper said...

အော်....
စိတ်အနှောင့်အယှက်ဖြစ်တယ် ဟုတ်စ။
ဘယ်တော့မှ ဘယ်တော့မှ ဘယ်တော့မှ.....
မပေးတော့ဘူးးးးးးးးးးးးးးး ကွန်မန့်ပြောပါတယ်။
တကယ်ကွေးတယ်။ ဟွန်းးးးးးးးးးးးးး
မမန့်ခဲ့ဘူးဟေ့။

Angel Shaper said...

မမန့်ဘူးနော်။
ဒါပဲ။

rose of sharon said...

ဟုတ်ပနော်... အဲလို ကော်မန့်ရေးသွားသူတွေကို ကျေးဇူးတင်ကြောင်းပို့စ်လေးတင်သင့်တာ အခုမှသိတယ်.. ... ကျေးဇူး

ငချမ်းကောင် said...

တော်သေးတယ်။ ၁ခုအသာနဲ့ ကိုယ့်အောက်မှာ ၂၃ ယောက်တောင်ရှိတယ်။ ဘာရမလဲ ငါကွ။

Ree Noe Mann said...

ဒီလိုပါပဲ ညီ
လောကမှာ ဖြစ်မယ်လို့ ထင်ထာတဲ့ အရာတွေက
ခက်ခဲပြီး ခက်ခဲမယ်လို့ ထင်ထားတဲ့ အရာတွေက
လွယ်ကူနေတက်တာ သဘာဝပါပဲကွာ

ကိုရီနို

မိုးစက်အိမ် said...

ကိုယ်တို.က ရေတမာဘလော့ ရဲ့  first generation
မှာပါသွားတာဘဲကွ . . . ဌဲ ဌဲ :P

ကိုလူထွေး said...

ရေတမာသင်ပေးလို့ လိုက်လုပ်ကြည့်တာ ရေတမာက အဆင့် ၁၂၆ ရတယ်ဗျို့...

းဝ)

ညီညီ said...

ကိုရေတမာရေ ကျွန်တော်လည်းကုဒ် ကူးသွားပြီး .အဆင်ပြေတယ်. ကျေးဇူးဗျာ

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)