Wednesday, October 21, 2009

ဖြူစင်ပါရစေ


ငယ်ငယ်ကပန်းချီဆွဲတာ တော်တော်ခလေးစီးဖြစ်တယ်။ ခဲပန်းချီတင် ရပ်သွားတယ်။ တီဗွီကလာတဲ့ ဆရာလွန်းကြွယ် လက်ချာတွေ မလွတ်တမ်းကြည့်တယ်။ သူငယ်ချင်း အောက်ဒိုးထွက်ရင် အားကြီးသဘောကျတယ်။ အဖြစ်မရှိဘူး ဆိုကြပါစို့။ ၀ါသနာရှင် အဆင့်က နှုတ်ထွက်လိုက်တယ်။ ဒါပေမယ့် ပေစောင်းစောင်း ပြန်ကြည့်တုန်းပါ။ စိတ်နောက်လည်း သိပ်မလိုက်နိုင်တော့ဘူး။

ရေဆေးတွေ ဆီဆေးတွေ အားကြီးကြိုက်တယ်။ ဆေးသားတွေနဲ့ ပုံဖော်နေတာ ကြည့်ရင်း ပိတိဖြစ်မိတယ်။ ကိုယ့်စိတ်ကူးထဲက အရောင်ကို ဆေးစပ်တဲ့ အပြားပေါ်မှာ ဆေးလေးညစ်ပြီး စိတ်ကြိုက်အရောင်စပ်။ ကင်းပတ်လေးပေါ် တင်လိုက်တော့ အနုပညာခေါ်ခေါ်၊ ရုပ်ပုံပဲခေါ်ခေါ် ပုံပေါ်လာတာပဲမဟုတ်လား။ ဒါပေမယ့် ဆေးစပ်တဲ့ အပြားလေးကတော့ စွန်းထင်းပေကျံခဲ့တာပဲလေ။

ကျနော်ကိုယ်နှိုက်ကရော လိုချင်တပ်မက်မှုအတွက် ကိုယ့်စိတ်မှာ လောဘ၊ဒေါသ၊မောဟ တွေနဲ့ ဆေးစပ်ရင်း ပုံဖော်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ စိတ်ကလည်း ဆေးစပ်တဲ့ အပြားလိုပဲ ညစ်ထေးမှုတွေ စွန်းထင်းနေတာ ကြည့်လို့တောင် မကောင်းတော့ဘူး။ ဆေးစပ်တဲ့ အပြား(စိတ်)လေးသာ ညစ်ထေးနေတာမဟုတ်ဘူး ကျနော် ရေးဆွဲခဲ့တဲ့ သို့မဟုတ် ရေးခြစ်ခဲ့တဲ့ ပုံကရော စိတ်ကျေနပ်စရာကောင်းအောင် ပီပြင်လှတာမဟုတ်ပါဘူး။

ပညာတတ်ကြီးပုံရေးဆွဲခဲ့တယ် အစိမ်းရောင်ဆေးလေးတွေသာ ကုန်တယ် ပီပီပြင်ပြင်ဖြစ်မလာဘူး။ တိုက်ပုံ ကားပုံတွေ ရေးခဲ့တယ်။ ကောက်ကြောင်းတွေတောင် မပီဝိုးတ၀ါးပဲရှိသေးတယ်။ ပျော်စရာမိသားစုပုံလေးရော ကင်းပတ်တောင် မ၀ယ်နိုင်လို့ စိတ်ကူးထဲမှာ သိမ်းထားတယ်။

ဆေးစပ်တဲ့အပြားလေးက ဆေးကြောလို့မရတော့ဘူးနော်။ နောင်တတွေတွေ့တိုင်း အဲဒီဆေးစပ်တဲ့ အပြားလေးကို မြင်မြင်လာတယ်။ ပေကျံခဲ့တဲ့ စိတ်ရောင်စုံတွေလည်း ဆေးကြောလို့ မရတော့ဘူး။ ဖြူစင်ပါရစေ။ ဖြူစင်ပါရစေဗျာ

16 comments:

kaungkinpyar said...

နားမလည်နိုင်ဘူးကွယ်..ပုံကြည့်ပြီး ပြန်သွားတယ်...မျက်လုံထဲ ကာလာ ရောင်စုံ ရောက်သွားတယ်....ဘာပေးချင်တာပါလိမ့်...း)

ကောင်းကင်ပြာ said...

ပန်းချီကို ခလေးစီး ဖြစ်တဲ့ ဆရာကြီးး ကင်းဘတ်စ၀ယ် မိသားစုအတွက် အကောင်အထည်ဖော် တိုက်တွေ ကားတွေ ပုံကနေ တကယ့်ပညာတတ်ကြီး လဲ ဖြစ်အောင် လုပ်ပါ..

တောင်ပေါ်သား said...

အင်း အရာရာဟာ တခုခုလိုချင်ရင် တခုခုကို ပေးဆပ်ရတာပဲမလား ပန်းချီကောင်းတခုလိုချင်တယ်ဆိုရင်တော့ ဆေးကာလာတွေ များများ သုံးတတ်တာပဲလေ ဒါဆို ဆေးစပ်တဲ့ အပြားပေါ်မှာ ဆေးစက်တွေများပြီး ကျန်ခဲ့မှာပါပဲ။ ဒါပေမဲ့ အဲ့ဒီအပြားကို ပန်းချီဆရာတိုင်းက ဆေးကြောကြပါတယ်။ ပြီးတော့ ကျန်ခဲ့တဲ့ ဆေးစက်တွေကိုလဲ မြတ်နိုးကြပါတယ်။ ဘ၀မှာ တခုခုကို လိုချင်တယ်ဆို တခုခုကိုပေးဆပ်ရမယ် ဒါပေမဲ့ ပေးဆပ်တတ်ဖို့လိုအပ်ပါတယ်ဗျာ.. အရာရာတိုင်း ဖြူစင်နေရင်တော့ အကောင်းဆုံးပေါ့ ဒါပေမဲ့ အရာရာတိုင်းဖြူစင်နေမှတော့ လှပတဲ့ ပန်းချီကားတွေလဲ ရတော့မှာ မဟုတ်ပါဘူး


လေးစားလျက်
တောင်ပေါ်သား

နွေးနေခြည် said...

ပေကျံခဲ့တဲ့ စိတ်ရောင်စုံကို ဆေးကြောလို့မရတော့ဘူး...တဲ့လား...
ဆေးကြောလို့မရရင်တောင် ပေကျံခဲ့သလို ထပ်မပေကျံဖို့ သင်ခန်းစာယူလို့ရတယ်လေ။ ဒါအမြတ်ပဲ မဟုတ်ဘူးလား။
ဖြူစင်ပါရစေထက် ဖြူစင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်ပါ သူငယ်ချင်ရေ...

နှင်းနဲ့မာယာ said...

ဆရာကြီးရေ
လူဆိုတာ အူဝဲလို့ အော်နေတဲ့အချိန်လောက်ပဲ
ဖြူစင်ကြတာလေ...
မူကြိုရောက်တာနဲ့ စပြီး ညစ်ပတ်တော့တာပဲ...
ဆရာကြီးတစ်ယောက်တည်း ညစ်ပတ်နေတာဟုတ်ဘူး...
ဆရာကြီး ဘေးပတ်ဝန်းကျင်က လူတွေအားလုံး
ညစ်ပတ်နေကြတာပဲ...
ဘာမှစိတ်မကောင်းမဖြစ်နဲ့နော်...

နှင်း

မေဇင် said...

ကြိုးစားကြတာပေါ့...။ ပေကျံခဲ့တဲ့ အရာတွေကို ဆေးကြောလို့ မရတော့ဘူးဆိုရင်..အဖြူရောင် ပြန်ရဖို့မလွယ်ဘူးလေ...။ ဒါကြောင့် ဖြူစင်ဖို့ထက် ရိုးသားဖို့ ကြိုးစားစို့...။း))

တလနွန် said...

ကျနော်ကတော့ ကာလာလေးတွေ သဘောကျတယ်။ ကာလာဆိုတဲ့ ခံစားချက်တွေရှိမှ လှပတဲ့ ရည်မှန်းချက်တွေဖြစ်ပေါ်လာတာပဲ။ ကင်းပတ်လိုပဲ စိတ်မှာ ကာလာပေါင်းစုံ ဖန်တီးနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုဖန်တီးတဲ့နေရာမှာ Negative ဆန်တဲ့အရောင်တွေ မဖန်တီးဖို့ ပဲ လိုတယ်လို့ ထင်တယ်။ ကာလာနဲ့ ပတ်သက်ပြီး ကျနော့ရဲ့ အမြင်ပါ။

ဖြူစင်တဲ့ကာလာနဲ့  ရှင်သန်နိုင်ပါစေ

ဂျပန်ကောင်လေး said...

ရေဆေးနဲ့ ဆီဆေးမြင်လိုက်ကတည်းက မလိုက်နိုင်တော့ဘူး.. အဟီး..

Ree Noe Mann said...

ပန်းချီ ကိုတော့ သိပ်နားမလည်ဘူးညီ။

လူ့ဘဝမှာတော့ ဖြူစင်အောင်နေနိုင်ရင်

အကောင်းဆုံးပဲလို့ အကိုတော့ ထင်တယ်။

ခင်တဲ့ ကိုရီနို

မိုးခါး said...

ပန်းချီကားတချပ်က အေ၇ာင် မစုံရင် လှပမလား .. သူ့နေရာနဲ့သူ လှပအောင် ခြယ်ပေးနိုင်မယ်ဆို မဆိုးလှပါဘူး ..
ကင်းပတ်ပေါ်မှာ ခြစ်ချင်ရာ မချစ်ပဲ စံတခုထားပြီး ခြယ်မယ်ဆိုရင်ရော ..
ဖြူစင်ဖို့ဆိုတာ မနှင်းပြောသလိုပဲ အူဝဲတုန်းက စကားမပြောတတ်ခင်ကမှ ဖြူစင်ဘူးတာ .. ကြီးလာလေလေ ညစ်ပတ်လေလေပဲ .. မတတ်နိုင်ဘူးလေ .. လူတွေကြားထဲနေနေရတာကိုး ..
ဟင်း .. တွေးရင်းတွေးရင်း ရှုပ်ကုန်ပါပြီ ကိုရေတမာရယ် .. ဖြူစင်ဖို့ ရိုးသားဖို့ သူများအပေါ် ကလိန်မကျဖို့ ကြိုးစားရမှာပေါ့ ..း))

မေလေး said...

နာ့ ညနေက လာဖတ်တုန်းက စာမပါပါဘူး။
ပုံချည်းဘဲ မလစ်လို့ မမန့်ခဲ့တာ ထုကျ....
ပန်းချီနားလည်ဘူးဆို

ဖြူစင်အောင် ကြိုးစားနေ ရာတမေရေ

ပုံ့မေ said...

ရေတမာရေ... ပန်းချီကားကောင်းလေး ဖန်တီးနိုင်ဖို့  ဆေးစက်နဲ့ ဆေးစပ်အပြားတော့ သုံးရမှာပေါ့ သူငယ်ချင်းရေ..

ဆွဲခြစ်ခဲ့တဲ့ ဝိုးတဝါးပန်းချီကား၊ စိတ်ထဲမှာပဲ သိမ်းထားရတဲ့ စိတ်ကူးအိမ်မက်တွေ ထင်ရှားသက်ဝင်လာအောင် သူငယ်ချင်းရေးခြစ်နိုင်ပါစေ။....

Angel Shaper said...

အပေါ်က လကြီးပြောသွားတာမှန်တယ်။
ဘ၀မှာ ခါလာစုံလေးတွေကို လှလှပပဖြူဖြူစင်စင်လေး ဆေးခြယ်နိုင်ပါစေဟာ။
ရေတမာကြီး ဖြူစင်ပါစေလို့ ဖြူစင်ကြယ် ဆုလာပေးတယ်။ ဒါဗြဲ။။။။

သံလွင် HeRo said...

ဆေးစပ်ပြားလေးက ပေကျံခဲ့တဲ့ဆေးစက်တွေကို
ပြန်လည်ဆေးကြောလို့မရတော့ပေမဲ့...
အနီလိုချင်ရင် ပေနေတဲ့အနီပေါ်မှာဆေးညှစ်ပြီးဆွဲ၊ အစိမ်းလိုချင်ရင်လည်းထိုနည်းလည်းကောင်း
ပဲ၊ပိုပြီးညစ်သွားအောင်လုပ်တာတော့မဟုတ်ပါ
ဘူး။ လက်ရာမြောက်တဲ့စုတ်ချက်နဲ့ လှပတဲ့
ပန်းချီတစ်ကားရဖို့အတွက် ရင်းရတာပါ။
ဆွဲခဲ့တဲ့ ပုံတွေအခုမလှသေးရင်တောင်မှ နောင်လှလာတော့မှာ။ကုန်ခဲ့ဆေးတွေများပြီး ပုံကမပီပြင်သေးပေမဲ့နောင်ဆိုရင်ရုပ်လုံးကြွ
ကြွလေးကိုပေါ်နိုင်တော့မှာပါ။ ဖြူစင်မှုကို
ကလေးဘဝမှာပဲထားခဲ့ပြီး ရိုးသားမှုတွေနဲ့
အောင်မှုတွေကို ရယူနိုင်ပါစေဗျား။

စည်သူ said...

ရပါတယ် ရေတမာရေ့

ကြိုးစားရမှာပေါ့လေ..
အများအတွက် မဖြူစင်ချင်နေပါစေ
ကိုယ့်ကိုကိုယ် ဖြူစင်အောင် ကြိုးစားရင် အများအတွက်ပါ ဖြူစင်သွားပါလိမ့်မယ်..

အင်း..
ရေဆေးနဲ့ ဆီထိုး.. အာ..မှားကုန်ပြီး ရေဆေးနဲ့ဆီဆေး.. သိတော့သိတယ် နားမလည်ဘူး ပန်းချိဆိုလို့ တစ်ခါဆွဲရင် တီကောင် ဆယ်ကောင် လောက်တော့ ဆွဲတတ်ပါတယ်..းP

ပျော်ရွှင်ပါစေညီရေ..

Libratun said...

အဖြူဆိုတာ ရှိသမျှ အရောင်ပေါင်း ၁၆ သန်း ကျော်တဲ့ အရောင်စုံ ပေါင်းထားတာပါ။ ဆိုတော့ကာ အကျိုးပြုနိုင်မယ့် စုတ်ချက်လေးတွေနဲ့ တောင်းတဲ့ ဆု ပြည့်တယ် ခင်ဗျ။