Tuesday, June 05, 2012

Bus ကားပေါ်မှ ဟာသများ

တနေ့က မြို့ထဲကို အထည်သွားပို့တယ်။ အထုပ်တွေနဲ့မို့လို့ အဲကွန်းbus ပဲစီးမယ်လို့ ဆုံးဖြတ်ပြီး ၈၆ တက်စီးလိုက်တယ်။ ကားက ဘေးဖက် ၂ ဖက် မျက်နှာချင်းထိုင်စီးရတဲ့ကားဖြစ်နေတယ်။ အထုပ်တွေနေရာချပြီး ခုံမှာ ထိုင်စီးသွားလိုက်တယ်။ လမ်းဆုံမှာ အမျိုးသမိးကြိးတယောက်ရယ် ကလေးတယောက်ရယ် ကောင်မလေးတယောက်တက်လာကြတယ်။ ကျနော်ဘေးမှာ ၂ ယောက်ပဲထိုင်လို့ရတော့ အမျိုးသမီးကြီးနဲ့ ကလေးနဲ့ကထိုင်တယ်။ ကောင်မလေးက သူတို့ရှေ့မှာ မတ်တပ်ရပ်လို့။ သီရိမင်္ဂလာဈေးကျ ငါးရောင်းတဲ့ ကုလားမကြီး လင်ပန်းတွေနဲ့ တက်လာတယ်။ ကောင်မလေး ဘေးမှာ ၀င်ရပ်တယ်။ တဖက်က လင်ပန်းကိုင် တဖက်က လက်ကိုင်ကွင်းကို ကိုင်ပေါ့။ အဲဒီအချိန်မှာပဲ ကလေးရဲ့ ဖိနပ်က ကျွတ်သွားတယ်။ ကောင်မလေးက ကျွတ်သွားတဲ့ဖိနပ်ကို ကောက်ပြီး ကောင်လေးကို စီးပေးနေတုန်း ကားက ၀ုန်းဆို ထွက်သွားတာ ကောင်မလေးလည်း ဟန်ချက်ပျက်ပြီး ဆွဲမိဆွဲရာ ဆွဲတာ သူ့ဘေးက ကုလားမကြီး နို့ကို သွားဆွဲမိလျက်သားဖြစ်သွားတယ်။ ကုလားမကြီးလည်း မည်းနေတဲ့မျက်နှာ နက်သွားတာပဲ။ ကောင်မလေးက သတိဝင်လာတော့မှ အဲ ဆောရီး ဆောရီးဆိုပြီး ပြုံးစိစိဖြစ်ကုန်ကြရော။

နောက်တခါက ကျနော့်အဖြစ်ဗျ။ လူစုံတုန်း ရှင်းပြလိုက်ဦးမယ်။ အိမ်က မော်တာပျက်လို့ အင်းစိန်ကို သွားပိုဖို့ဖြစ်လာတယ်။ သူငယ်ချင်း ကောင်မလေးနဲ့ သွားပို့ကြတယ်။ မော်တာကြီးက တော်တော်လေးတယ်ဗျ။ ကားက သုံးဆင့်လောက်စီးရမှာ။ အိမ်က ထွက်တော့ ဒိုင်နာစီးပြီး တမှတ်တိုင်စိးရတယ်။ ဒိုင်နာလာတော့ ၂ ယောက်သားတက်လိုက်ကြတယ်။လူကအပြည့်ပဲ။ နောက်နားမှာ ရပ်ပြီး မော်တာကို ခြေထောက်ကြားထားလိုက်တယ်။ လက်နှစ်ဖက်ကလည်း အပေါ်တန်းကိုင်ထားတယ်။ ရှေ့မှာ မိန်းမ ၀ ၀ကြီးက ဘေးတန်းကိုင်ပြီး ကုန်းကုန်းကြီး။နောက်မှာ သူငယ်ချင်းကောင်မလေး။ သူက ကားခ ပေးပြိး အမ်းတဲ့ ပိုက်ဆံကို လက်ကကိုင်ထားတယ်။ သူလည်း လက်နှစ်ဖက်မြှောက်ထားတော့ ကျနော်က ပိုက်ဆံကို အိပ်ထဲထည့်ပေးမယ်ဆိုပြီး လှမ်းယူလိုက်တယ်။ ထင်ထားတာက ၂၀၀ တန်ပေးမယ်ထင်တာ။ ၁၀၀ တန်လောက်ပဲအမ်းမယ်ထင်ထားတာ။ အအမ်း ၉၀၀ ဖြစ်နေတော့ ၅၀၀ တန်တဲ့ ၂၀၀ တန်က မိန်းမ၀၀ကြီး နောက်နားကျသွားတယ်။ ကျနော်လည်း လေလွင့်သွားမှာ စိုးတာနဲ့ ကမန်းကတန်း ကုန်းကောက်လိုက်တာ။ မျက်နှာကို အိကနဲပဲ။ မိန်းမကြီးကတော့ သိလိုက်မယ်မထင်ပါဘူး။ ကျနော်လည်း ဇောနဲ့ဆိုတော့ အဖြစ်အပျက်ကိုသတိမထားလိုက်ဘူး။ နောက်မှာ အာ ငါနှယ်ကွာ ဆိုပြီး ကိုယ့်မျက်နှာကို ကိုယ်ပြန်သုတ်လိုက်ရတယ်။ အဟီး

သူငယ်ချင်းတယောက်ကျတော့ ကံကောင်းလို့ ပါးအရိုက်မခံရတဲ့ အဖြစ်ဗျ။ သူက မီနီbus ပေါ်မှာဖြစ်တာ။ ကားလည်းသိပ်မစီးတတ်သေးဘူး။ မီနီbus လာတော့ ကားပေါ်တက်လိုက်တယ်။ လူလည်းရှင်းပါတယ်။ စပယ်ရာက နောက်သွားဆိုလို့ နောက်နားအထိသွားတယ်။ အပေါက်နားမှာ ကောင်မလေးတယောက် ဆင်းမလို့ရပ်နေတယ်။ သူ့ဖက်ကို မျက်နှာမူထားတယ်။ အဲဒီအချိန်မှာ ကားက ဒတ်စတော့ ဘရိတ်အုပ်လိုက်တာ။ နောက်နားကနေ အရှိန်လွန်ပြီး အပြေးအပိုင်းနဲ့ ကောင်မလေး ရင်ပတ်ကို သွားတွန်းသလိုဖြစ်သွားတယ်။ ကောင်မလေး ရင်ပတ်က ပိန်သွားတယ်ဗျ။ သူခမျာ ရင်ပတ်ကိုကြည့်ပြီး ဟောဗျာ ဟောဗျာနဲ့ ပြန်ဖောင်းပေးမလို့ လုပ်နေတုန်း ကောင်မလေးလည်း တချိုးတည်း ဆင်းပြေးတော့တာပဲ။

အားလုံးပြုံးပျော်နိုင်ကြပါစေ

6 comments:

Anonymous said...

အိ..ကနဲ...ဖောင်း..ကနဲ...:D

Anonymous said...

ခုပြန်ပြောတော့ ရယ်စရာပေါ့နော် ဖြစ်နေတဲ့အချိန်တုန်းကတော့ ပူထူနေတယ်မလား

Anonymous said...

ရီရတယ်နော်

သီဟသစ် said...

လူဇိုး

Anonymous said...

အူလိမ့်သွားတယ်

Anonymous said...

ပျော်ရွှင်ပါစေ