ကြံရာမရလို့ ဒဏ်ရာရထားပဲစီးလိုက်ပါတယ်
နောက်တစ်ခါ လက်မှတ်ဝယ်မယ်စိတ်ကူး
မှောင်ခိုနဲ့ မမိဘူးလို့ ဘယ်သူပြောနိုင်လဲ။
လူကိုယ်တိုင်လာတာတောင် မှတ်ပုံတင်တောင်းတဲ့ ငနဲ
ဒီတစ်ခါလာရင် ဖြဲပြလိုက်မယ်။(သွား)
မင်းဆီကိုလာတဲ့ ခရီး
ဒါကြီး(ရထား)ပဲ ရှိသလားကွာ။
အပြန်မှာ ဖန်လာတဲ့ကံကြမ္မာကို
အလံပါ ပြလိုက်ပါတယ်။ (အဖြူလေးလေ)
နေသာသမှလေညာက ရေတမာ
11 comments:
ဟား ဟား တွေးတတ်ပ
သီချင်းတောင် အရသာမရှိတော့ဘူး
သေရွာက ရေတမာဆီ
မေဓာဝီ လာပါသည်။ :)
သေရွာတော့ မလုပ်ပါနဲ့လေ ...
တပြည်တရွာလောက်ဆို တော်ရောပေါ့။
ငယ်ငယ်လေးရှိသေးတာ။
သေရွာ က ရေတမာ ရေ..
အဲ့  မှာသာ ကြာကြာ နေလိုက်ပါတော့
မြေကမ္ဘာမှာ မင်းအတွက် နေစရာ ရှားနေတာမို့ 
ကြားကား စီးဖို့ တောင် မစဉ်းစားစေချင်။။။
ဟိဟိ။။
အဲ့ မှာ မြေကွက်ကြီးကြီး အရင် ဦးထား ပါ ...
နောက်ဆို ဈေးတက်မှာ ...
ခိခိ ။။
လေညာရပ်ကအချစ်..အဲလေ..လေညာက ရေတမာရေ
ဒဏ်ရာရထားလေးပြီးစီးပြီး ဝေဒနာအလွမ်းဒဏ်ရာတွေ
မပိုပါစေနဲ့လား
ကြိုက်ပြီးသားသီချင်းမို့ထပ်နားထောင်လိုက်ပါကြောင်း..
နေသာသမှလေညာကရေတမာရေ... တကယ့်ကိုပေါက်တက်ကရတွေရှာကြံပြီးရေးတတ်ပလေကွယ်... ဒါလဲအရည်အချင်းတမျိုးဘဲနော်...
:) ဦးထီးကို သဘောကျလို့ ထင်ပ။ နေသာသမှလေညာက ရေတမာ ဆိုပါလား။။စာသားတွေ ပြောင်မြောက်တာနဲ့ သီချင်းကို ခံစားပြီး လွမ်းနေတာ ဘယ်ရောက်သွားမှန်းမသိလိုက်ဘူး။ ပေါက်ကွဲနေတာလား သူငယ်ချင်းလေးရ။ ပြောပြဦး။
ဒဏ်ရာရထား....
ခရီးဆက်....
ဘယ်တော့မှ ပြီးပြတ်မလဲ...
လေညာအရပ်က တမာလေး(အဖျားဆွတ်ခေါ်ဆိုခြင်းဖြစ်၏)
တလွဲမထင်စေလိုပါ။ ဟိဟိ
နင်က ဒဏ်ရာရထားတောင် လက်မှတ်ဝယ်စီးမလို့ပေါ့။
အပြန်ခရီးက အပြုံးလှမှာမို့ မြင်ယောင်သေး.... ဖြီးနေမည်ဖြစ်ခြင်း( သွား ) ဟဟဟတ်စ်.........
နေသာသမှ လေညာက ရေတမာ...
နောက်တခါဆို ဆားချက်တယ် မခေါ်တော့ဘူး..
ရထားစီးတယ်လို့ ပြောတော့မယ်...
ဟိုလူမေးငေါ့ ဒီလူမေးငေါ့
ကိုလူထွေး...ပေါ့
ရထားကြုံ လိုက်လို့ ရသလားရှင့်
ဖတ်ခဲ့သမျှ သည်တပုဒ်တော့ အကြိုက်ဆုံး...း)
Post a Comment