အသက်(၁၀)နှစ်တုန်းက အင်္ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊
ပိုက်ဆံတွေကို မက်မောလို့။
အသက်(၁၅)နှစ်တုန်းက ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊
ဝါသနာကို မက်မောလို့။
အသက်(၂၀)တုန်းက ပရိုဂရမ်မာ တစ်ယောက်ဖြစ်ချင်ခဲ့တယ်၊
ပညာတွေကို မက်မောလို့။
အသက်(၂၅)နှစ်ကျတော့ လူရွင်တော်တစ်ယောက်ဖြစ်ချင်ခဲ့တယ်၊
ရယ်မောသံတွေကို မက်မောလို့။
နှောင်နှစ်တွေကျရင် လူတစ်ယောက်အဖြစ် ရှိနေချင်သေးတယ်
ရေတမာ
ဒီဇင်ဘာ မိုး
1 month ago
14 comments:
အခုရော.........ဖြေပါ......အမှန်အတိုင်းးးးး
၅နှစ်တခါပြောင်းတယ်ပေါ့.... နောက်၅နှစ်ဆိုရင်ရော... သိချင်သား...း)
၂၅နှစ်ထိဘဲလား..၃၅ ၄၅ ၅၅ ....
ဆိုရင်ရော ဘာဖြစ်ချင်လဲ.. mie nge
လူရွင်တော်လုပ် အားပေးတယ် :)
အသက် ၃၀ ကျရင်ရော ???
တရားဟော ဆရာဖြစ်ချင်မယ် ထင်တယ်။
လူတွေကို တရား ကျ စေ ချင်လို့  .....
ခုရော.. ဖြစ်ချင်ခဲ့ တာတွေ ဘယ်နှစ်ခု ဖြစ်လာပြီး ပလဲ ။။
ဲကြိုးစားကွယ် ....
တကယ်ဖြစ်ချင် တကယ်လုပ်
အဟုတ်ဖြစ်ရမည် တဲ့
ကြားဖူးတာပဲ လေ ။ ပြီးတော့ လည်း ဖြစ်မလာ တာတွေ အများကြီး ရယ် ။။ ဘာလို့ ဆိုတော့ ဖြစ်ချင်တာတွေက များ နေတာကိုးးးးး
ဒီတော့ လောလောဆယ် ဖြစ်နေတာ လေးနဲ့ ပဲ ရောင့်ရဲ နေလိုက် တယ်လေ ...ဒါမှပဲ စိတ်ချမ်းသာ မှာ။
ပိုက်ဆံတွေ၊၀ါသနာတွေ၊ ပညာတွေ၊ ရယ်မောသံတွေ ကို မက်မောလို့ လူ ဖြစ်ချင်နေတာပေါ့ကွယ်၊
အင်း။
ကိုလေးလိုပဲ .. ကျနော်လဲ လူအဖြစ်တော့ရှိချင်မိတယ်။ =)
ကျနော့်မွေးနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဟင်းတွေ ချက်စားတယ်ဆိုတော့ ကျနော်လဲ စားချင်လိုက်တာဗျာ။
မွေးနေ့ကို သတိတရရှိပေးလို့ ကိုလေးကို ကျနော်ကျေးဇူးတင်ပါတယ်။ =)
ဟားဟားဟား ကိုဝါးတားတမဝါးတား..
နှစ်ချယ့်ငါးနှစ် အဖြစ်ကိုတော သဘောကျတယ်ဟေ့
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ
ကျွန်တော်တို့စာလေးကိုဖတ်ပြီး
မမန့်ချင်နေပါစေ
တစ်ချက်လေးပြုံးသွားရင်ပဲ
အတိုင်းအသိဝမ်းသာမိပါတယ်..။
ခင်မင်စွာဖြင့်
စည်သူ။
အင်း.........ဒီပုံစံအတိုင်းဆိုရင်တော့ ဘာပြောရမှန်းတောင် မသိတော့ဘူး အသက်မေးတော့လဲမဖြေဘူး ခုအခြေအနေက ၅နှစ်တွေတိုင်းရဲ့ကြားရောက် နေတော့ ဘာမှဖြစ်မနေဘူးမလား ဒါကြောင့်မေးတာမဖြေတာနေမှာ
လိုတိုရှင်းရေးထားတဲ့“ဆန္ဒ”ကိုဖတ်သွားတယ်
လိုတိုရှင်းပဲမန့်ခဲ့တယ်
“လူတစ်ယောက်အဖြစ် ရှိနေနိုင်ပါစေ”
ပိုက်ဆံ ... ၀ါသနာ ... ပညာ ... ရယ်မောသံတွေကို မက်မောခဲ့သူတယောက် ... နောက်နှစ်တွေမှာ လူတယောက်အဖြစ် ရှိနေချင်သေးတာ ...
ဘာကို မက်မောလို့လဲ???
စဉ်းစားသွားပါတယ်။
လူအဖြစ်ရှိနေချင်သေးတဲ့ ဆန္ဒလေးကို စဉ်းစားမိလို့ ပြုံးမိသွားတယ်။ လူအဖြစ်ရှိနေချင်တဲ့ ဆန္ဒလေး ပြည့်စုံနိုင်ပါစေ....
လူရွှင်တော်ပဲဆက်လုပ်ပါ။ အဲဒါကောင်းတယ်။ သူများလဲ ပျော် ကိုယ်လဲ ပျော်ပဲ။
ဟားဟား.. ကောင်းတယ်.... စိတ်ကူးတည့်ရာဆိုပေမယ့် ပရမ်းပတာမဟုတ်ဘူး...
အတက်ရှိတယ်...
အရွေ့ရှိတယ်...
အတွေးအခေါ်ရှိတယ်...
ုဆက်လုပ်...
Post a Comment