မကြီးမဟာဆန်ရေ ရေးပြီဗျာ.. သူတက်ဂ်တဲ့ပိုစ့်ပါ... ကောင်းရင် ကျနော်ကိုချီးမွမ်းပါ.. မကောင်းရင်တော့ မကြီးမဟာဆန်ကို ပြောပါ။ သူရေးခိုင်းတာကိုး။ ငယ်ငယ်တုန်းက အိမ်အောက်မှာ ခြံခတ်ပြီး ကြက်မွေးပါတယ်။ ဖိနပ်မစီးဘူးနော်။ ဥစားကြက်ပါ။ ဧည့်သည်လာရင် အောက်ဆင်းပြီး ရိုက်သတ်လိုက်တာပဲ။ အိမ်ဘေးမှာလည်း တနိုင်စိုက်ခင်းလေးပေါ့။ ကြက်ဟင်းခါးပင်၊ ငရုတ်ပင်၊ ကြောင်လျာသီးပင်၊ ဒန့်တလွန် စားလို့ရသမျှစိုက်ပါတယ်။ ဧည့်သည်လာပြီဆိုလို့ကတော့ ကြက်ဟင်းခါးသီးလေးနဲ့ ကြက်သားလေးကို အရည်စပ်စပ်လေးနဲ့ချက်လို့ချက်၊ ကြောင်လျာသီးလေး ပါးပါးလှီးပြီး ကြက်သားလေးနဲ့ ကြော်ချက်လေးချက်လို့ချက်ပေါ့။ တခါတလေ ဦးလေးတောထဲက တူးလာတဲ့ အင်ဥလေးတွေနဲ့ ကြက်သားနဲ့ချက် ခေါင်းမဖော်နိုင်ဘူး။
တခါတလေ အကိုဘယ်က ဖန်လာတယ်မသိဘူး ပုဇွန်လေးတွေ အချဉ်သိပ်ပြီး ကိုင်းဥလေးတွေနဲ့ ချက်တာများ ကိုယ့်နာမည်တောင် မေ့မေ့သွားတယ်။ တောမှာက တချို့တလေကျွဲသုံးတယ်ဗျ။ တခါတလေ ကျွဲပေါ်တယ်ဆိုရင် ဘုန်းကြီးကျောင်းထဲက ကြာရိုးကြာစွယ်လေး သွားခိုးပြီး တောချက်လေးချက်တာများ သူငယ်ချင်းတွေကို ကျွေးချင်လိုက်တာ။ ထူးထူးဆန်းဆန်း ဟင်းလေးတွေလေ။
မနက်စာလွေးပြီးလို့ကတော့ အရီးနွားလေး အလကား စားကျက်ထဲမောင်းရင်း အရိပ်ကောင်းကောင်း သစ်ပင်ရှာပြီး ဒွေးလေးမြို့က ပြန်လာလို့ပေးလိုက်တဲ့ ကိုကိုးချောကလက်နဲ့ နောက်ဘေးက သမလာတဲ့ မြေပဲလေးနဲ့ ထမင်းလုံးစီရတာလည်း အိန္ဒြာကျော်ဇင် ပြောသလို ဇိမ်ပဲ ဇိမ်ပဲ။
မိုးရာသီဆို မှိုရှာထွက်ရတာလည်း အတွေ့အကြုံတစ်မျိုးပဲ။ မှိုတွင်းတွေ့လို့ကတော့ ဘာပျော်သလဲမမေးနဲ့ အများကြီးရတာလေ တစ်တွင်းတစ်တွင်းကို။ အဲဒါကြောင့်ပြောတာ မှိုရတဲ့မျက်နှာဆိုတာ။ မနေ့ညက ရိုက်လို့ရတဲ့ ဖားသားလေးရယ် မှိုရယ် ငရုတ်သီးစပ်စပ်လေးချက် ဇီးဖြူသီးလေး မကြီးမဟာဆန်ပြောသလို တစ်တောက်တောက် ကိုက်စား.... အဲဒီအချိန် မင်းဘယ်သူလဲလာမေးရင် Rain လို့ပြောမိမယ်ထင်တယ်။ (ဤကား စကားချပ်)
တောစောင့်တဲ့အချိန်များ ဗျိုင်းကလည်းပေါမပေါ။ ကောင်းကင်ကိုကြည့်လိုက်ရင် တိမ်တွေနဲ့တောင်ရောလို့။ လယ်ထဲကထောင်လို့ရလာတဲ့ ဗျိုင်းသားလေးရယ် ရှားရှားပါးပါးရတာတဲ့ ဘဲဥချဉ်ချက်နဲ့ ရောစားရတာလည်း တမျိုးလေးကောင်းသားဗျ။ အညာမှာက ရှားဇောင်းလက်ပတ်ပင် တွေကလည်း ပေါမှပေါ။ အခါးလေးများစားချင်ရင် ရှားဇောင်းလေးနဲ့ အမဲသားလေးနဲ့ အခါးလေးချက်။မြိန်လိုက်တာမှ ၂ပန်းကန်လောက် ကုန်သွားမယ်။ နွားနို့စစ်စစ်ကလည်း ကျုပ်တို့တောမှာသာ ရတာဗျ။ တခါတခါအချဉ်လေးဖောက်ပြီး ၀က်သားနဲ့ ရောချက်တယ်။ ဒါမှမဟုတ် မှိုလေးနဲ့ပဲဖြစ်ဖြစ်ချက် တသက်မမေ့စေရဘူး။
အဲ့ ချက်စားကြရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော်...
ကုန်ကြမ်းလေးကို ဒီက ရယူပါတယ်။
နောက်ဘ၀ပြန်ဆုံကြမယ်လေ
ရေတမာ

17 comments:
စားချင်စဖွယ်လေးတွေ၊
သွားရေတောင်ကျတယ်။
တစ်ခါမှမစားဖူးဘူး။
စားဖူးကြည့်ချင်သလိုလိုဖြစ်လာတယ်။
ဒါပေမယ့် ရေတမာ..... မင်းယုတ်မာတယ်နော်။
နာတို့ ကို အသေသတ်တယ်။..။။
ဟွင်းးးးးးးးးးး
စားလို့ ကောင်းဘူးးးးးးးးးးးး
စားခါနီးမှသတ်စားတဲ့ကြက်ဆိုတော့လတ်လတ်ဆတ် ဆတ်နဲ့စားကောင်းမှာဘဲ... ဘဲဥချဉ်ဟင်းလေးလဲစားချင် စရာပါဘဲ...
လူဇိုးးးးးးးးးးးးးးးး
နာ့ကအပေါ်က ကြက်သားနဲ့ ကြက်ဟင်းခါးသီးဆိုထဲက ဘယ်နဲ့ပါလိမ့်မှတ်တယ်။ ဒင်းကအသေသတ်တာကို.။
ဟွန်းးးးးးးးးးးးး
လူဇိုးး X 1000000000000
ရာတမေ ကြက်ဟင်းခါးနှင့် ကြက်သား ဆိုကတည်းက သိပြီးသား :) အညာသွားလည်ရင် ရာတမေ တို့ ဆီမှာ ထမင်းလိုက်မစားရဲအောင် လုပ်တယ် :(
ငါတို့ ဆီလာမှ ဂေါ်ဇီလာဆီပြန် ချက်ကျွေးပစ်လိုက်မယ် :)
ကြာရိုး ကြာစွယ် ဟင်းလေး ။ မှိုဟင်း လေးတော့ ကြိုက်သကွယ် ..ကျွဲ တော့ စီးရဲဖူး ။
ဖါးသား လည်း စားရဲဖူး .. မားသားကြီး ရှိနေလို့ ...
ဗျိုင်း နဲ့ ဘဲဥ ကလည်း ကြိုက်ဖူးကွယ် ။
ကြိုက်တဲ့သူလေး ရာတမေ အတွက် ချန်ထားပေးတယ်။
အဟက် .. အိန္ဒြာ ကျော်ဇင် တယောက်ထဲ က ဇိမ် တာလား လို့  ။
ခိခိ... ဂစ် လို့  အော်သေးပါဖူးကွယ် ။
အစားမတော် တလုပ် နော် ။
အသွားမတော် တပုံ ( ဟိုအပုံ တက်နင်း မိ မစိုးလို့ ကြိုတင် သတိပေး တာ )
ခင်ရမှာ လန့် တန့် တန့် အေ...
အခုဘ၀နဲ့တော်ပါပြီ...နောက်ဘ၀တော့ ဆုံချင်ပေါင်...
mie nge
ကိုယ့် အစ်မ ကို ချစ်တယ် ချစ်တယ်ဆိုပြီးဒီလိုလုပ်တာ ကောင်းသလား.....ာာာာာာာာာာာာာာာာား
ကျွေးစရာလေး ရှိလို့ပါ...အိမ်ကြွခဲ့ပါဦး
(ဟွန်း လာမှ သိမယ်)
မနက် စောစောစီးစီးတော်..တက်ဂ်ပို့စ်လေး ရေးထားတယ်ဆိုလို့ ၀မ်းသာအားရ ပြေးလာလိုက်တာ
အေးပါ..အေးပါ..နောက်ဘ၀မှ ပြန်ဆုံကြမယ်
ဒါကြောင့်မို့ ဖတ်နေရင်းနဲ့ ဒီဟင်းစပ်တွေက တစ်မျိုးကြီးပါလို့ ထင်နေတာ
နောက်ဆုံး ကုန်ကြမ်းလေးကို ဒီက ရယူပါတယ် ဆိုမှပဲ တစ်မျိုးကြီးကို ရှင်းသွားတော့တယ်။
ရွှေဥာဏ်တော် စူးရောက်ပါ့တော်
မမမာ ငှက်ကလေ ဖားသားမစားဖူးဘူးးးး အီးးး နောက်တွေ့ရင် မမ များကို ချက်ကျွေးမယ်ဟုတ် အဟားးး မမလို့ပဲ ခေါ်ချင်တယ် တို့လေ မမများ အဖွဲ့က ယောက်ျားတွေကိုလဲအဲဂလိုပဲခေါ်တာဆိုတော့နော်
ဘိုင်
tagကြွေးတစ်ခုကျေသွားပြန်ပြီပေါ့
ကောင်းပါ့လေ
ကိုယ့်အတွက်ရေးဖို့အခက်ဆုံးtagဖြစ်နေတယ်
အစားအသောက်နာမည်တွေကိုကောင်းကောင်း
မခေါ်တတ်တာပဲ
ခုထိမဆပ်နိုင်တာသာကြည့်တော့
မှိုဟင်းကိုတော့အကြိုက်ဆုံးပါလေ
မှိုရှာတာလည်းတခါခါ မြွေအန္တရာယ်ရှိတယ်ဟ
ဟားဟား ရေးလဲ ရေးတတ်တယ်။
မတည့်တာတွေချည်းပဲ။
ကြက်ဟင်းခါးနဲ့ ကြက်သားဆိုကတည်းက မသင်္ကာတာ။
ရှေ့ဆက်ပြီး ဖတ်တော့မှ ... သေချာသွားတယ်။
:)
ဟားဟား
အတည်မှတ်လို့
မကြားဘူးဘူး မသိဘူးထင်နေတာ
စားလည်းမစားဘူးဘူး အော်မလို့
ခုတော့ စားးး တောာာာာာာာာာ့ ဘူးးးးးးးးးးးးးးးးးး
ဒါဘဲ
:P
အဟုတ်မှတ်နေတာ။ အစကတော့ သရေကျနေတာ။ အောက်ဆုံးရောက်မှ..:( အေးပါ။ နောက်ဘ၀မှပဲ တွေ့ကြတာပေါ့။ ဒါပေမဲ့..မငုံတော့ မစားတော့ဘူး။ ခင်ရင် စားပြပါလား..
တို့ မောင်လေးရဲ့ စေတနာကို သိရတဲ့ အတွက် ၀မ်းသာပါတယ်ရှင်
အဲ
ကိုလေးကတော့ လုပ်တော့မယ်။
တကယ်လေးစားတယ် အဲ့လို ပေါက်ကရထွက်လို့။ =P
အပေါ်မှာလဲ ကောင်းချီးပေးသွားကြပါလားဗျ။ ကျနော့်အကို ပင်ပင်ပန်းပန်းချက်ထားတဲ့ဟာကို။ ဟားဟား။
( မှတ်ချက်>> ကျနော် မမြည်းကြည့်ပါ။ ဥပုပ်စောင့်ထားပါသည်။ )
လူနောက်ကြီး ရာတမေပဲ
အင်းအစားရေးတာများမြင်ရင် စားချင်တဲ့စိတ်တွေ ဖျောက်မှ
ခင်မင်စွာဖြင့်
သီဟသစ်
စားမှာ စားချင်လို့
Post a Comment