Wednesday, March 11, 2009

စကားပြောသောမြို့များ

အေးစက်နေတဲ့ အိမ်ထဲ၊ အထီးကျန်နေတဲ့အမေ
သောကနဲ့အိမ်ပြန်လာမဲ့ သားသမီးတွေကို
အပြုံးနဲ့ကြိုရင်း၊ မဖြစ်ချင်တဲ့ဘ၀မှာ
အမေနေတတ်နေပြီလား။
ငွေကြေးရဲ့ဖြားယောင်းမှုနောက်၊ ဘ၀ကိုရောင်းစားနေတဲ့
မျှော်လင့်ချက်ကုန်စရာ သားတွေအတွက်
အမေ့ မေတ္တာတွေနဲ့ထိုက်တန်လို့လား။
အမေလျှောက်ခဲ့တဲ့လမ်း၊ အမေဖေါက်ခဲ့တဲ့လမ်း
အခုတော့လမ်းဆုံးခဲ့ပြီလား။
၎၊၅ နှစ်ကျွှန်ခံ၊ အိမ်တောင်ငွေပြန်မပို့နိုင်တဲ့သား
“မင်းတို့ရှာတဲ့ငွေတော့ ငါကပျင်းတောင်ပျင်းသေး”နဲ့
အမေ့စကား၊ မျက်နှာတောင်ထားစရာမရှိတော့ပါ့လား။
ဒီဘ၀ဒီအခြေအနေ ပခုံးနဲ့ထမ်းပို့ခဲ့တယ်။
လိုလေသေးမရှိဖြည့်ဆည်းခဲ့တယ်။
ဒီအရိပ်ဒီအခြေကြိုတွေးလို့ ရင်လေးခဲ့တယ်။

အမေ့အတွေး အေးရအောင်ဖြည့်ခဲ့တဲ့အဖေ။
မိသားစုတာဝန်ထမ်းရတာ အသက်အရွှယ်နဲ့မမျှ
ရိုးရိုးအေးအေး နေတတ်သလိုနေခဲ့တယ်
အရေးကြုံရင် မားမားမတ်မတ်ရပ်တည်
အမေ့ဘေးက ပခုံးတစ်စုံအဖြစ်ရှိပေးခဲ့တယ်။
ကျေးဇူးပါဖေဖေ။

တက်ချိန်ပြီးရင်ကျချိန်ဆိုတာလည်းရှိမှာပဲ
ဒီလောက်တော့မကျသင့်ပါဘူးလေ။
ဆုံဆည်းမှုဆိုတာရှိရင်တော့ခွဲခွာမှုဆိုတာရှိမှာပဲ
ဒီလောက်မြန်မြန်ကြီး မခွဲခွာသင့်ပါဘူးလေ။
၁၃နှစ်ဆိုတဲ့အတိုင်းအတာ
မင်းရင်ခွင်မှာ ပျော်ရွင်ဖူးရဲ့၊ ကြည်နှုးဖူးရဲ့
လောကဓံတရားတွေ ကြုံခဲ့ဘူးရဲ့
ပညာနို့ရည်သောက်ခဲ့ဘူးရဲ့
လိုချင်တက်မက်ခဲ့တဲ့ ငွေအသပြာတွေ
ပေးလိုက်ရတဲ့ ရင်းနှီးမှုတွေ
စိတ်ဓါတ်တွေတောင် ပျက်စီးလို့
မင်းကိုငါတို့မြတ်နိုးတယ်၊
တနေ့မင်းဆီပြန်လာခဲ့မယ်။ ။


သစ်ခက်(၁၁-၀၃-၀၉)

2 comments:

နေစိုးနိုင် said...

တော်တော်လေးကို ကောင်းပါတယ်ခင်ဗျား
ခံစားချက်အစစ်ဖြစ်တယ်ဆိုတာကို
သိသာစေပါတယ်

နေစိုးနိုင် said...

ကိုဝေ
မင်း သူများဆီမှာ ကွန်းမင့် ပေးရင် မင်းဘလော့ရဲ့
address url ကိုချန်ထားခဲ့တဲ့ အကျင့်လုပ်ပေးပါ
ဘလော့ဂါ အချင်းချင်း လေးစားတဲ့သဘောပါတယ်