ယူကလစ်နံသင်းနေတဲ့အခန်းလေးမှာ
လေနုအေးလေးတွေတိုက်ခတ်တတ်တယ်။
လူသူကင်းတဲ့ကစားကွင်းလေးမှာ
ဗန်ဒါရွက်တချို့၊တမာရွက်တချို့ မြူးတူးခုန်ပေါက်ကြတယ်
တိတ်ဆိတ်တဲ့ ဓမ္မာရုံလေးမှာ
သစ်အိုပင်ကြီးတို့ ၀တ်ပြုဆုတောင်းတတ်တယ်။
တလူလူလွင့် နေတဲ့ အလံတိုင်အောက်မှာ
လေးစားခြင်းတို့ ရှိတတ်တယ်။
တာဝန်တွေ၊ ၀တ္တရားတွေကို ရေကန်ဖြူဖြူကြီးက သတိပေးတယ်။
ဆာလောင်ခြင်းတွေကို မုန့်ဈေးတန်းလေးက ဖြေသိမ့်ပေးတယ်။
အဆောက်အဦးတိုင်းမှာ
ဂရုဏာ၊အနစ်နာ၊စေတနာတွေလွှမ်းခြုံထားတယ်။
ယဉ်ကျေးလိမ္မာတယ်ဆိုတဲ့တံဆိပ်တပ်ထားတဲ့
သန်ရှင်းစင်ကြယ်တဲ့ အရွယ်နဲ့
စည်းကမ်းသေ၀ပ်ခြင်းကိုမြဲမြဲဝတ်ရင်း
ခေါင်းလောင်းသံတွေကြား ပျော်ရွှင်ခဲ့ရတယ်၊
ရင်ခုန်ခဲ့ရတယ်၊ ကြည်နှူးခဲ့ရတယ်၊
အခွင့်ရှိရင်ပြန်ဝင်ချင်သေးတယ်
ကျောင်းတံခါးကြီးရေ..........
ရေတမာ
လေနုအေးလေးတွေတိုက်ခတ်တတ်တယ်။
လူသူကင်းတဲ့ကစားကွင်းလေးမှာ
ဗန်ဒါရွက်တချို့၊တမာရွက်တချို့ မြူးတူးခုန်ပေါက်ကြတယ်
တိတ်ဆိတ်တဲ့ ဓမ္မာရုံလေးမှာ
သစ်အိုပင်ကြီးတို့ ၀တ်ပြုဆုတောင်းတတ်တယ်။
တလူလူလွင့် နေတဲ့ အလံတိုင်အောက်မှာ
လေးစားခြင်းတို့ ရှိတတ်တယ်။
တာဝန်တွေ၊ ၀တ္တရားတွေကို ရေကန်ဖြူဖြူကြီးက သတိပေးတယ်။
ဆာလောင်ခြင်းတွေကို မုန့်ဈေးတန်းလေးက ဖြေသိမ့်ပေးတယ်။
အဆောက်အဦးတိုင်းမှာ
ဂရုဏာ၊အနစ်နာ၊စေတနာတွေလွှမ်းခြုံထားတယ်။
ယဉ်ကျေးလိမ္မာတယ်ဆိုတဲ့တံဆိပ်တပ်ထားတဲ့
သန်ရှင်းစင်ကြယ်တဲ့ အရွယ်နဲ့
စည်းကမ်းသေ၀ပ်ခြင်းကိုမြဲမြဲဝတ်ရင်း
ခေါင်းလောင်းသံတွေကြား ပျော်ရွှင်ခဲ့ရတယ်၊
ရင်ခုန်ခဲ့ရတယ်၊ ကြည်နှူးခဲ့ရတယ်၊
အခွင့်ရှိရင်ပြန်ဝင်ချင်သေးတယ်
ကျောင်းတံခါးကြီးရေ..........
ရေတမာ
8 comments:
ကောင်းတယ်ကွာ
မျက်စိထဲ ကို ကွက် ကနဲမြင်လာတယ်
ကိုတို့ရဲ့ကျောင်းကြီးတွေပိတ် ခေါင်းလောင်းတိတ်ပေါ့ညီရေ့
ဘာပဲဖြစ်ဖြစ် တချိန်ကဆိုတာကိုလွမ်းတာပါပဲ
ပြန်ဝင်ဖို့အခွင့်တော့ မရှိနိုင်တော့ဘူးထင်ပါရဲ့ :(
အဖွဲ့အနွဲ့လေးမိုက်တယ်ကွ
လွမ်းတာပေါ့ဟ။ ငယ်ငယ်တုန်းက ကျောင်းသားဘ၀က အဖြူစင်ဆုံးနဲ့ အပျော်ရွှင်ဆုံးချိန်တွေပဲ။
လွမ်းရယ် မပြေဘူး ကျောင်းသားဘဝ ငါတို့  ကျောင်းသားဘဝ သီချင်း ဆိုသွားတယ် :)
ခင်မင်ခြင်းနှင့်
တလနွန်
ကျောင်းပြန်တက်ချင်လာပြီ မာမာရာ
ကျောင်းသားဘ၀ ကဲခဲ့တာတွေ အမှတ်ရတယ်။
=(
ကဗျာကောင်းလေးပဲဗျ။ မိုက်တယ်။ အဟဲ။ =)
အဲဒီကျောင်းတော်ကြီးက တံခါးပိတ်ခံထားရတာ ကြာပေါ့ ရေတမာရေ..........
ကဗျာလေးကဗျာ ခံစားရတယ် ကျွန်တော်တက်
ခဲ.တဲ. အထက ၁ အင်းစိန်တောင် သတိရသွားတယ် :(
လွမ်းသွားပြီ ကျောင်းလေးကို
ခင်မင်စွာဖြင့်
သီဟသစ်
Post a Comment