Wednesday, January 06, 2010

ပထမဆုံးအတွေ့အကြုံ

ကျေးဇူးပြု၍ ယခု စာ အား အစမှ အဆုံးတိုင် မကျော် မခွ ဘဲ ဖတ် ပေးပါရန် .....


ယခုကိစ္စသည် သူမဘ၀တွင် တခါမျှ မပြုလုပ်ဖူး မတွေ့ကြုံဖူးသော ကိစ္စတစ်ခု ဖြစ်ပါသည်။ သူမသည် ကျောခင်းကာ လှဲအိပ်လိုက်ရင်း ကြွက်သားများကို တောင့်တင်းထားမိလေသည်။ သူမသည် သူ့ကို ငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိ၏ ။ သို့ရာတွင် သူ ကတော့ လုံးဝ လက်လျှော့မည့်ဟန် မပြပဲ သူမ အနားသို့ တိုးကပ်လာလေသည်။"ကြောက်နေသလား "ဟု သူမကို သူမေးသောအခါတွင် သူမရဲဝံ့ပြတ်သားစွာ ခေါင်းခါပြမိပြန်သည်။

သူသည် ယခုလို ကိစ္စမျိုးတွင် အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ဖြစ်ကြောင်း သိသာပါသည် ။ အဘယ့်ကြောင့် ဆိုသော် သူ၏ လက်ချောင်းများသည် နေရာမှန်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်ပါသည်။ သူ အထဲထိ နက်နက် နှိုက်စမ်းလိုက်သောအခါ သူမတကိုယ်လုံး နာကျင်မှုဖြင့် တုန်ခါသွားပြီး အကြောအခြင်များ ပင် တောင့်တင်းသွားလေသည်။ သို့ရာတွင် သူသည် သူပြောထားသည့် အတိုင်း အညင်သာဆုံး ပြုလုပ်နေကြောင်း သူမ သိပါသည်။

သူသည် အားငယ်နေသော သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့် ယခုကိစ္စတွင် အတွေ့အကြုံ အများကြီးရှိကြောင်း ထပ်ပြောပြန်သည်။

သူပြုံးပြလိုက်သောအခါ သူမ စိတ်ကိုလျော့လိုက်ပြီး သူ့အတွက် လွယ်ကူစေရန် ကျယ်ကျယ် ဟ ထားပေးလိုက်သည်။

သူမသည် သူ့ကို မြန်နိုင်သမျှ မြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းပန် လောဆော်မိလေသည်။ သို့သော် သူသည် သူမ နာကျင်မှု သက်သာစေရန် အချိန်ယူ၍ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ သူနောက်တကြိမ် သူမ၏အနီးသို့ တိုးကပ်လာသောအခါတွင် အသားမျှင်များ စုတ်ပြဲသွားသကဲ့သို့ တကိုယ်လုံး နာကျင်မှု ဆိုတဲ့ အရသာကို သူမ ခံစားလိုက်ရသည်။ သွေး အနည်းငယ် ထွက်လာသည်ကိုလည်း သူမ သိရှိခံစားလိုက်ရသည်။

"အရမ်းနာသလား" ဟု သူက ထပ်မေးပြန်သည်။ သူမမျက်လုံးအိမ်တစ်ခုလုံး မျက်ရည်များဖြင့် ပြည့်လျှမ်းနေသော်လည်း မနာသယောင် ခေါင်းခါပြကာ ဆက်လုပ်ရန် သူ့ကို သူမခေါင်းငြိမ့်ပြမိသည်။ သူသည် ကျွမ်းကျွမ်းကျင်ကျင် ထည့်လိုက်ထုတ်လိုက် ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်း မသိနိုင်လောက်အောင် သူမ စိတ်လှုပ်ရှားကာ ထုံပေပေဖြစ်နေမိသည်။ အတန်ကြာသောအခါ သူမ အတွင်းထဲမှ အရည်တချို့ တာကျိုးသလို ပေါက်ထွက်လာသည်ကို ခံစားရပြီး သူသည်အရာတစ်ခုကို အပြင်သို့ ထုတ်လိုက်လေသည်။ သူမသည် သက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင် နေမိလေသည်။

သူသည် သူမကို နွေးနွေးထွေးထွေး ပြုံးပြရင်း " တော်တော် ကိုင်ရ တွယ်ရခက်တဲ့ ကလေးမပဲ "ဟု ရေရွတ်လေသည်။ သူမကလဲ ပြန်ပြုံးပြရင်း

သွားဆရာဝန်အား ကျေးဇူးစကား ဆိုလေသည်။

အထက်ပါတို့သည် သူမဘ၀တွင် ပထမဆုံး သွားနှုတ်သည့်နေ့က တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ ဖြစ်လေသည်။

အင်တာနက် ပေါ်က နေ ရရှိတဲ့ ဘာသာ ပြန် ဟာသလေးတခုပါ ။

သူငယ်ချင်းတွေကို မျှဝေချင် လို့ ဖြတ်ညှပ် ကပ် လုပ်လိုက် တာပါ ။ မျှဝေချင်တဲ့ အဓိက ရည်ရွယ်ချက် က တော့

ကျွန်တော်တို့ တတွေ အကြောင်း အရာတခု ကို သေချာမသိရ သေးခင် ဆုံးဖြတ်ချက် ချတာ စောလွန်းနေတတ်တဲ့ ကျွန်တော် တို့ စိတ် ကလေးတွေ ကို မြင်စေချင်လို့ပါ

မိတ်ဆွေတော့ မသိဘူး ... ကျွန်တော်ကတော့ .. အထက် က စာလေးတွေဖတ်ရင် ... ဆုံးဖြတ်ချက် ချတာတွေ မှား တာဆိုတာလေ.... ပြောချင်တော့ ဘူး...

ကဲ ... တခုခုကို ဂဃနဏ မသိရသေးခင်မှာ ဆုံးဖြတ်ချက်ချ တာ မစောဖို့ ... ဆုံးဖြတ်ချက် ချတာ မလောဖို့ပါ


နေစိုးနိုင်

မှတ်ချက်။ ။ကိုနိုင်ထံမှ မနေ့က ခွင့်ပြုချက်ရ၍ တင်လိုက်ပါသည်။ မေးလ်လက်ခံရရှိသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပါသည်။ တင်ရန်ခွင့်တောင်းခြင်းနှင့် တင်သင့်မတင်သင့်ပါ ပူးတွဲအကြံတောင်းခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ရေးလျှင် ဤမျှ ကောင်းနိုင်မည်မထင်ပါ။ သူပြောသွားသည်များမှာလည်း အပိုအလိုမရှိ၍ မိတ်ဆွေများ အတွေးပွားနိုင်စေရန် မျှဝေလိုက်ရပါသည်။

အားနာလျက်
ရေတမာ

12 comments:

မိုးခါး said...

အင်း
ဟုတ်တယ်
လူတွေက များသောအားဖြင့် ကိစ္စတခုကို သေချာ မသိပဲ ထင်လိုက်ကြတာ များတယ်

မေလေး said...

မိုးခါးလိုဘဲ

ဏီ(န်)ကင်း said...

ဒါမျိုးတွေကရိုးနေပါပြီကွယ်....
အော်....တမျိုးမထင်ပါနဲ့....ဒီလိုကိစ္စတခုကိုသေချာမသိပဲ
လုပ်မိလို့မှားသွားတာတွေကိုပြောတာပါ....ခဏခဏဖြစ်နေလို့.. ဟိဟိ

ပုံ့မေ said...

အင်း.. ဟုတ်တယ်... ဘာမှန်းညာမှန်းမသိ ထင်လိုက်ကြတာများပါ့...
တခါတလေ ဖာသိဖာသာ နေရတာ တခုကောင်းတယ်.. အလေးထားစရာလျော့သွားတော့ စိတ်ပေါ့နေတာပေါ့

မေဇင် said...

ဘာမှန်း ညာမှန်း ဘာ ကို ထင်တာလဲ... ၊ ငါ က ဘာထင်ရမှန်း မသိလို့ အဆုံးထိ ရောက်မှပဲ သွားနှုတ်တာမှန်း သိတော့တယ်...း)) အဲ့တော့မှ.....အပေါ်ကို ပြန်ဖတ် ..ဟုတ်ပ....ဒါပေမယ့်..ငါ့ သွားနှုတ်တုန်းက ထုံဆေး ထိုးတာပဲ ကြောက်တာ..ကျန်တာက ဘာမှကို မသိရပါဘူး..။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အင်း.. ဖတ်ရင်းနဲ့ စာတစ်ကြောင်းဆီကို အသေအချာ ဖတ်လာလိုက်တာ အတွေးကတော့ ဒုတိယအပိုဒ်မှာ ကလေးမွေးနေတဲ့ မိန်းမတစ်ယောက်အကြောင်း ရေးနေတယ်ထင်တာ။
နောက်ဆုံးကြမှ သွားနှုတ်ခဲ့ရတဲ့ ခံစားမှုအဖြစ်ကို ရေးဖွဲ့ထားမှန်း သိတော့တယ်။
အခုလို စိတ်လှုပ်ရှားစရာ စာပေလေးတွေ အရေးကောင်းတဲ့ နေစိုးနိုင် ရော.. ပြန်လည်ဝေမျှခံစားတင်ပြပေးတဲ့ ကိုရေတမာ ကိုရော အထူးကျေးဇူးပါ...

ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous said...

ငါ့နှယ်နော်...

:P said...

ခရေတွန်ရဲ့ မှတ်ချက် အရယ်ရဆုံးပဲ

kaungkinpyar said...

တလုံးမကျန် အစအဆုံးဖတ်သွားတယ်..နောက်ဆုံးမှ ဘာပြောချင်တယ် သဘောပေါက်တော့တယ်..
သွားနှုတ်သွားတုန်းက တယောက်ထဲ ခံစားလိုက်ရတာ ပြန်သတိရသွားတယ်...

မြစ်ကျိုးအင်း said...

စာဖတ်နေရင်းနဲ့ ဖြစ်နိင်ခြေအတွေးတွေ ဝင်လာတယ်။ ဒီဘလော့မှာ တင်တာရယ် အပေါ်ဆုံးက စာကြောင်းရယ်ကြောင့် တခုခုတော့တခုခုပဲ တွေးမိလိုက်တယ်။
သွားနှုတ်တယ်ဆိုတာတော့ အောက်ဆုံးရောက် မှပဲ သိတော့တယ်။
ပြုံးလိုက်ရတယ်။

ရေးတဲ့သူကလည်း ထင်အောင်ရေးတာလေ သူရေးနေချိန်မှာ ဘာကိုတွေးနေမလဲရော သိနိင်ပါ့မလား။

ပြောချင်တာက ကိုယ်လည်း အဲဒီလို ထင်ယောင်ထင်မှားရေးမယ်ဆိုရင် အဖြစ်အပျက် ၂ခုကို ယှဉ်ပြီး တမျိုးထဲ သုံးလို့ ရမယ့် စာအရေးအသားကို ရွေးချယ်ရမှာ ပဲလေ။

သေချာတာတော့ စာရေးသူရဲ့ ရည်ရွယ်ချက် က ပျော်ပျော်ရွှင်ရွှင် ဟာသ ရသလေးဖြစ်မှာ သေချာတယ်။

မငုံ said...

ခေါင်းစဉ်ကြီးကိုဖတ်ပြီး ကျော်ခွမဖတ်ရဲခဲ့ပါဘူး။ :))

Angel Shaper said...

တောက်စ် ခေါက်လိုက်ရ......
ဟဟ... ငါ့မှာ အတွေးချော်ခါနီးနီးနော်။ ဟင်းးး ရာတမေ.... ကိုနိုင် တို့တော့ လုပ်တော့မယ်။
ဟဟဟားးးးးးးးးးးးးလို့ပဲ အော်ရယ်လိုက်ပါတော့မယ်ဟယ်။