Tuesday, January 05, 2010

ထူးမှထူးတဲ့ အရွယ်

မနေ့က မရောင်မလည်နဲ့ စာအုပ်တွေရောင်းတဲ့ဆိုင်ဖက် ရောက်သွားတယ်။ နာမည်တွေလိုက်ဖတ်ရင်း ၀တ္တုတန်းဖက်ရောက်သွားတော့ မင်းလူစာအုပ်သွားတွေ့တယ်။ အသစ်စက်စက်လုံးချင်းဝတ္တုတဲ့။ “အလွမ်းသစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံးစာမျက်နှာလေး လှန်လိုက်တော့

“မိန်းကလေး တယောက်ကို ချစ်ရတာ
ခပ်ညံ့ညံ့ဘောလုံးအသင်းတသင်းကို အားပေးရသလိုပဲ၊
အားမလိုအားမရလည်းဖြစ်ရတယ်
အချိန်တန်ရင်လည်း မကြည့်ဘဲမနေနိုင်ဘူး” (မှတ်မိသလိုရေးပါသည်) ဆိုပြီးဖတ်လိုက်ရတော့ ၀ယ်ချင်လိုက်တာ။ ဈေးက ၇ကျပ်တဲ့။ သိပ်လည်းမထူတာနဲ့ ပြန်ချထားလိုက်တယ်။ ၃ကျပ်ခွဲတန် ၂ အုပ်ဝယ်လိုက်မယ်ဆိုပြီး စိတ်ကူးပလိုက်တယ်။ “ပန်းကျောင်း”ပြန်တွေ့တယ်။ ပျောက်သွားတဲ့ စာအုပ်လေး။ ဇာတ်လမ်းတွေမေ့ကုန်ပြီ။ သူငယ်ချင်းတွေကို ပြန်သတိရသွားတယ်။ ကျောင်းပုံပြင်ပေါ့။


ဆရာအောင်းသင်းရဲ့ အရွယ်

ကြပ်ကြပ်ကြီး သတိရနေစေဖို့ သင့်သည်ကတော့ အရွယ်ပင်ဖြစ်သည်။ အရွယ်ကတော့ ရပ်နေသည်မဟုတ်။ အသက်ကြီးလာဖို့ ကိစ္စကတော့ အားထုတ်နေဖို့ မလိုသကဲ့သို့ တားလို့ဆီးလို့လည်း ရသည်မဟုတ်။ သို့သော် အရွယ်ဆိုသည်မှာ အချိန်ပင် ဖြစ်သည်။ အချိန်ကို အသုံးချခြင်းသည်ပင်လျှင် အရွယ်ကို အသုံးချခြင်းဖြစ်သည်။ ပထမအရွယ်ကို အသုံးချဖို့ မေ့လျော့နေလျှင် အီးပေါသော ဒုတိယအရွယ်ကြီးကို လက်ခံရပေတော့မည်။ တတိယ အရွယ်ကိုတော့ ဖြစ်သလိုအိုပြီး ကြုံရာရောဂါနှင့် သေသွားရုံသာ ရှိသည်။ သဘောကျသည် စကားစုလေးများလည်း ပြန်လည် ဝေမျှချင်ပါသည်။

To know something of everything and everything of something.
(အရာရာတိုင်းတွင် တီးမိခေါက်မိရှိ၍ တစုံတရာကို ပြဲပြဲစင်အောင် သိရမည်)

You are not allowed to read another page of life
(ဘ၀မှာ စာမျက်နှာ ကျော်ဖတ်ခွင့်မရှိဘူး) အခု လက်ငင်းကြူံနေရတဲ့ အချိန်ကာလကို တန်းဖိုးရှိရှိ သုံးပါ။

စသည်ဖြင့် ရေးသားထားသော အရွယ် ဆောင်းပါး အပါအ၀င် ဆောင်းပါးကောင်း ၂၅ ပုဒ်ဖြင့် ထုတ်ဝေထားပါသည်။
တန်ဖိုး ၂၀၀၀ကျပ်။



အရှင်ဆန္ဒာဓိက၏ ထူးမှထူး


စိတ်ဝင်စားစရာ ခေါင်းစဉ်ပေါင်း ၃၁ခုနှင့်အတူ

သိမ်းပိုက်ဆုပ်ကိုင်သူတွေကြား
စွန့်လွတ်မျှဝေသူ....
မှားမိုက်ဆိုးတေသူတွေကြား
ထိန်းချုပ်စောင့်စည်းသူ
ပေါ့ပျက်ပူမြိုက်သူတွေကြား
ရင့်ကျက်အေးချမ်းသူ...
စွဲငြိဖွဲ့နှောင်သူတွေကြား
လွတ်လပ်ထုံးပြေသူဟာ
ထူးမှထူးတဲ့သူပါပဲ။ ။ စသည့်ဆုံးမစကားများဖြင့် ရေးသားထားပါသည်။ တန်းဖိုး ၁၀၀၀ ကျပ်။

စာအုပ်မည်းမည်းလေးနှစ်အုပ်နဲ့ အတူ အတွေးပွားမိတာလေးတွေလည်း ရှိသေးတယ်။ အင်တာနက်မှာ ဖတ်လို့ရပေမယ့် စာအုပ်ကို ကိုင်ဖတ်ရတဲ့ အရသာကို မမှီဘူး။ စာအုပ်တွေပျောက်သွားမှာ မဟုတ်ဘူး။

စာမရေးနိုင်ပေမယ့် ဘလော့တော့ရောက်ဖြစ်ပါတယ်။ မရောက်ဖြစ်လဲ။ counter report က တနင်္လာနေ့တိုင်း သတင်းပို့တယ်။ လာရောက်လာကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

ခင်တဲ့ ရေတမာ

21 comments:

မေလေး said...

ရေးးးးးးးးးးးးးး တစ် တစ်

မေလေး said...

ဟယ် ဘူမှမလာသေးဘူးးးးး
နှစ်ပေါ့နော်

မေလေး said...

အားပေးမယ် ၃ ၃

မေလေး said...

နောက်လူမလာခင် ၄ ၄ ၎

မေလေး said...

၅ ၅ ၅ ကျော်စားမယ်

မေလေး said...

၆ လိုက်ရမလားငှင်

မေလေး said...

၇ ဆိုရင်ကေားP

မေလေး said...

၈ ချင်လိုက်ထှာ

မေလေး said...

၉ နဝင်းပုတီးစိပ်နေဒယ် သိလားးးးး

မေလေး said...

စုံလေးဖစ်တွားအောင် ၁၀ ပါ

မေလေး said...

၁၁ မီးငြိမ်းအောင်

မေလေး said...

အဲစာအုပ်လေး နာ့ကိုအရင်ဌားနော်း))))))

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

တခါမှတော့ အခုလို မအော်ဘူးဘူး။ ခင် လို့ အော်လိုက်အုံးမယ်။ အထက်က နှင်းဆီပန်းချစ်တဲ့ကောင်မလေးကို အားကျလို့။

ကိုမျိုး..အညာက လာပေမယ့်.. နံပါတ် ၂ ကွ.. :) :)..

ခင်မင်စွာဖြင့်
ကိုမျိုး

တောင်ပေါ်သား said...

boss ရှိတဲ့ကြားက လာတယ်ကွာ ဘာဖြစ်တုန်း ၃ ကွ

လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

အကို့ညီပိုစ့်ကောင်းကောင်းတင်ပြီးရေးတာကို အောက်က ကလေးတွေ ကောင်းကောင်းမမန့် ကြဘူး..

အကို က ညမှ ဆိုပေမယ့် ၄ ရတယ်


ချစ်တဲ့
ချစ်ကို
ချစ်ဆုံး
ချစ်သဲ
ချစ်စိန်

ပုံ့မေ said...

စာအုပ်ကိုင်ပြီး ဖတ်တဲ့ အရသာကို ဘာနဲ့ မှမလဲနိုင်ဘူးဟေ့... အဲတာတော့ ငါလဲ ထပ်တူ ခံစားရတယ်... အင်တာနက်မှာ ဖတ်ရတာ တခါတလေ ဖီးလ်ငုတ်တယ်ဟာ... =)

ပက်လက်ကုလားထိုင်လေးမှာ စာအုပ်လေးတအုပ်နဲ့ ကော်ဖီလေးတခွက်... တောက်........... အဲလို ပြန်နေချင်လိုက်ထှာနော်......

သံလွင် HeRo said...

ကိုရာတမေဆီကနေ
စာအုပ်ငှားဖတ်ရမယ်း)

kaungkinpyar said...

ယူ ဖတ်ပြီးရင် ငှားးးးးးးးးး(၀ယ် မဖတ်နိုင်)

ငချမ်းကောင် said...

အင်း.... ကောင်ကြီးပြောတာမှန်တယ်။ ငါလည်း စာအုပ်ဆို ကိုင်ဖတ်ရမှ သဘောကျတယ်။ တွေးကြည့်လေ။ အိပ်ချင်ရင် ခေါင်းအုံးလို့ ရတယ်။ အိုက်ရင် ရပ်ခတ်လို့ ရတယ်။ လာစရင် လှမ်းပေါက်လို့ရတယ်။ ဗိုက်ဆာရင် မရွေးနဲ့ လဲစားလို့ရတယ်။ ဘယ်လောက်ကောင်းလိုက်သလဲ။ (မှတ်ချက်။ ။ ခင်လို့စတယ် မှတ်ပါလေ။ မကျေနပ်ရင် လေဖြတ်သေ။)

မိုးခါး said...

စာအုပ်ငှားပါ

မငုံ said...

ဟုတ်တယ်ဟ.စာအုပ်ကို ကိုင်ဖတ်ရတာလောက် အရသာရှိတာ ဖတ်ရတာ ပိုကောင်းတယ်နော်။