Key-C တေးရေး-ရေတမာ
Intro
Verse I: C Em
စင်ကာပူနား ပိုလာအူပင် ကျွန်းလေးဝယ်
Am C
တို့ ၁၂ ဦး တွေ့လို့ အတူ လျောက်လည်
C Am
ဒေါင်းဖန်ဝါ လင်းကာထိန်တဲ့ နေ့ခင်းဝယ်
F C
တောင်ပစိဖိတ်ရဲ့ အဏ္ဏ၀ါအလယ်
C A m
ကတိစကား တိုင်တည်အတူတူ ထားလို့ရယ်
F C
၁၀နာရီထိုး ဆုံးတဲ့အခါတွေ့မယ်
C Am
ချွေးတွေသာ ရွှဲကာဆိုတဲ့ ဒီကျွန်းဝယ်
F C
ခြေသလုံးတုတ်လို့ လာပါတယ်။
CHO: Am G
ကိုယ်နင်းခဲ့ပါသော်လည်း ခုထိကိုလမ်းမှန်မတွေ့လေတယ်
F C
လမ်းခွဲတွေ ၀င်လေတိုင်း ဟိုတုန်းက မတူတဲ့ အမောက တလှပ်လှပ်ကွယ်
Verse II: C Em
စင်ကာပူနား ပိုလာအူပင် ကျွန်းလေးဝယ်
Am C
တို့ ၁၂ ဦး တွေ့လို့ အတူ လျောက်လည်
C Am
ဒေါင်းဖန်ဝါ လင်းကာထိန်တဲ့ နေ့ခင်းဝယ်
F C
တောင်ပစိဖိတ်ရဲ့ အဏ္ဏ၀ါအလယ်
C Am
ကတိစကား တိုင်တည်အတူတူ ထားလို့ရယ်
F C
၁၀နာရီထိုး ဆုံးတဲ့အခါတွေ့မယ်
C Am
ချွေးတွေသာ ရွှဲကာဆိုတဲ့ ဒီကျွန်းဝယ်
F C
ခြေသလုံးတုတ်လို့ လာပါတယ်။ CHO:
C Am
စင်ကာပူနား ပိုလာအူပင် ကျွန်းမှကွယ်
F C
မော်တော်လေးစီးလို့ ကိုယ်သွားမယ်
C Am
သို့သော်ကွယ် ချစ်ခင်မှုလေးတွေရှိရာ ကျွန်းကို
F C
တခါထပ်ပြီး ဆက်ဆက်ပြန်ခဲ့မယ်
အသွားလေလား အပြန်လား
ဒီရေအိုင်က ရေက ဘာဖြစ်တယ်ဆိုလား
ဒီလို ဒီလို အကောင်တွေလည်း ပေါရဲ့
ကြည့်သောသူ မြင်၏
ဥာဏ်စမ်း ပဟေဋ္ဌိ အဖြေညှိမလား
( p.s - ပျော်စေချင်၍ ကူးယူထားခြင်းဖြစ်ပါတယ်။ တေးရေးတေးဆိုများအား တောင်းပန်အပ်ပါသည်။ family cord လေးတွေ ပြောပြပေးတဲ့ အိမ်ဂျယ်ကိုလည်း ကျေးဇူးတင်ပါတယ်)
32 comments:
တစ် တစ် တစ်
နှစ် နှစ် နှစ်
သုံး သုံး သုံး
လေး လေး လေး
ငါး ငါး ငါး
ငါးနာရီထိုးပြီ အိပ်တော့မယ်။
ခြောက်........
ဟဟဟားးးးးးးးးးး
တမာကတော့လေ
ပေါက်ပေါက်ရှာရှာတေးတွေ သီကာကုံးကာ
ကိုယ်ပိုင်ကော်ပီတွေ အပီ ရေးချလိုက်ပြန်ပေါ့။
ကောင်းပါပေ့။
ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာလေးတွေ ဖန်တီးခဲ့တာကို ပျော်စရာလုပ်ဆိုမယ်ပေါ့။ ငါ့အရင်ပေးဆိုနော်။ ဒါဗြဲ
၇ နာရီ ထရမယ်။
၈နာရီ အလုပ်သွားရမယ်။
၉ နာရီ အလုပ်စ၀င်ရမယ်။
၁၀ ကြိုးစားဦးမယ်။ နှစ်နာရီအတွင်း အိပ်ရေးဝဖို့ ။
သောင်းကျန်းတယ် မပြောကြပါနှင့်။
မအိပ်ပဲ စောင့်ရကျိုးနပ်ရန် မွှေလိုက်သည်။ ဟိဟိ
အမလဲ လာနားထောင်သွားတယ် ကောင်လေးရေ...း)
အဲ....11 ကော်မန့်...သြော်... အိန်ဂျယ် ရယ်...။
ဓာတ်ပုံလေးတွေ ကြည့်ချင်တယ်...။ သီချင်းလေးလဲ ဆိုသွားတယ်...း))
ထင်တော့ထင်တယ် ဖြူသီ့ သီချင်းမှန်း...
ကော်မန့် ရေးတော့ မေးမလို့ ... ဟီးးးးးးးး ခုမလိုတော့ဘူး... တွေးတာ မှန်သွားပြီ။ ကိုယ့်ဖာသာကိုယ်ပဲ ဆုချတော့မယ်...
ပိုလာဘာလီ....ပူလာအူဘင်... ဟဟ ကိုက်တယ်....
တွေးတတ်ပါ့ ရေတမာရေ :D
ရေတမာ ..... အခုချက်ချင်း အဲဒီသီချင်းလာဆိုပြ။
အဲ့ဒီစပ်ထားတဲ့သီချင်းကို အသံသွင်းပြီး သီချင်းအဖြစ် တင်စေချင်တယ် ဘယ်လိုဆိုရလဲဆိုတာ ဟိဟိ စာသားတွေကတော့ မိုက်တယ်ဟေ့ :))))
လုပ်ထားပြန်ပြီဟ နောက်တယောက်း)
ဖြူသီတော့ ထိုင်ငိုရမယ်း) ရေတမာအသံနဲ့ ဆိုခိုင်းလိုက်ရတော့ အဟေးဟေးးးးးး ပုံတွေက မသဲကွဲဘူး ဘူတူရိုက်တာတုန်းကွး) ညံ့ပါ့ဗျား)
ခြေသလုံးတုတ်လျှင် ကောင်း၏ ဘောလုံးကန်တော့ ရိုက်ရတာ သိပ်မနာတော့ဘူးလေး)
လေးစားလျက်
တောင်ပေါ်သား
ဘာဖြစ်လို့ ကိုယ်တိုင်ဆိုထားတဲ့ အသံလေးနဲ့ မတင်တာလဲ
မလိုက်ရလဲ အဲဒီသီချင်း ၀င်ဟဲတယ်ဗျာ။
တေးရေးတေးဆို ကိုရေတမာ ရဲ့  ပိုလာအူပင် live show ဘယ်တော့ဆိုမလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။
ပျော်ရွင်ပါစေ :)
ခင်မင်စွာနှင့်
တလနွန်
ရေတမာရဲ့
ကော်ပိုင် သီချင်းလေး ဖတ်သွားတယ်....
အကြာကြီးငြိမ်နေပီးမှ တေးရေး ရေတမာလုပ်နေတယ်..
တေးဆိုကရော... ဘယ်သူလေးတုန်း...
အဟဲ တို့အိမ်ကျယ်တော့ မဟုတ်လောက်ပါဘူး...
ကော်ပိုင်ရေ မန့်ပီးပီ ပြန်ပီ...
အူ ပင် ..ဇီးသီးစ်စ်.... ဘယ်တော့ထွက်မလဲ ဗျိုးးးးး
ဟာမိုနီ လိုရင် ခေါ်လိုက် ရာတမေ ရေ ...
လမ်းထဲမှာ အူ တတ်တဲ့ ဟောင်ကောင်သားတွေ အများကြီး ရှိတယ် ..အားပေးလိုက်မယ်လေ... ဟီဟိ
ကိုယ်တိုင်းရေးထာတော့
ကိုယ်တိုင်တီးပြီး
ကိုယ်တိုင်ဆိုပြပါ...
အဆင်ပြေရင် ဆီးသီးထုတ်ပေးမယ်...
းဝ)
ချိတ်မတောင်းပါဝူးအေ့
မလိုက်ရဝူးးးးး
ဟင့်
ဟားဟား
ဟုတ်နေတာပဲ
ကြည့်သောသူမြင်၏မှာ ငါကြည့်တော့ကြည့်တယ်
မမြင်ဘူးဟ
ဘာကြီးလဲ :D
တော်တော်ဆိုးတာပဲ.. ဟိုတစ်ယောက်ကတော့
မိုက်လှချေလား..
ကဗျာတစ်ပုဒ်မဟုတ်ပဲ.. သီချင်းတစ်ပုဒ်ရသွားတယ်..
ကြည့်တာပဲကွ.. မိုးခါးပြောသလိုပဲ မမြင်ဘူး..
ကာလာဘလိုင်းများ ဖြစ်နေလားမသိဘူး..
မြင်တယ် ..
မြင်တယ် ..
နောက်နေ့ တွေ့မှ
ပြောပြမယ် နော် ..>>>
ဒါပေမယ့်
အဲ့လို
အကောင်တွေ ပေါတယ်သာ
ဆိုတယ် ..
တစ်ကောင်မှ အဲ့မှာ
မတွေ့ခဲ့ပါ ဘူး ..။
အေးပေါ့လေ ..
မြင်သောသူ သာ တွေ့၏ ...
ဆိုတော့ လည်းး ...း)
သီချင်းရေးတဲ့ နေရာမှာတော့ ဆရာကျလွန်းပါတယ်ဗျာ။ နောက်ဆို ဆရာကောင် ရေတမာလို့ ခေါ်တော့မယ်။ :)
ကစ်စ် ပေးခံထိတဲ့မျက်နှာလေးနဲ့
ဆိုတာကြည့်ချင်တယ်ဗျာ...
ငှင်းငှင်းငှင်း :)
လိုက်လို့မမီတော့ဘူးဗျို့... ကျနော်လည်း
တစ်ပုဒ်လောက်ဆိုချင်တယ်ဗျာ...
ကြိုးစားကြည့်လိုက်အုံးမယ် ဟီးဟီး :)
မဆိုးဘူး။ တေးရေးဆရာလုပ်စားလို့ ရပြီ။ အပေါ်က အိန်ဂျယ်က နေရာလုဖက်အိမ်မှာ တစ်ကနေ စတင်ပြီး ယူနေလိုက်တာ လေ့ကျင့်ခန်းတောင် ဖြစ်နေပြီ :P
ပျော်စရာခရီးစဉ်လေးနော်...
သီချင်းလေးနဲ့အတူ အပျော်တွေကူးစက်သွားပါတယ်.. သူများ မမြင်တဲ့ မှိုအကြီးကြီးကိုလည်း မြင်အောင်ကြည့်လိုက်တယ်..း)
i see. yay ta mar
i see. yay ta mar
Post a Comment