Sunday, September 13, 2009

မဖြစ်သင့်ဘူးဗျာ

မနေ့က အပြင်သွားမလို့ ကားစောင့်နေတုန်း အမျိုးသမီးတစ်ယောက် ကားမှတ်တိုင်ဆီ လျှောက်လာတယ်။ ၀တ်လာတာ သူ့သမီး စကပ်လားမသိဘူး။ တိုလိုက်တာ။ ပေါင်တန်သွယ်သွယ်နဲ့ စကပ်တိုတို အသားဖြူဖြူ ဆိုတော့ လှတာတော့ လှပါတယ်။ တိုလွန်းတော့ မမြင်သင့်တာတွေ မြင်ကုန်။ ပေါ်ကုန်ရင် မခက်ပေဘူးလား။ သူကတော့ ၀တ်နေကျလားမသိဘူး။ အေးဆေးပဲ ပေါင်ရင်းလောက် စကပ်တိုတိုနဲ့ တင်ပါးလိမ် ချိတ်ထိုင် နေ တယ်။

ဒီလို ၀တ်တာ လွတ်လပ်ပေါ့ပါး ၀တ်ချင်လို့လား။ sexy ကျကျဝတ်ချင်လို့လား။ လူကြည့်ခံချင်လို့လား။ သူမသာ သိပါလိမ့်မယ်။ ကျနော့်အမြင်တော့ မဖြစ်သင့်ဘူးထင်တယ်။ အတိုဝတ်ချင်လည်း ဒီထက်နည်းနည်းရှည်တဲ့ အတိုလည်း ၀တ်လို့ရပါတယ်။ တခြား ဖက်ရှင် ကျကျ sexy ကျကျ အတိုတွေ အများကြီးပါ။ တခြား မဖော်ဘဲ sexy ကျကျဝတ်လို့ရတဲ့ ဒီဇိုင်းတွေ အများကြီးပါ။ ကျနော့်အမြင်ပါ။ သူ့ဘာသာ ရှိလို့ဝတ်တာပဲ။ အနေသာကြီးပါ။

လွတ်လပ်ပြီး မင်းရှိတိုင်းပြည်ဆိုတော့လည်း လုပ်သမျှတင့်တယ်နေလိုက်တာ။ မင်းမဲ့နိုင်ငံလိုမျိုးဆို တဏှာရဲ့ သားကောင်ဖြစ်သွားမှာ အသေချာပါပဲ။ နှမချင်းမစာနာတဲ့သူနဲ့ တွေ့ရင်တော့ အင်တာနက်ပေါ် ရောက်သွားနိုင်ပါတယ်။ ဒီလိုဝတ်တော့သူလည်း အန္တရာယ်ရှိသလို။ ကျနော်တို့လည်း အန္တရာယ်ရှိပါတယ်။ ဒီလိုဗျာ











ခင်တဲ့
ရေတမာ

22 comments:

သားကြီး said...

အလဲ့
templateအသစ်နဲ့ပါလားကိုယ့်ညီက
အတွေးအခေါ်ကလည်း အသစ်ထင်တယ်
ဝတ်ပါစေညီရာ သူစိတ်ချမ်းသာရင်ပြီးတာပါပဲ

kiki said...

တိန်....
သူဝတ်တာ နဲနဲတောင်ရှည်နေသေးတယ်ဟေးး
ဒီထက်တိုတာတွေ ရှိသေး ..
ဆိုင်ကယ် နောက်က နေထိုင်စီးသွားတာတွေ့ ရင် .. ရာတမေတော့ နှာခေါင်းသွေးလျှံမှာ မြင်ယောင်မိသေးတယ်ကွယ် ... ဟဲဟဲဟဲဟဲ နဲ့ သွားရေ ခံ လေးပါ ခံထားရမယ် ..ခိ

မိုးခါး said...

ငါမြင်တာတော့ သူတို့ဝတ်တာ ရှည်ပါသေးတယ်ဟ ..
:D

မိုးစက်အိမ် said...

ကိုရေတမာရေးတာဖတ်ပြီး ပြောရရင် တကယ်ကို
မဖြစ်သင်.ဘူးဗျာ ... :)

တောင်ပေါ်သား said...

အော် ဒီလိုလား ဒီလိုက အဆင်ပြေနေသေးတာပဲ မဟုတ်မှ လွဲရော ရေတမာ ဘာတွေ ဖုန်းကင်မရာနဲ့ လျှောက်ရိုက်နေလဲ မသိဘူးး) ဟိုတလောကပဲ ဖမ်းခံထားရတယ် ကြားတယ်နော် အဟေးဟေးး (ရေတမာ ဖမ်းခံရခြင်းမဟုတ်ပါ )း) သတိထားဟေ့

စလုံးမလေးတွေ ၀တ်တယ်လား ၀တ်ပါစေ သူတို့က ၀တ်နေကြမလား မြန်မာမလေးတွေ ၀တ်တယ်လား ဒါဆို မဖြစ်သင့်သေးပါ နင်မေးလိုက်လေ ဘာလူမျိုးလဲလို့း)


လေးစားလျက်
တောင်ပေါ်သား

နှင်းနဲ့မာယာ said...

အလဲ့
မြင်တတ် ကြည့်တတ် ဝေဖန်တတ်နေပီပဲ....
ရှိတာတွေကို ရှိပါစေလေ....
မမြင်ချင်ယောင် ဆောင်နေလိုက်ပါ...
စိတ်ချမ်းသာတယ်...

နှင်း

kaungkinpyar said...

:O

Angel Shaper said...

အောင်မယ် တမာလေးက သူရိုက်ခဲ့တဲ့ပုံတွေတော့ မတင်ပဲနဲ့  လိုက်ကြည့်တာတွေ၊ မြင်လိုက်တာတွေပဲပြောတယ် လူဇိုးးးးးးးးး
သူ့ ဟာသူဝတ်တာလေ ၀တ်ပါစေပေါ့။
နင်ကလဲ နင့်တာဝန်ကျေအောင် ကြည့်ပေးပေါ့။ ဒါပဲလေ။ ဟုတ်ဘူးလား။ ဟိဟိ

Phyo Maw said...

ဟော တွေးလိုက်ကြည့်လိုက် ကြည့်လိုက်တွေးလိုက်နဲ့
တော့ မလုပ်ပါနဲ့ကွယ် ကြည့်စရာရှိကြည့် တွေးစရာရှိတွေး ရှုပ်ကုန်ပြီ။

Yu Ya said...

အော်..ကိုတမာရေ...

စိတ်လျော့..စိတ်လျော့..

yu ya

သံလွင် HeRo said...

ဟားဟား...ဖွားဖွား လမ်းသရဲ
ပေါ့ဗျာ

rose of sharon said...

ဟုတ်တယ်... လုံးဝမဖြစ်သင့်(မဝတ်သင့်)ဘူး

ပုံ့မေ said...

ဟေးဟေး... ဒါကတော့ ကြည့်တဲ့သူရှိလို့ ဝတ်တဲ့သူရှိတာ။ ဝတ်တဲ့သူရှိလို့ ဝတ်တာ။ အဲ ဘယ်ဟာက အရင်လဲ တော့သိဘူးတော့။

ဝတ်ချင်ကြတာဝတ်ကြပါစေတော်။

:P :DDD

သီဟသစ် said...

အပုပ်ကောင်လေးတွေ ရုပ်ဆောင်ကြတာပေါ့ကွယ်
တရားနဲ့ ရှုကွယ့်
:D

WWKM said...

ရေတမာရေ.. မောင်ယုယပြောသလိုပဲ ပြောတော့မယ်.
စိတ်လျှော့ ကလေး စိတ်လျှော့...
မြန်မာမိန်းကလေးတွေတော့ ၀တ်ရဲလောက်ဖူးထင်ပါ
တယ်လေ။
ဂျပန်ကျောင်းသူလေးတွေကတော့ စကဒ်ဆို တိုမှ ခေတ်မှီတာတဲ့။ အထက်တန်းကျောင်းသူလေးတွေ
ပဲရှိသေးတယ်နော်...ကိုယ့်ရှေ့ကနေ လှေကားတက်သွားရင် ဆက်မပြောတော့ဘူး.. တွေးသာ
ကြည့်ပေတော့.း)

မေလေး said...

နင်မလဲ
ဒွတ်ခ
အိမ်ကအမျိုးသမီး သတိရသွားရပြန်ပီလားးးး
သူတို့ဝတ်တာ ရှည်ပါသေးတယ်ဟယ်။

Libratun said...

မကြီးဝါက လာတွေးခိုင်းနေတယ်။ ကျွန်တော်က ဂျပန် သွားမယ် စိတ်ကူးထားတာ။ မသွားချင်အောင် လာပြောနေတယ်။း)

အဲဒီ နှာခေါင်းသွေးလျှံတဲ့ကိစ္စ မေးရဦးမယ်။ အဲဒါဘာလို့လဲ။
ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတယ်။ ဘာလို့လဲလည်း မပြောဘူး။

သုခုမလေဒီ said...

မဖြစ်သင့်တာတွေလည်းဖြစ်နေကြတာပဲမဟုတ်လား။
ကိုယ့်ကိုတိုင် မဖြစ်သင့်ဘူးလို့ သိကြရင်တော့ကောင်းမှာ ပဲ။ ရေတမာပြောသလိုပဲ ဘာကြောင့်ဝတ်ကြတာလဲ လို့ တော့မသိဘူး။ အယူအဆတစ်မျိုးစီတော့ရှိကြမယ်ထင်တယ်။
ယိုသူမရှက်၊ မြင်သူရှက် ရတော့လည်းအဆိုးသားပဲ။ ဆင်ခြင်သင့်တဲ့ကိစ္စလေးပါ။

ဆောင်းနှင်းရွက် said...

အင်းပေါ့ နော် ..။
ဒါက ဂလိုရှိတယ် ..။
အင်းးးးးး)
ဘယ်လို ပြောရမလဲ ပေါ့နော် ..း)
အို ...
မပြောတော့တာပဲ ကောင်းပါတယ် ကွယ် .:

leomark said...

ကုသိုလ်ရပါတယ် ငတိရယ်...အဟိ

စည်သူ said...

အော်...
သူတို့ကလည်း.. သူတို့ပါပဲတဲ့

ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပါပဲဗျာ..

ဒါပေမယ့် တစ်ခုတော့ စဉ်းစားမိတယ်
ခိုးသူက ခိုးချင်နေတာ..
ထိမ်းသိမ်းသူ ညံ့ဖြင်းမှုကြောင့်လားလို့..

ပျော်ရွှင်ပါစေ

မငုံ said...

သယ်ရင်းတောင် ခိုးကြည့်ပြီး ဝေဖန်တတ်နေပြီပဲ :P
စတာနော့။။