Saturday, September 26, 2009

မမေ့တဲ့နေ့

ငယ်သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲလေး မလုပ်နိုင်တာကြာပြီ။ ဒီမှာရှိတဲ့အချိန် တစ်ယောက်စ နှစ်ယောက်စနဲ့ပဲ ညစာလိုက် ကျွေးဖြစ်တယ်။ ဒီနှစ်ရော ဆိုရင် အကြောင်းအမျိုးမျိုးကြောင့် မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ Face Book မှတင် ထားတော့ အရင်ဆုံး မမကောင်းကင်ပြာကသိတယ်။ နောက်တော့ နွေးနေခြည်။ မကြည်ဇာလွင်။ တလနွန်တို့က မွေးနေ့ အတွက်ဆုတောင်းပေးကြတယ်။ ကျေးဇူး အများကြီးတင်ပါတယ်။ ၃ရက်လောက် ကြိုသိနေတဲ့ မမကောင်းကင်ပြာကို Tuas ထဲလိုက်ပို့မယ် မုန့်ကျွေးမယ် ဆိုပြီးစိတ်ကူးထားတယ်။ မမရောင်က Sembawang Beach သွားချင်တယ်ဆိုတော့ မွေးနေ့မှာ စိတ်အေးအေးချမ်းချမ်းနဲ့ နေမယ်။ ဘုန်းကြီးကျောင်းနဲ့ နီးတယ် ဆိုတော့ သွားမယ်ဆိုတဲ့ စိတ်ကူးနဲ့ လိုက်ပို့ပေးမယ်လို့ ပြောလိုက်တယ်။ မမရောင်ရဲ့ သူငယ်ချင်းလည်း မရောက်ဖူးဘူး ဆိုတော့ သုံးယောက်သားသွားကြတယ်။

လေတဖြူးဖြူး ဗန်ဒါရွှက်တွေ ဝေနေတဲ့ ကမ်းခြေ

လူသံတိတ်ဆိတ်တဲ့ ကမ်းခြေက တမျိုးတစ်ဘာသာ လှနေပါတယ်။ မမရောင်က အင်ကြင်းပန်းတွေ တွေ့တော့ ခူးတယ်။ သူ့ကိုပန်းပန်ခိုင်း ဓါတ်ပုံရိုက်နဲ့ အရမ်းရီရတယ်။ ဈေးထဲမှာဖျာတွေ့ပေမယ့် မ၀ယ်ဖြစ်ခဲ့လိုက်ဘူး။ ဒီရောက်မှ အမှိုက်သိမ်းတဲ့ ကြွပ်ကြွပ်အိတ်ကို ဖျာလုပ်ထိုင်ကြတယ်။ ညနေကိုဘိုဘိုက Orchard မှာလမ်းသွားလျောက်မယ်တဲ့။ F1 လည်းရှိတယ် ဆိုတော့ အားလုံးဆုံကြမယ် စီစဉ်ကြတယ်။

ဘုန်းကြီးကျောင်းကအပြန် သူငယ်ချင်းတစ်ယောက်ဆီက birthday wish မတ်ဆေ့ခ်ျ လာတော့ မမရောင် သိသွားတယ်။ ကိုတောင်ပေါ်ဆီ ဖုန်းဆက်ပြီး အားလုံးကို ကြေညာမောင်းခတ်ဖို့ ဆော်သြလိုက်ပါတော့တယ်။ မမကောင်းကင်ပြာဆီ သွားဖို့ အချိန်မမှီတော့ဘူး။ ဆုံကြမယ့်နေရာသွားဖို့ စောသေးတာနဲ့ MD မှာ အအေး သောက်ရင်း မေးလ် စစ်ကြတယ်။ ဆုတောင်းပေးတဲ့လူ သိပ်မရှိပါဘူး။ ဖေ့ဘုတ်မှာ ဆုတောင်းပေးတဲ့သူရယ် ကိုနိုင်က မွေးနေ့ပို့လေးနဲ့ ငှက်လွတ်ပေးတဲ့ ပုံရယ်ကြည့်ပြီး ရင်ထဲမှာ ပြောမပြတတ်လောက်အောင် ကြည်နှုးတယ်။ အရမ်းပျော်နေတော့ စာတွေတောင် ကောင်းကောင်းပြန်မရိုက်နိုင်ဘူး။ မတ်ဆေ့ခ်ျနဲ့ဆုတောင်းပေးကြတဲ့ ကိုမျိုးဇော်၊အိန်ဂျယ်၊ကိုရီနို၊ ဖုန်းဆက်ပြီး ဆုတောင်းပေးကြတဲ့ အိန်ဂျယ်၊ ဖိုးချို၊ ကိုမင်းထွန်း၊ ကိုသက်နိုင်၊ ကိုမြင့်ဇော်ဦး စီဘောက်မှာ ဆုတောင်းပေးကြတဲ့ မမကောင်းကင်ပြာ၊ အိမ်ဂျယ်၊ မမေကဆုန်၊ ကိုနိုင်၊ ကိုမင်းထွန်း၊ flower poem၊ သံလွင်၊ Waing၊ မမရောင်၊ ဂျီတော့မှာ ဆုတောင်းပေးတဲ့ waing၊ ကိုသီဟသစ် တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ သူငယ်ချင်းတွေ အားလုံးဆုံအောင် ဆော်သြပေးတဲ့ မမရောင်၊ မေးလ်ပို့ပေးတဲ့ ၉.၇ မီလီယမ်ပိုင်ရှင် ကိုတောင်ပေါ်၊ အလုပ်တွေ မအားတဲ့ ကြားကလာရတဲ့မေလေး၊ မမကောင်းကင်ပြာ၊ ကိုဘိုဘို၊ ကိုသီဟသစ်၊ မိုးခါး၊ မကြယ်နဲ့ သူ့ညီမလေး၊ မေသူ၊ ကိုဂျေး၊အဆိပ်၊ ကိုဆောင်းချမ်းမိုး၊ ဖိုးသင်္ကြန်၊ သဲသဲ၊ မြရေလျဉ် မွေးနေ့မှန်းသိ၍လာခဲ့ကြသော၊ သူငယ်ချင်းများနှင့် ဆုံချင်၍လာခဲ့ကြသော ဆုတောင်းပေးကြသော၊ သူငယ်ချင်း ညီအကို မောင်နှမများအား ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
သူငယ်ချင်းတွေနဲ့ ညစာစားတဲ့ဆိုင်


ပျော်ပျော်ပါးပါး ဝေမျှစားသောက်အပြီး

မပြည့်မစုံနဲ့ ကျင်းပလိုက်ရတဲ့အတွက် သူငယ်ချင်းများကို အားနာပါတယ်။ မထင်မှတ်ဘဲ အပျော်တွေရရှိခဲ့တယ်။ မွေးနေ့လေးမှာ တိုက်တိုက်ဆိုင်ဆိုင် စလုံးက နာမည်ကြီး မင်းသားနဲ့ မင်းသမီး စုံတွဲကို တွေ့လိုက်ရတာလည်း အမှတ်တရပါပဲ။ F1 ရဲ့ အင်ဂျင်သံတွေအောက် ရီသံတွေဖုံးလွမ်းခဲ့တယ်။
ခင်တဲ့
ရေတမာ

23 comments:

kaungkinpyar said...

ထပ်ပြီး Happy Birthday ပါ......

ပုံ့မေ said...

တနှစ်ကြီးသွားပြီ........ ဟိဟိ :D

ပျော်ရွှင်ခဲ့တယ်ဆိုလို့ ဝမ်းသာပါတယ် .... ရေမာရေ။

kiki said...

HaPpY bIrThDaY ! ! !
မသိလိုက် လို့  ခုမှ ဆုတောင်းပေးလိုက်ရတယ် ရာတမေ ရေ ..
သူငယ်ချင်းတွေ နဲ့  ပျော်စရာ မွေးနေ့ ပေါင်းများစွာ နောင်လည်း ဆင်နွှဲ နိုင်ပါစေ ..

rose of sharon said...

အော် ... မွေးနေ့လား... မသိလိုက်ဘူး...
HAPPY BIRTHDAY...
လိုအင်ဆန္ဒမှန်သမျှပြည့်ဝနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Anonymous said...

Happy Birhtday x 100000

ဘယ်ရမလဲ မက်စေ့ကို ခိုးချောင်ခိုးဝှက် ဖတ်နေတာ လူမိသွားတယ်။ ဟဟ
ဒီကလည်း အသည်းသာကွဲတာ မျက်စီကတော့ လျှင်တယ်နော့်။

မောင်လေးရေ မမေ့နိုင်တဲ့ မွေးနေ့နဲ့ မကြီးအတွက် အဖော်လေးပါပဲ။

နေစိုးနိုင် said...

အဖော်လေးတဲ့
ဟိ .. ဟိ ..
သူ့ဓာတ်ပုံထဲမှာလည်းပုတ်သင်ညိုတွေ့သလိုပဲ..

နောက်တာနော်

ချိတ်ချိုးကြနဲ့

ပျော်ပျော်မပျော်ပျော် .. ပျော်အောင်သာနေကွာ... မပျော်လည်း ပျော် .. ပျော်လည်းပျော် .. ပျော် ပျော် ကြီးသာပျော်လိုက်ကြပါစို့

တောင်ပေါ်သား said...

တကယ်ပါကွာ ၉.၇ က ကပ်လွှဲသွားတယ်း)
ပေါက်များ ပေါက်လို့ကတော့ နင်တော့ ထောဦးမယ် အဟေးဟေး

ပျော်ရွှင်စရာတွေ အပြည့်နဲ့ သာယာတဲ့ မိသားစုဘ၀ကို ထူထောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်


လေးစားလျက်
တောင်ပေါ်သား

Angel Shaper said...

ဟက်ပီဘတ်ဒေးးးးးးးးးးးး အခါခါ။။။။။ဟိဟိ
သူငယ်ချင်းတွေနဲ့ပျော်ခဲ့တယ်ဆိုလို့ အားကျသွားပါတယ်။
ဖြူစင်တဲ့ ရယ်သံလေးတွေနဲ့ အတူ ချစ်တဲ့ သူငယ်ချင်းတွေနဲ့  နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေလို့။။။။။။။။

Angel Shaper said...

ရေတမာ... နင့်မွေးနေ့ ငါ ဘာမှ မစားရသေးဘူးနော်။ (သတိပေးသွားသည်) ဟဲဟဲ

ကိုလူထွေး said...

ဘာလို့ လာလက်မတို့သလဲ....းD

Waing said...

Happy Birthday!!!

အမှတ်တရနေ့လေးတစ်ရက်ဖြစ်ပါစေ

Ree Noe Mann said...

ညီရေ ပျော်ရွှင်စရာ မွေးနေ့လေး
ဖြစ်ခဲ့တယ်လို့ ကြားရလို့ ဝမ်းသာ
မိပါတယ်။

ကိုရီနို

moekhar said...

ဘာပဲဖြစ်ဖြစ် အစီအစဉ်မရှိပဲ ပျော်လိုက်ရတာပဲး))
ဆန္ဒတွေ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါစေနော်
ဆုတောင်းပေးသွားတယ် ..း))

Dream said...

happy birthday
happy birthday
happy birthday
happy birthday
happy birthday
မွေးနေ့ရှင်ရေ.... မသိလိုက်လို့ မလာလိုက်ပေမယ့်
ရင်ထဲကနစ်နစ်ကာကာနဲ့ ဆုမွန်ပြုလိုက်ပါတယ်။
happy birthday
မှစ၍ အသက်ရှင်နေသမျှကာလပတ်လုံး စိတ်၏ချမ်းသာခြင်းအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေ....လို့..နော်

မငုံ said...

့HAPPY BIRTHDAY ပါ။ ပြောတော့ စတာတဲ့။ တကယ်ထင်ပြီး ဆုမတောင်းပေးလိုက်၇ဘူး။ အခု ဆုတောင်းပေးမယ်နော့။ မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်ပါစေ။ အရာအားလုံးကို အခက်အခဲမရှိ လက်လှမ်းနိုင်ပါစေနော့

စည်သူ said...

အမ်...

အဲလိုလား..
ပုံကြည့်ပြီးတော့ပဲ လွေးလိုက်တယ်.. ဂလု..

ပျော်ရွှင်ဖွယ်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင် အစဉ်ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေဟ..။

ခင်မင်စွာဖြင့်
စည်သူ။

Anonymous said...

မေဘယ်လ် မေဘယ်လ် မက်ဆေ့တော့ ပို့ရှာသားနော်....

ဘီလိပ်တက် ၀ှစ်ရှစ်ပါ ပျော်ရွှင်ပါစေခင်ဗျာ

တလနွန် said...

Happy Birthday ပါ သူငယ်ချင်းရေ...Face Book မှာ ဆုတောင်းပြီးပြီးနော်။ ဒါပေမဲ့ ဒီပိုစ့် ထပ်ဖတ်တော့ ထပ်ဆုတောင်းပေးပါတယ်ကွာ။ တောင်ပေါ်သား ပိုတဲ့ မေးလ်ကို အချိန်မီ မဖွင့်ကြည့်နိုင်ခဲ့လို့  အတူတူမွေးနေ့ မဖြတ်သန်းခဲ့ရပေမဲ့ ထပ်တူကြည်နူးမိတယ်။


ခင်မင်ခြင်းနှင့်
တလနွန်

သံလွင် HeRo said...

အဲဒီနေ့က တားတားမပါဝူး ....
ရနံ့သစ်မှာ ငခူအကျွတ်ကြော်၊ ကြက်ဟင်းခါးသီး
ကြော်၊ ပဲပြုတ်ကြော်နဲ့ ဒီကပဲစားသွားပါတယ်...
ဟီးဟီး

မေလေး said...

Happy Birthday ပါ ရာတမေ
နာ့စက်ပျက် အလုပ်ရှုပ်နဲ့ ထုမှရောက်ဒယ်အေ့
မက်မက်ကလိမ်တာအေ့
တူ့တိဒယ်
တူတောင်မေးလ်ပို့သေးတာကော
ရာတမေရှို့တယ်တဲ့
နာ့လာဒယ်နော်
ဟွန်းးးး

Beauty Studio USA Branded Store said...

သီချင်းလေးကို သဘောကျတယ်ဗျာ။:)

khin oo may said...

happy birthday ..

ဆောင်းနှင်းရွက် said...

9.7 က ဘယ်ရမလဲ ..
ဒီက
တကူးတက နဲ့ လာတာကို
ဘာမှ ၀ယ်မှ မကျွေးတာ ...
ဟွန်းးးး ....