Monday, September 28, 2009

စိတ်ကူးသက်သက်များ

လူဝါးဝတယ်။
သူများဘလော့တွေ သွားလည်ရင် comment တစ်ကြောင်းလောက် ပြောခဲ့သင့်တယ်။ ကိုယ့်စာတွေကျရင် comment တွေလိုချင်ပြန်ရော။ လူဝါးလုံးလုံးဝခြင်းမဟုတ်ရပါ။

ဆင်ခြေ
ဘလော့တွေ များများလာတာနဲ့အမျှ အချိန်တွေပေးရပါတယ်။ သဘောထားတိုက်ဆိုင်တဲ့ ပိုစ့်ဆိုရင် အချိန်ပေးလိုက်ပါတယ်။ ပေးချင်တဲ့ မတ်ဆေ့ခ်ျ တိုတိုနဲ့ လိုရင်းပေးနိုင်အောင် ကြိုးစားမယ်။

စရေးကာစကတော့ ဘလော့သည် ကိုယ့်အတွက် ရေးတာကြာလာတော့ ဘလော့သည် ဘလော့ဖတ်သူအတွက်ဖြစ်နေတယ်။

မာန
မကောင်းတဲ့အရာမှန်း သိသိကြီးနဲ့ မဖယ်ရှားနိုင်သေးပါ။ ကိုယ်တိုင် အထိမခံနိုင်ဘဲ သူတပါးကို ပုတ်ခတ်ချင်တာလည်း အားနည်းချက်တစ်ခုပါ။ ပြုပြင်နိုင်အောင် ကြိုးစားရဦးမည်။

သူငယ်ချင်း
ဘလော့ကလေးက အစပြု သူငယ်ချင်းတွေ များများလာတယ်။ တပတ်တခါအမောတွေ သူတို့နဲ့တွေ့ရင် ပျောက်ပျောက်သွားတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ တပါတ်တခါ သူတို့နဲ့ တွေ့ပါရစေ။

ဆက်ရန်

21 comments:

နေစိုးနိုင် said...

ပျော်နိုင်ပါစေကွာ
..
စရေးတုန်းက ကိုယ့်အတွက်
နောက်ဖတ်တဲ့သူအတွက် ဆိုတာ သိပ်ကိုမှန်ပါတယ်

သူငယ်ချင်းတွေနဲ့
ဘ၀အမောဖြေနိုင်ပါစေ

rose of sharon said...

ဘလော့နဲ့ပတ်သတ်ရင် တူနေကြတာများပါတယ်.... အမလဲ အဲလိုပါဘဲ...

Ree Noe Mann said...

ဪ ငါ့ ညီ ဘယ်နဲ့ဖြစ် စိတ်လျှော့ပါ။

ဆက်ရန်ကိုမျှော်နေတယ်။

ကိုရီနို

တလနွန် said...

ဟေး ဘယ်လိုဖြစ်တာတုန်း သယ်ရင်းရ။ ပျော်ပျော်နေ ပါကွ။ ဘာမှ သိပ်မတွေးနဲ့ ။ စိတ်လျှော့။

ခင်မင်ခြင်းနှင့်
တလနွန်

kaungkinpyar said...

တခုခုတော့ တခုခုပဲ...ဟုတ်တယ်နော် တခုခု...း)

သံလွင် HeRo said...

အလုပ်မှာဆင်ခြေများများပေးပြီး
မာနတွေခါချကာ
ချစ်သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ပါစေဗျို့

Beauty Studio USA Branded Store said...

စိတ်ကူးကောင်းလေးပါပဲ။သက်သက်တင်မဟုတ်ဘူး။အမှန်တွေချည်းပါပဲဗျာ။

kiki said...

လာလေရော့ဟယ်..
မာနတွေကို ဆင်ခြေ နဲ့  နင်းပစ်လိုက်မယ် ..

ဆင်ဖြူတော် ခြေရာနော် ... နှယ်နှယ်ရရ မဟုတ်ဖူး..
တချက်နင်းရင် ၅၀၀၀ ကျပ်စ်စ်စ်စ်...

မိုးစက်အိမ် said...

ဟေး ကိုရေကြီး ဘာတွေဖြစ် စိတ်တွေလျော.ပါအုံးဗျ :)

မိုးစက်အိမ် said...

ဘာတွေ ဖြစ်လို.တုန်းကိုရေ ရသိပ်မတွေးပါနဲ.ဗျာ
လွတ်လွတ်လပ်လပ် ပေါ.ပေါ.ပါးပါးပေါ. စရေးတုန်းက
ကို.အတွက် ကြာတော. စာဖတ်သူအတွက် တကယ်မှန်ပါတယ်ဗျာ

ပုံ့မေ said...

စိတ်ကူးသက်သက်လို့ ပြောထားပေမဲ့....... မှန်တာတွေ ချည်းပဲ......

အဟီး...... ဆင်ခြေရာ ကတော့ အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း ကြီးကြီးလာပြီ :D :P

မေလေး said...

ရာတမေ စိတ်လျော့ စိတ်လျော့
တရာနဲ့ဖြေ
နင်အမောပြေအောင် နာတို့အားလုံး နင်ချိန်းတိုင်း လာဒယ်ကော

သုခုမလေဒီ said...

ဆင်ခြေက အတုကြီးထင်တယ်း)) နောက်တာ
တိုတိုလေးနဲ့ ဆက်ရန်လုပ်ချလိုက်တယ် ..
အဆင်ပြေပျော်ရွှင်ပါစေနော်

စည်သူ said...

ဘယ်သူတွေ ဘာပြောပစေ
မှန်တာပဲ ဒို့လုပ်မယ်လေ..

ပျော်ရွှင်ပါစေညီရေ..

Waing said...

တနေကုန် စိတ်ပင်ပန်းလာတဲ့အခါ သူငယ်ချင်းတွေရဲ့ ဘလော့တွေဆီ လည်ပြီး ကွန်းမန့်လေးတွေ ထားခဲ့ပေးတာတွေကတော့ တကယ့်ကို အမောပြေစရာတွေပါပဲ။
ဘလော့များရေးသားရင်း အောင်မြင်ပျော်ရွှင်နိုင်ပါစေ။

Waing said...

တနေကုန် စိတ်ပင်ပန်းလာတဲ့အခါ သူငယ်ချင်းတွေရဲ့ ဘလော့တွေဆီ လည်ပြီး ကွန်းမန့်လေးတွေ ထားခဲ့ပေးတာတွေကတော့ တကယ့်ကို အမောပြေစရာတွေပါပဲ။
ဘလော့များရေးသားရင်း အောင်မြင်ပျော်ရွှင်နိုင်ပါစေ။

Myoe Htet Zaw said...

ညီ မင်းစိတ်ပျက် ရင် ငါလည်းအားမှရှိဘူးကွာ အားတင်းထားကြ မယ်ကွာ

Angel Shaper said...

မှန်ပါတယ် သူငယ်ချင်းးးးးးးးးး
ပင်ပန်းနေမယ်။ ပင်ပန်းနေမယ်နော် ရေတမာ...
ိပိုစ့်ရှည်ကြီးတွေပဲ တင်တယ်။ ဟဲဟဲ...
အင်အားချွေတာနေတယ် ဒီကောင်.... ဟိ
ဆင်ခြေတက်မနေနဲ့ မာနနေ ခ၀ါချလိုက်။။။

Angel Shaper said...

အလဲ့ ခုမှ သတိထားမိတယ်။
ကိုနိုင်ကြီး တစ်ယူထားတယ်။
မော်တော်ပီကယ်တွေ အိပ်ငိုက်နေလို့ဖြစ်မယ်။ ဟိဟိ

Anonymous said...

ရေးထားသမျှ အမှန်တွေပဲမို့ ဘာမှကို မပြောလိုတော့ဘူး။

နွေးနေခြည် said...

တွေ့ချင်ရင် မုန့်ကျွေး.. ဒါဗြဲ.........