Tuesday, April 28, 2009

ဘဘလီ၏ခြင်္သေ့မြို့တော်အကြောင်းတစေ့တစောင်း

စင်ကာပူအကြောင်း ပြောမယ်ဆိုရင် ဘဘလီအကြောင်းက စပြောရမယ် ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘာမှမရှိတဲ့ နိုင်ငံလေး ကနေ လက်ရှိစင်ကာပူဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့လို့ပါပဲ။ ဘဘလီတို့ တာဝန်ယူစဉ်ကာလက နိုင်ငံတော် မှာသုံးစရာငွေမရှိတဲ့ အတွက်ကြောင့် နိုင်ငံပိုင်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ခရစ်စမတ်ကျွန်းကိုသြစတြေးလျတို့ရောင်းချပြီး သုံးစ ရာငွေရှာခဲ့ရပါတယ်။ အဲဒီလို စွမ်းဆောင်မှုကောင်းတဲ့ ခေါင်းဆောင်ကောင်းဘဘလီကို ၁၉၂၃ စက်တင်ဘာ ၁၆ရက်နေမှာ မွေးဖွားခဲ့ပါတယ်။ ဘဘလီဟာ Raffles Institution and RafflesCollegeမှာပညာသင်ကြားခဲ့ပါတယ်။အဲဒီနောက်မှာCambridge University မှာဥပဒေပညာသင်ယူခဲ့ပါတယ်။

ပညာသင်ကြားရာမှာထူးချွန်ခဲ့သူဖြစ်ပါတယ်။ဘဘလီယခင်ကတရုတ်စကားမတတ်ပါဘူး။ မလေးစကားကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပါတယ်။ ဘဘလီရဲ့ အင်္ဂလိပ် နာမည်က Harry Lee လို့သိရပါတယ်။တရုတ်လူမျိုးဖြစ်လို့ ယခု LKYဆိုတဲ့နာမည် ကိုပြောင်းခဲ့တာဖြစ်ပါတယ်။ တရုတ်စာနဲ့ Hokkian စာကိုလည်း အချိန်တိုအတွင်းမှာသင်ယူတတ်မြောက်ခဲ့ပါတယ်။

ခေါင်းဆောင်ကောင်း၊ အနာဂါတ်စင်ကာပူရဲ့ဖခင်၊ ပထမဆုံး စင်ကာပူဝန်ကြီးချုပ်၊ senior Minister ၊Lee Kuan Yew (Kuan Yew ဆိုတာ အဝေးဆုံးနဲ့ အကျယ်ပြန့်ဆုံး တောက်ပတဲ့အလင်းရောင်လို့အဓိပ္ပာယ်ရပါတယ်)မည်သည့်အခြေအနေ မျိုးမှာမဆို အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ သူရဲ့အတွေးအမြင်တွေဟာ ရာစုနှစ်ရဲ့ ဗိသုကာပညာရှင်လို့တင်စားမယ် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဘဘလီက အတိုက်အခံပါတီတွေကို ခေါင်းမထောင်နိုင်အောင်နိုပ်ကွပ်ခဲ့ပေမယ့် စင်ကာပူနိုင်ငံတိုးတက်ရေးကို အထူး အလေးထားခဲ့တဲ့ စံပြခေါင်း ဆောင်ကောင်းတစ်ယောက်ပါ။

စင်ကာပူနိုင်ငံသည် အာရှတွင် စည်းကမ်းအရှိဆုံး၊အသန့်ရှင်းဆုံးမြို့တစ်မြို့ဖြစ်ပါသည်။ Fine Cityလို့လည်းအမည် ပေးထားပါ သည်။ထို့ကြောင့် လမ်းပေါ်တွင်အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်း၊ ဆေးလိပ်တိုများစည်းကမ်းမဲ့ပစ်ခြင်းများကို ရှောင်ကြည်သင့် ပါသည်။ မျှတသည့်ရာသီဥတုနှင့်အတူ နေထိုင်၍ကောင်းပါသည်။မကြာခဏဆိုသလိုမိုးရွာတတ်ပါတတ်ပါသည်။ စရိတ်အနည်းငယ် ကြီးမြင့်ပါသည်။ အင်္ဂလိပ်၊မလေး၊တရုတ်၊ကုလား(tamil)စကားအသုံးပြုပါသည်။ လုံခြုံမှုရှိသော မြို့လည်းဖြစ်ပါသည်။

စင်ကာပူကို ပထမဆုံးအကြိမ်လာမည်ဆိုလျှင် ကြီးမားသော Changi လေဆိပ်ကြီးကိုဆိုက်ရောက်မှာဖြစ်ပါတယ်။ အာရှနိုင်ငံများမှ လေယာဉ်အများစုသည် Terminal I မှာသာအများဆုံးဆိုက်ရောက်ပါသည်။ သင်ဆိုက်ရောက်ရာ Gateမှအတော်အတန် ဝေး ကွာ သောနေရာတွင် လူဝင်မှုကြီးကြပ်ရေးရှိပါသည်။ သင်ရှာဖွေ၍မတွေ့ရှိခဲ့ပါကဥဒဟိုသွားလာနေသော လေယာဉ်မယ်များကို မေးမြန်းစုံစမ်းနိုင်ပါသည်။

ပထမဆုံးအကြိမ်စင်ကာပူကိုဝင်မည်ဆိုပါက လေယာဉ်ပေါ်တွင်ပေးသော white cardကိုဖြည့်ရမှာဖြစ်ပါတယ်။အကယ်၍ မဖြည့်ခဲ့ပါကလူဝင်မှုကြီးကြပ်ရေးနှင့်အနီးအနားတွင်လည်းဖြည့်၍ရပါသည်။ထို့နောက်မိမိပစ္စည်းရှိရာသို့သွားရောက်ယူဆောင်ရမှာ ဖြစ်ပါတယ်။ မိမိပစ္စည်းဟုတ်မဟုတ်ကိုသေချာစစ်ဆေးပြီးမှယူ ဆောင်သင့်ပါသည်။

မြိ့ထဲသို့သွားရောက်ရန် taxi stand ရှိပါသည်။ အကုန်အကျသက်သာလိုပါက MRT(Mass Rapid Transit) ခေါ်
မီးရထားဖြင့်လည်းသွားရောက်နိုင်ပါသည်။ Terminal IIIသို့သွားရောက်၍မီးရထားစီးရပါသည်။ မီးရထားစီးရန် ezlink
card ကိုS$ 10 ပေး၍၀ယ်ယူ ရမည်ဖြစ်ပါသည်။ တခါသုံးကတ်များလည်း ပိုက်ဆံဖြည့်သည့်စက်များတွင်ဝယ်ယူနိုင်ပါသည်။ ၎င်းကတ်များ မှာဘတ်စ်ကားများတွင်လည်းအသုံးပြု၍ ရပါသည်။

သွားလာရေးအတွက်မိမိသွားမည့်နေရာကိုခရီးစဉ်တစ်ကြောင်းထဲဖြင့် ရောက်နိုင်မည့်နည်းလမ်း ကိုသုံးစေချင်ပါသည်။ အကုန်အကျသက်သာစေရန်ရည်ရွယ်ပါသည်။ ည၁၁.၃၀သည်အထိရထား ၊ကားရှိပါ သည်။အစိုးရရုံးပိတ်ရက်များတွင် ထိုထက်ပို၍နောက်ကျသည်အထိဘူတာရုံများ ကားဂိတ်များကိုဖွင့်လှစ်ထားပါသည်။

အစားအသောက်အနေဖြင့် တရုတ်စာ၊မလေးစာ၊ အိန္ဒိယစာ၊များရောင်းချသောစားသောက်ဆိုင်များနေရာအနှံအပြားတွင်ရှိပါသည်။ တချို့ဆိုင်များတွင်အခြားလူမျိုး၏ ရိုးရာအစားအစာများလည်းရောင်းချပါသည်။ယခုအခါမြန်မာဆိုင်များလည်းတွေ့မြင်လာရပါသည်။ လူကြိုက်များသောအစားအစာမျာမှာChili Crab,Curry Fish Headတို့ဖြစ်ပါသည်။တချို့စား သောက်ဆိုင်များမှာ self service များဖြစ်ကြပြီး၊ မိမိတို့၏ စားပြီးသားပန်းကန်များကို Tray သို့ပို့ဆောင်ခဲ့ရမှာဖြစ်ပါတယ်။ ဆေးလိပ်နှင့်အရက်သောက် သုံးမှုလျော့ကျစေရန် ဈေးနှုန်းများကိုအတော်အသင့် မြှင့်တင်ထားပါသည်။ ဆေးလိပ်များကိုလည်း ဆေးလိပ်သောက်ရန် နေရာတွင်သာ သောက်သုံးရန်သတိပေးတားမြစ်ထားပါသည်။အကယ်၍ချိုးဖောက်မှုတွေ့ ရှိခဲ့ပါက ငွေဒဏ်ကျခံရမည်ဖြစ်ပါသည်။

စင်ကာပူတွင်သောက်ရေသန့်ဈေးနှုန်းအနည်းငယ်မြှင့်မားပါသည်။ သို့သော်ရေပေးဝေရေးမှပေးဝေသောရေသည်သောက်သုံးရန်အန္တ ရာယ်ကင်းရှင်းပါသည်။အပြင်သွားမည်ဆိုပါက ခေါက်ထီးတစ်လက်နှင့်ရေဘူးတစ်ဘူးဆောင်သွားသင့်ပါသည်။ (ဤကားစကားချပ်) စင်ကာပူမိုးနှင့်ရာသီဥတုမှာအစိုးမရသောကြောင့်ဖြစ်ပါသည်။

နေရေးအတွက်အခက်အခဲဖြစ်နေလျှင် မြန်မာတို့အခြေချရာပင်နီစူလားပလာဇာသို့သွားရောက်၍စုံစမ်းသင့်ပါသည်။ သပြေနုဆိုင်တွင် အိမ်ဌားချင်သူများ၊အိမ်ဌားလိုသူများ စာရင်းစာအုပ်တွင်ရှာဖွေသင့်ပါသည်။ မြန်မာဆိုင်များတွင် လည်းကြေညာများကပ်ထားတတ် ပါသည်။ သို့မဟုတ် ပွဲစားများဖြင့်လည်းဌားရမ်းနိုင်ပါသည်။ မျက်စိ၊နားကျယ်လျှင် ကျယ်သလို သတင်းအချက်အလက်များ များစွာ ရရှိနိုင်ပါသည်။ ကျနော်ကတော့ အရိုးသီချင်းထဲကလို နေ၀င်မီးမှိတ် ပုရွတ်ဆိတ်တစ်ကောင်ဖြစ်သဖြင့် သိသမျှမျှဝေလိုက်ပါတယ်။

လေးစားလျက်
ရေတမာ

1 comment:

နေစိုးနိုင် said...

ဆက်ရေးပေးပါ
မျှဝေပေးသည့်အတွက်ကျေးဇူးတင်ပါသည်