Thursday, April 09, 2009

ကဗျာ

ရယ်စရာမဂ္ဂဇင်း ဖတ်ရင်းဒီကဗျာလေးကိုတော်တော်သဘောကျတယ်။
ဆရာညလွမ်းအိမ်(လာရှိုး)ရဲ့ကဗျာအားဖော်ပြခွင့်ပြုပါရန် ခွင့်တောင်းအပ်ပါသည်။

တဖြည်းဖြည်း

ဒီညနေမှာ တိမ်လုံးတွေ ပိုပြေးနေသယောင်
မြေကြီးပေါ်လမ်းလျှောက်တာ ပိုဝေးနေသယောင်
လုပ်ရကိုင်ရတာ ၀ါးလုံးခေါင်းထဲ ဆင်ဝင်သလို
နေရထိုင်ရတာ ဘာမှန်းမသိသေးတဲ့
တောင်တွေပေါ်တက်နေရသလို
ရှာရဖွေရတာ အိတ်ပေါက်နဲ့ ဖားကောက်နေသလို
အိတ်သွန်ဖာမှောက်ငွေက မရိုးသားမှုမှာ သန္ဓေတည်ကြ
နေရာတစ်ဝပ်စာမျှ
အခြေတည်ဖို့ ရင်းရတဲ့အချိန်က မနည်းလှဘူး။
စိတ်ကိုစိတ်နဲ့ချဉ်းကပ်
အသိကိုအသိနဲ့ ဗဟိုပြု
ဟိုသည်ပြေးလွှား နေ့တစ်နေ့အစ
စက်ရုပ်လူသားဖြစ်တယ်ဆိုရင်တောင်
ခေါင်ထဲမှာ ရှင်းလင်းဖယ်ထုတ်တတ်လာမယ်။
ပေါ့ပေါ့ပါးပါးတွေးဖို့၊ ရေးဖို့
ထစ်ခနဲ့ တုန့်ပြန်ခြင်းကင်းရှင်းစေဖို့
အကြောင်းရင်း ပတ်သက်သမျှ
တန်ဖိုးထိရောက်အောင် အကောင်းမြင် စိတ်ဓါတ်မွေး
ရှင်သန်သမျှ မြဲမြံစွာ ဆုပ်ကိုင်
ကိုယ်ချင်းစာတရား
အခု........စိတ်တွေ ထိုင်နေတယ်။ ။
ညလွမ်းအိမ်(လားရှိုး)

No comments: