Thursday, April 02, 2009

သာသနာဖျက်များ

မနက်မိုးသောက်အာရုံရောက်၍ လုပ်ငန်းခွင်မစခင် မိမိနေထိုင်ရမည့် နေရာကိုသန့်ရှင်းရေးလုပ်ရင်း မေတ္တာဘာဝနာ
ကိုဓမ္မတေးသီချင်းများဖြင့်ပွားများရင်း တစ်နေ့တာအလုပ်ကို စတင်လေ့ရှိပါသည်။ ထိုနောက်ကိုယ်နှစ်သက်ရာဓမ္မ
တေးသီချင်းများကို Internet ပေါ်တွင်ရှာရင်း နေ့တစ်နေ့၏အစကို ဓမ္မတေးသံဖြင့်လွှမ်းခြုံစေပါသည်။ သွားရောက်
နားထောင်ရာWebsite များကတော့ www.burmeseclassic.com မှာအများဆုံးဖြစ်ပါသည်။ “အဖြူရောင်သံစဉ်”
ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်မှလည်း မနက်တိုင်းမင်္ဂလာရှိသောတေးများ၊ တရားဓမ္မများ အခါအားလျော်စွာထုတ်
လွှင့်တတ်ပါသည်။ ထိုမှစ၍ “အဖြူရောင်သံစဉ်”ရေဒီယိုသံစဉ်ထုတ်လွှင့်မှုအစီအစဉ်အား နှစ်ခြိုက်အားပေးသောပ
ရိသတ်တစ်ယောက်ဖြစ်နေပါပြီ။ အလုပ်လုပ်ရင်းဖြင့်လည်း ရေဒီယိုမှသီချင်းနားထောင်ခြင်းဖြင့်စိတ်အပန်းဖြေနေမိ
ပါသည်။

တစ်နေ့“အဖြူရောင်သံစဉ်”ရေဒီယိုမှ သီချင်းနားထောင်ရင်း ဆရာတော်တစ်ပါးတရားဟောသံကြားရပါသည်။ဆွဲဆွဲ
ငင်ငင်ဖြင့် ဇာတ်သံပေါက်နေသောဆရာတော်ဘုရား၏ တရားသံကိုကြားကြားခြင်းတစ်ခုခုတော့ မှားနေပြီဆိုတာစိတ်
ထဲမှသိလိုက်ပါသည်။ အချိန်ကြာသည်အထိ အဘယ်တရားကိုဟောနေမှန်းနားမလည်သေးပါ။ စကားလုံးတွေကို
တော့ရင်းရင်နှီးနှီးကြားဘူးနေပါသည်။စကားလုံးများမှာ “ကဲဘယ်လိုလဲ.ဘယ်လိုမှမလဲဘူးအဲဒီလိုပဲ..ပြောရင်းတောင်
မှဗိုက်ကလေးပိုဖောင်းခဲ့သလိုပဲ”စသည်ဖြင့် ရှိခဲ့ပါသည်။ ထိုစကားလုံးများမှာ ၁၀စက္ကန့်သီချင်းခွေထဲမှ ရဲလေး၊ဂျေမီ၊
ကြက်ဖ သုံးဦးပေါင်းဆိုထားသော “အရည်ထုတ်”ဆိုသည့်သီချင်းဖြစ်ပါသည်။ အိမ်မှသူငယ်ချင်းများလည်းခဏခဏ
ဖွင့်ကြသော၊ “ပေါက်သည်ဟုပြော၍ရသောသီချင်းတစ်ပုဒ်ဖြစ်ပါသည်။ သီချင်းတစ်ခုလုံးနီးပါး တရားဟောသလို
ပြုလုပ်ထားသောအသံဖိုင်ကိုကြားကြားခြင်းတော်တော်လေးဒေါသထွက်မိပါသည်။လုပ်ရက်လေခြင်းဟုလည်းယူကြုံး
မရဖြစ်ရပါသည်။ မည်သို့သောရည်ရွယ်ချက်ဖြင့်ထိုအပြုအမှုကိုပြုလုပ်သည်ကိုနားမလည်နိုင်အောင်ဖြစ်ရပါသည်။
သာသနာ့ဝန်ထမ်း ရဟန်းသံဃာများ၏ဂုဏ်သိက္ခာကိုမထိလေးစားစော်ကားရာရောက်ပါသည်။ ဘာသာခြားတို့အမြင်
တွင်သံဃာတော် များယခုကဲ့သို့ မဖွယ်မရာအပြောအဆို၊အပြုအမှုများပြုလုပ်ကြသည်ဟုအထင်မှားနိုင်ပါသည်။
အတုမြင်အတတ်သင် တတ်သော ကလေးများပါးစပ်ထဲ ရောက်ရှိသွားလျင် ပို၍ပင်အကျည်းတန်သွားမည်မှာမလွှဲပါ။

ထိုကဲ့သိုပြုလုပ်သူမှာဗုဒ္ဓဘာသာဝင်တစ်ယောက်များလား? ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုလျှင်မိရိုးဖလာ ဗုဒ္ဓဘာသာတစ်ယောက်ပင်ဖြစ်မည်ဟုထင်ပါသည်။ သင်၏အမိနှင့်အဖက ဗုဒ္ဓဘာသာဝင်ဖြစ်၍သင်၏ အမျိုးသားမှတ်ပုံတင်ကတ်ပြားမှာသာ ဗုဒ္ဓဘာသာဟုရေးသားထားသူမျှသာဖြစ်ပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင်တို့အလေးအမြတ်ထားရာ ရတနာသုံးပါးတွင်သံဃာရတနာအပါအ၀င်ဖြစ်ပါသည်။ အသက်ထက်ဆုံးရတနာသုံးပါးကိုယုံကြည်၍သရဏဂုဏ်ဆောက်တည်ကာဗုဒ္ဓဘာသာအဖြစ်ခံယူ ရပါသည်။ထိုကြောင့်ရဟန်းသံဃာတော်များသည်အမြတ်ဆုံးပုဂ္ဂိုလ်များဖြစ်ကြပါသည်။

သီလအားဖြင့်လည်း၂၂၇သွယ်သောသိက္ခာပုဒ်ကိုစောင့်ထိန်းထားကြသူများဖြစ်ပါသည်။ အကျယ်အားဖြင့်ကုဋေပေါင်း၉၁၈၀ နှင့်အစွန်းထွက်၅၀၃၆၀၀၀သောသိက္ခာပုဒ်တို့ကိုစောင်းထိန်းရပါသည်။ လူဝတ်ကြောင်တွေအနေဖြင့် အများဆုံး(၁၀)ပါးသီလမျှသာ စောင့်ထိန်းနိုင်ကြပါသည်။ ရှင်သာမဏေမျှပင် ၁၂၀သောသီလသိက္ခာပုဒ်ကိုစောင့်ထိန်းရခြင်းကိုကြည့်ခြင်းအားဖြင့် သီလသိက္ခာပိုင်းမနိုင်းယှဉ်လောက် အောင်ကွာခြားသော ရဟန်းသံဃာတော်များကဲ့သို့ပြုမှုပြောဆိုကာရယ်သွမ်းကောင်းပါ၏လော။

ယခုအခါဗုဒ္ဓသာသနာထွန်းလင်းတောက်ပအောင်ဆောင်ရွက်ခဲ့သူများမှာ ဘုရားသားတော်ရဟန်း၊သာမဏေများပင်
မဟုတ်ပါလား။ ရဟန်း၊သာမဏေများသာ သာသနာတော်ကြီးတည်မြဲအောင်၊အရှည်တည်တံ့အောင်ဆောင်ရွက်နိုင်
ကြပါတယ်။ သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါးကိုသင်ကြားပို့ချပေးနိုင်ပါတယ်။လူဝတ်ကြောင်တို့မစွမ်းဆောင်နိုင်ကြ
ပါ။ပိဋိကတ်သုံးပုံကိုစောင့်ရှောက်နေကြတာ ရဟန်းသာမဏေများသာဖြစ်ပါတယ်။ ဗိုက်ကလေနာထအောင်၊လည်
ချောင်းတွေနာအောင်၊ဗိုက်အဆာခံပြီး ဘာသာကိုစောင့်ရှောက်နေကြပါတယ်။တစ်ခေတ်တစ်ချိန်က ကပ်ရောဂါတွေ
ဆိုက်ရောက်တော့ စားစရာမရှိလို့၊ဗိုက်ကပူလွန်းလို့၊ဗိုက်ပေါ်မှာရေဆွတ်ထားတဲ့ သဲအိပ်ကြီးတွေတင်၊ဗိုက်ကိုအေး
အောင်လုပ်ပြီးတော့ ပိဋိကတ်တော်တွေကိုနှုတ်ထက်ရွှရွှ မပျောက်ပျက်အောင်ဆောင်ရွက်ခဲ့ကြပါတယ်။ယခုခေတ်မှာ
လည်း စာသင်တိုက်တွေမှာရော၊ရိပ်သာတွေမှာပါ ရဟန်းသာမဏေတွေကပိဋိကတ်တော်တွေကို ကျက်မှတ်ဆောင်
ထား၊တဆင့်ဟောပြောပို့ချပြီးမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို အသက်နှင့်လဲကာ မကွယ်ပျောက်ရလေအောင်
စောင့်ထိန်းနေကြပါတယ်။

ဘိက္ခုနီသာသနာမှာ ဂရုဓမ်ရှစ်ပါးလို့ခေါ်တဲ့ အလေးအနက်လိုက်နာကျင့်သုံးရမယ့်တရားရှစ်ပါးကို ဦးထိပ်ပန်ဆင်ပြီးတော့ရာသက်ပန်လိုက်နာကျင့်သုံးရပါသည်။ပထမဆုံးအချက်ကတော့...
“၀ါတစ်ရာ၊သိက္ခာတစ်ရာရှိနေတဲ့ ဘိက္ခုနီမဖြစ်စေကာမူ ဒီကနေ့မှာရဟန်းပြုလာတဲ့၊ ဒီကနေ့မှသိမ်ကထွက်လာတဲ့ရဟန်းအသစ်ကို၊ ပုထုဇဉ်ရဟန်းအသစ်ကို ရှိခိုးရပါမယ်၊ ခရီးဦးကြိုဆိုရမယ်၊ လက်အုပ်ချီရမယ်၊ အရိုအသေပြုရပါမယ်။ဒီအချက်ကိုလည်းရာသက်ပန်အသက်ထက်ဆုံး လိုက်နာကျင့် သုံးရပါမယ်”ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ရဟန္တာလည်းဖြစ်၊ဘိက္ခုနီလည်းဖြစ်တာတောင်မှ ပုထုဇဉ်အသစ်စက်စက်ရဟန်းကျပ်ချွှတ်လေးကိုရှိခိုးရတယ်ဆိုရင် လူဝတ်ကြောင်တွေအနေနှင့် ရဟန်းသံဃာများကိုမည်မျှလေးစားရမည်ကိုအထူးဂရုပြုစေချင်ပါသည်။

ထိုကဲ့သို့သီလသိက္ခာကြီးကျယ်မြင့်မြတ်လှသော၊ ရိုသေလေးစားထိုက်သော သာသနာ့ဝန်ထမ်း သံဃာတော်များကို
ယခုကဲ့သိုအထင်မှားအမြင်မှားဖြစ်အောင် သာသနာတော် ညစ်နွမ်းအောင်ဘာကြောင့်ပြုလုပ်ရပါသနည်း။
သီချင်းစာသားများကိုတရားဟောသလိုပြုလုပ်သောသူကို အပြစ်တင်ရှုံချပါသည်။

ထိုအသံဖိုင်ကိုသိမ်းဆည်းထားသူများကို အပြစ်တင်ရှုံချပါသည်။

ထိုအသံဖိုင်ကို ဖြန့်ဝေသူများကိုအပြစ်တင်ရှုံချပါသည်။

ကိုယ်ကိုယ်တိုင်သာသနာ့ဝန်မထမ်းနိုင်ဘဲနှင့် သာသနာတော်နှင့် သာသနာ့ဝန်ထမ်း သံဃာများ၏ဂုဏ်သိက္ခာ ညစ်နွမ်းအောင်မပြုလုပ်ကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

လေးစားလျက်
ရေတမာ

ကိုးကား။ ။အရှင်ဆန္ဒာဓိက ၏ “ရဟန်းဘာကြောင့်ပြုရတယ်”တရားတော်

1 comment:

နေစိုးနိုင် said...

ရှုံ့ချပါတယ်ဆိုတာထက်
ပိုထိရောက်တဲ့ စကားလုံး စဉ်းစားလိုက်ဦးမယ်
ရရင်
လာရေးဦးမယ်