Thursday, April 22, 2010

MY ISLAND HOME

PANDORA BOX ပွင့်သွားပြီးတဲ့နောက်ပိုင်း မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟစိတ်တွေ လူတွေဆီရောက်ကုန်ကြတယ်။ သေတ္တာလေးထဲမှာ “မျှော်လင့်ခြင်း”ဆိုတဲ့အရာ တခုပဲကျန်ခဲ့တယ်။ ဒါကြောင့် လူတွေက “မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေကြတယ်” ဆိုပြီး ပြောဆိုနေကြတယ်။ နားလည်မိသလောက် ချရေးလိုက်တဲ့ ဒီပုံအရ အဲဒီအယူအဆကို သဘောကျမိတယ်။ မျှော်လင့်ခြင်းသက်သက်ပဲဆိုရင် ရူးမိုက်ရာကျနေမှာပါ။ တဖက်မှာလည်း ရည်မှန်းချက်ဆိုတဲ့ အရာနဲ့တွဲပြီး မျှော်လင့်နေမှ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိမယ် မဟုတ်လား။ အဲဒီရည်မှန်းချက်တွေ ပြည့်မြောက်အောင်လည်း ဇွဲ၊လုံလ၊ဝီရိယတွေနဲ့ အခါမလပ် ဖြည့်တင်းနေမှ ပြည့်ဝမယ်ဆိုတာလည်း အားလုံးသိပြီးသားပါ။

အပြင်လောကမှာ ဝါသနာတူ စရိုက်တူ သူငယ်ချင်းမိတ်ဆွေနဲ့ တွေ့ဆုံကြတဲ့အခါ သံယောဇဉ်ဆိုတာတွေ ဖြစ်လာရတယ်။ အဲဒီထဲကမှ မိတ်ဆွေကောင်း ဆိုတာတွေနဲ့ ကုသိုလ်ကံကောင်းမှ တွေ့ဆုံကြရတယ်။ “မိတ်ဆွေကောင်းရှိခြင်းဟာ အလုံးစုံပြီးပြည့်စုံစေတယ်”ဆိုပြီး ရှင်တော်ဘုရား ဟောကြားခဲ့တယ်။ ကိုယ့်ဘေးနားမှာ ရှိတဲ့ မိတ်ဆွေကောင်းတွေကို တန်ဖိုးထားပြီး ကိုယ်တိုင်လည်း မိတ်ဆွေကောင်းဖြစ်အောင် ပြုမှုသင့်တယ်။ ကိုယ်ကူညီဖူးတာတွေ ဖယ်ထားပြီး သူကူညီပေးဖူးတာတွေကို အမြဲတမ်းအောက်မေ့ သတိရနေရမယ်။

မိသားစုနဲ့ဝေးနေတဲ့ ဘဝတွေက မခက်ခဲပေမယ့် သိပ်ပြီးတော့ မလွယ်ကူဘူး။ အပြင်လောကမှာ ကိုယ့်သွေးသားရင်းလောက် ကိုယ့်အပေါ် ကောင်းမယ့်သူဆိုတာ အခုဆိုရင်ခပ်ရှားရှားပါ။ အရာရာတိုင်းမှာ ခြွင်းချက်တွေ ရှိပါတယ်။ ခြွင်းချက်တွေတော့ မပါဘူးလေ။ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အိမ်ဟာ လောကမှာ အနွေးထွေး အလုံခြုံဆုံးဖြစ်နေတတ်တာမျိုး။ လူဆိုတာ တယောက်တည်း နေတတ်တဲ့ သတ္တဝါ မဟုတ်တော့ ဘယ်နေရာပဲရောက်နေနေ အိမ်ဆိုတဲ့ အရာကို ဖန်တီးယူကြရတယ်။ တချို့လည်း ဆူဆူပူပူ၊ တချို့လည်း ငြူငြူဆူဆူ။ တကယ့်အေးချမ်းတဲ့ အိမ်ဆိုတာ နားလည်မှုနဲ့ ဖန်တီးယူမှရတတ်တာမျိုးလေ။

မိတ်ဆွေကောင်းတွေ၊ ဥာဏ်ပညာကြီးမားသူတွေ၊ ကြင်နာတတ်တဲ့ နှလုံးသားရှိသူတွေ ရှိနေတဲ့ အိမ်ကလေး ဖြစ်နေစေချင်တာ ပန်ဒိုရာ ဘောက်စ်ထဲက မျှော်လင့်ခြင်းလိုပါပဲ။ မိတ်ဆွေ သေတ္တာလေးကို မဖွင့်လိုက်ပါနဲ့နော်။




This is my home
She's everything to me
Grace and beauty
In all that you see

My island home
Wherever I may be
I never will forget her
Nor will she forget me

Chorus ^
And I will sing
A song of home
A land of peace
Where dreams are born everyday
My home
Wherever I may be
I believe
You will always be a part of me ^

My island home
Home of my family
This is my future
Where I want to be
(This is my future
This is my home)

Repeat Chorus x 2

My home
Wherever I may be
I believe
You will always be a part of me
A part of me

9 comments:

chocothazin said...

မိဝေး ဖဝေ အိမ်ဝေး နေသူချင်း...
ငါတို့ တွေ စိတ်ချင်း နီးနေမယ်ထင်ပါတယ်...။

Mogok Thar said...

သေတ္တာလေးကို မဖွင့်သွားဘူး

သီချင်းလေးပဲ ဖွင့်နားထောင်သွားတယ်...

အိမ် ဆိုတာ.. ရယ်မောသံတွေချည်း ရှိနေနိုင်တဲ့ နေရာ မဟုတ်ပေမဲ့....

စွတ်စိုတဲ့ မျက်ရည်စတွေကို နွေးထွေးတဲ့ အကြင်နာလက်တွေနဲ့ ဖယ်သုတ်ပေးရာ နေရာတစ်ခုလည်း ဖြစ်တယ်..။

မိသားစုနဲ့ ဝေးနေချိန်မှာ မိတ်ဆွေကောင်း ဆိုတဲ့ အဖော်မွန်တွေနဲ့ အတူရှိခွင့်ရတာဟာ ကံကောင်းလွန်းလို့ပါ။

“ဆရာတာရာမင်းဝေ”..ရဲ့ *ဓားမှတ်စု* ဆိုတဲ့ ဝတ္ထုထိုထဲက စွဲနေတဲ့ စာပိုဒ်လေး ဒီမှာ ရေးခဲ့မယ်ကွာ..။

(အဖော် ဆိုတာ ကိုယ် ဖြတ်သန်းရမယ့် အချိန်တွေအတွက် သူ့ကို အသုံးချဖို့ မဟုတ်ဘူး။ သူရယ် ကိုယ်ရယ် အချိန်ထဲမှာ အတူတူ ဖြတ်သန်းသွားလာဖို့ဖြစ်တယ်။ မိုးသည်းတဲ့ ရာသီဥတုမှာ တစ်ယောက်ဟာ တစ်ယောက်အိမ်ပေါ့။ အရိုးကွဲအောင် နှင်းတွေကျနေချိန်မှာ တစ်ယောက်ဟာ တစ်ယောက်ရဲ့ မီးလင်းဖိုပေါ့။)....

ဖိုးစိန် said...

နားလည်မှုနဲ့ ဖန်တီးယူမှ ရတတ်တာမျိုးလေ။

အနွေးထွေးဆုံးနဲ့ အလုံ ခြုံဆုံး ဘဝလေးတွေ ဖြစ်နိုင်ကြပါစေ။

ပိုးဟပ်လေး said...

သေတ္တာလေးကို တော့ပိုင်ရှင် ခွင့်မပြုလို့ မဖွင့်တော့ပါဘူး....:D
ဒီလိုပါပဲ ရေတမာရေ.....
လောကကြီးရဲ့ အလိုအတိုင်းလို့ပဲ ပြောရမှာပေါ့ဗျာ...

သံလွင် HeRo said...

နွေးထွေးပါစေ ကိုတမာ

သမီးကြီး said...

ရေတမာတစ်ယောက် ဘဝတလျှောက်လုံး ဘယ်နေရာရောက်ရောက် နွေးထွေးတဲ့အိမ်လေးတွေနဲ့ပဲတွေ့ပါစေ.......

leomark said...

pandora က box ဆိုတော့ကား...pandora မှာ ပဲ တာဝန်ရှိပါကြောင်း။

Angel Shaper said...

သယ်ရင်းးးးးးးးးးးးရာကြီးရေ........
ှဘဝမှာဘယ်နေရာမှာပဲရောက်ရောက် ကိုယ့်အသွေးသားရင်းလိုပဲ ကိုယ့်အပေါ်ကောင်းတဲ့သူ၊
နွေးထွေးလုံခြုံတဲ့ အိမ်လေးတွေနဲ့ တွေ့နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။
သေတ္တာကတော့ ဖွင့်ခွင့်မရလို့ စိတ်ကောက်သွားပြီ
ဒါဗြဲ........

noblemoe said...

နွေးထွေးပြီးသာယာချမ်းမြေ့ခြင်းတွေနဲ့ပြည့်စုံတဲ့အိမ်လေးပိုင်နိုင်ပါစေရန်တောင်းဆုပြုလိုက်ပါတယ် မောင်လေးရေးးး
သာယာချမ်းမြေ့ပါစနော်
မိုး