ကိုယ်ကျင့်တရားတွေ မေတ္တာတရားတွေ
စေတနာတွေ ကရုဏာတွေ အချိန်တွေ
မဖြစ်စလောက် ဒေါ်လာလေးနှင့်
ရောင်းပေးနေပါတယ်။
အပြုံးတုတွေ လက်ဆောင်ပေးပါသည်။
ဟန်ဆောင်ခြင်းတွေ အဆစ်ပေးပါသည်။
ပုံကို ဒီက ရယူပါတယ်။ http://www.flickr.com/photos/meckleychina/2236443436/
(ပုံရှာပေးတဲ့ ကိုဘိုဘို ကိုကျေးဇူးတင်ပါတယ်)
21 comments:
ကဗျာလေးကတော့ တိုတိုလေးနဲ့ ထိထိမိမိ ရှိလှတယ်...
ခေတ်သစ်ဈေးသည်ရဲ့ သရုပ်ကို ပေါ်လွင်အောင် ရေးတတ်တယ်...
သရုပ်ဖော်ပုံနဲ့တော့ မဆိုင်ဘူး မဟုတ်လား...း)
အကိုလူထွေးရေ ကျနော်လည်း ထင်ရာမြင်ရာတွေ လျှောက်ထမ်းပြီး ခေတ်သစ် ဈေးသည် လုပ်နေတော့ အဲဒီလို ပုံလေးဖြစ်နေမယ်ထင်တယ်
နာ့ကိုများ လက်ညှိုးထိုးပြီး ပြောနေတဲ့ ကဗျာလားလို့
ဘေးနားက သူငယ်ချင်းတွေ ကြည့်လိုက်တော့လဲ တူတူပါပဲ ဟီး
ပြောလိုက်မှ..
ပြန်စဉ်းစားလိုက်တယ်..
း( ...း( ..
ဆင်ခြင်ရတော့မယ်..
ဘာလဲ ငါ့ကို စောင်းရေးထားတာလား.. ဟွန့်
ဟူးးးးးးးးး အပေါ်မှာ တူရို့ကပေါပီးပီ
နာ့မပေါတော့ဘူး
မောထှာ
မိုးကုတ်သား : ဒီဈေးသည်က အတုတွေ ရောင်းတယ်တဲ့ဗျာ။ ဝေးဝေးရှောင် သတိထားး
ရေတမာ: အင်း
တချို့က
အတုမှကြိုက်ကြတာ
မိုးကုတ်သား : ကိုယ်တွေက အတု မသုံး။ မကြိုက်
ရေတမာ: မကြိုက်ပေမယ့် မသုံးလို့မှ မဖြစ်သေးတာ
မိုးကုတ်သား : အင်းကိုယ်တိုင်က အတုကြီးဖြစ်နေရင်တော့ အစစ်ဆိုတာ ဘာလဲ သိနိုင်မှာ မဟုတ်ဘူး။ ဒိတော့ကာ ကိုယ်က အစစ်လား အတုလားတောင် ဇဝေဇ၀ါ ဖြစ်သွားဘီ
်(အင်း အတုတွေ ကိုယ့်ဘက်က မရောင်းမိဖို့တော့ ဆင်ခြင်နေပါတယ်၊ လေညာက ရေတမာရယ်)
အယ်... ခုခေတ်က တံပျက်စည်းကိုတောင်
ဒေါ်လာ နဲ့ ရောင်းနေကြပြီလားးးးးးးးးးး
နေပါအုံး ..
ဒီနေ့  ဒေါ်လာဈေး ပေါက်ဈေးက ဘယ်လောက်ရှိသလဲ လို့  ..
ဈေးတွက် ပြန်တွက်ကြည့်လိုက်အုံးမယ် ..
မကိုက်ရင် အိမ်လဲ ဒီအတိုင်းပစ်ထားလိုက်တော့မယ်ကွယ် .
လှည်းမနေ တော့ပါဘူး ... အကုန်သက်သာအောင်း)
အခြေအနေနဲ့ အချိန်အခါဟာ ပစ္စည်းတစ်ခုရဲ့ ဈေးနှုန်းကို တန်ဖိုးဖြတ်ပေးတတ်တယ်
အပြုံးတုတွေ ၊ ဟန်ဆောင်မူတွေနဲ့ ဈေးသည်
အဟုတ်ကို ဖုံးကွယ်လို့ ဟန်လုပ်ပြနေရတဲ့ ဈေးသည်
ဒီလိုမျိုး ဈေးသည် ဘ၀မှာ မဖြစ်ပါရစေဗျာ..
လေးစားလျက်
တောင်ပေါ်သား
ကျွန်တော်တို့အားလုံး ပေးလည်းပေး ယူလည်းယူကြတဲ့ အရာတွေပါပဲဗျာ
ညီလေး ရေတမာရေ
ပျော်ရွှင်ခြင်းတွေ စိတ်ချမ်းသာခြင်းတွေ ထည့်မရောင်းလိုက်ပါနဲ့ကွယ်
ခင်မင်စွာဖြင့်
သီဟသစ်
ကိုယ်ကျင့်တရားက တံမြက်စည်း.... မေတ္တာတရားက ခြင်းတောင်း... စေတနာ ဂရုဏာက ထန်းခေါက်ဖာ.... ဒါတွေကို မဖြစ်စလောက်ဒေါ်လာလေးနဲ့ ရောင်းပေးနေတယ်ပေါ့ (နောက်တာပါ)
အနောက်က ဖာလေးကိုစိတ်ဝင်စားတယ်
ဘယ်ဈေးလဲဟင် :)
သီဟ ပြောသလိုပဲး)
ဒီဈေးသည်တော်တော် သဘောကောင်းပုံရတယ်။
အမြတ်မယူပဲရောင်းတယ်။
အမြတ်ကြီးမစားဘူးနော်။
ဟိဟိ...ရောင်းကောင်းပါစေဟေ့။။။
အင်းတော်တော်ကောင်းတဲ့ ကဗျာတိုလေး။ တော်ချက်။
ကန့် လန့် ကာပါးပါးလေး တစ်ဖက်ခြားပြီး ဆက်ဆံနေကြတဲ့ ဘဝက ငြီးငွေ့ စရာကောင်းလှပါပြီ။
ခင်တဲ့
ငါ.....နင်ပေးတဲ့ လက်ဆောင်နဲ့ အဆစ်ကို မလိုချင်ဘူး.....။
kat see nal, real tot ma pay pal a tu tway pay ya lar kwa
ကဗျာကတော့ အတိုလေးပဲ
တွေးစရာတွေ အများကြီးပေးသွားတယ်။
ကောင်းသောနေ့ပါဗျာ။
ကဗျာလေး ကောင်းတယ်။ ဘ၀သရုပ်ကို ခေတ်အမြင်နဲ့ ဖော်သွားတယ်။ ကောင်းလှချည်းလားဟ
Post a Comment