လွန်ခဲ့တဲ့ ၇နှစ်လောက်က သင်တန်းလေးတခုမှာ လူတစ်စု ခင်မင်မိခဲ့ကြပါတယ်။ သံယောဇဉ်တွေသိပ်ဖြစ်ကြပြီး အတန်းလေးပြီးဆုံးသွားသည်အထိ မခွဲမခွာအတူရှိခဲ့ကြပါတယ်။ ကွဲကွာသည်တိုင် သံယောဇဉ်မပြတ် ဆက်လက်ခင်မင် မိနေကြရင်း ကိုနိုင်ပြောတဲ့ အမေတွေခွဲမွေးပေးလိုက်တဲ့ မောင်နှမတချို့ပြန်ဆုံကြတဲ့ပွဲလေးပါ။ ကျနော်တို့တတွေ လူမျိုးတွေမတူကြပါဘူး။ ဘာသာတွေမတူကြပါဘူး။ တူညီတဲ့စိတ်ဓါတ်လေးတွေ ရှိကြလို့ အခုထက်ထိတိုင် လက်တွဲတွေ မြဲနေကြဆဲပါ။ ဟိုးအရင်တုန်းက ဘာရယ် မဟုတ် မုန့်ဖိုးလေးတွေ တယောက် ၅၀စီ စုရင်း အလှူဒါနလုပ်ကြပါတယ်။ အခုထက်ထိ အဲဒီအစဉ်အလာမပြတ် ပဒေသာပင်လေးတွေ လုပ်ကြရင်း ကူညီနေကြဆဲပါ။ သူငယ်ချင်းမောင်နှမတွေရဲ့ ပရဟိတ စိတ်ဓါတ်တွေကို လေးစားပါတယ်။ သာဓုလည်းခေါ်ပါတယ်။ ကိုယ်တိုင်ပါဝင်ခဲ့သလို ၀မ်းသာကြည်နှုးရပါတယ်။ သဒ္ဒါမှာ ပညာပါပါလှူဒါန်းတဲ့ အတွက်လည်း ၀မ်းသာရပါတယ်။ နှောင်များလည်း ဒီထက်မက ကူညီနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။
လေးစားလျက်
ရေတမာ
လေးစားလျက်
ရေတမာ
6 comments:
အရမ်းကောင်းတဲ့ ပရဟိတ
စိတ်ဓါတ်လေးပါ...
သာဓုခေါ်ပါတယ်...
လေးစားမိပါတယ် ရေတမာရေ..
ကိုရေတမာ ပရိဟိတ ပုံလေးတွေ ရှုသွားပါတယ် ။။
ခင်မင်ခြင်းနှင့်
တလနွန်
သာဓုခေါ်ပါတယ် ...
စဉ်ဆက်မပျက် ဆထက်တစ်ပိုးလှုနိုင်တမ်းနိုင်ကြပါစေ ..
နေဒေးသစ်။
ဘာသာမတူ လူမျိုးမတူကြပေမယ့်
တူညီကြတဲ့ပရဟိတစိတ်ဓါတ်လေးတွေကို သာဓုခေါ်ပါတယ်ဗျာ...။
ဆထက်တပိုး လှူဒါန်းနိုင်ပါစေနော်။ သာဓုလဲခေါ်တယ်။
စေတနာ သဒ္ဒါ ထက်သန်စွာဖြင့်
လှူဒါန်းရခြင်း သာ အဓိက ပါ ။
နောင်လဲ စဉ်ဆက်မပြတ် လှူဒါန်းနိုင်ပါစေ ။
သာဓု သာဓု သာဓု ။
ခင်တဲ့ 
မကိ
Post a Comment