မနက်က မေမေကြီးကိုချွဲပြီး
မမနဲ့ လျှောက်လည်ကြတယ်။
သူက ရေခဲမုန့်သိပ်ကြိုက်တာ။ သူစားတာကြည့်ပြီးပြူံးရသေးတယ်..ကြည့်ပါဦး
စိတ်ပုတ်တယ်။ ပိုက်ဆံအိတ်ကို သဲတွေထဲဖွက်ထားတယ်
စနိုပီရုပ်လေးလည်းဝယ်ပေးလို့ စိတ်လျော့လိုက်တာ...ပျော်လိုက်တာ........
ခွေးလေးနဲ့ အမှတ်တရဓါတ်ပုံရိုက်ပါ့လား ဆိုတော့ မရိုက်ချင် ရိုက်ချင်နဲ့ ရိုက်လိုက်ရသေးတယ်။
ဒါနဲ့ကပွဲကိုခေါ်လို့လိုက်သွားလိုက်တယ်။
ကပွဲမှာတုန်းက ဒီလိုဖြစ်လို့လေ
ရှက်လိုက်တာ ဘာလုပ်ရမှန်းတောင်မသိဘူးတဲ့
ဒီလိုသာ လုပ်ပစ်လိုက်ချင်တော့တယ်ဆိုလို့ မနည်းဆွဲထားရတယ်
ဒါပေမယ့်ကိုသားကြီးဘလော့ကခွေးလေးပေးပြီးနှစ်သိမ့်လိုက်တော့ မြင်တဲ့အတိုင်းပဲ..............
ကျန်တာတွေတောင်မေ့သွားတယ်.......
သူ့ကိုလည်း ချော့သိပ်ခဲ့ရသေးတယ်။
နေလည်ကျတော့ ရာသီဥတုကလည်းပူတာနဲ့ ရေထဲ ဆင်းစိမ်နေလိုက်တယ်...
ရေမိုးချိုးပြီး ဗိုက်ဆာတာနဲ့ စားစရာလိုက်ရှာရတာပေါ့
ဘာဂါနဲ့ Catfi နှစ်ခွက်သောက်ပလိုက်တယ်။
ကောင်မလေးနဲ့ပြဿနာဖြစ်သေးတယ်............
စိတ်ကလည်းတိုလာတာနဲ့ အော်ပလိုက်တယ်....................
အဲဒါနဲ့ ကောင်မလေးလည်း အဲလို စိတ်ကောက်သွားပါလေရော..........
ခွေးလေးထုတ်ပြီး ချော့တော့လည်း.........
အဲလိုမသိချင်ယောင်ဆောင်နေတယ်.....................
ဒီကောင်နဲ့ ချော့တော့မှပဲ စိတ်ဆိုးပြေတော့တယ်
လူလည်းမောသွားတာ ဘလော့ဂင်းတောင်မလုပ်နိုင်တော့ဘူး................
သီချင်းလေးနဲ့ပဲငြိမ့်နေလိုက်တယ်..........လောကကြီးက အေးချမ်းလိုက်တာ..............................
သီချင်းနားထောင်ရင် အိပ်ချင်လာတာနဲ့
/
/
/
/
/
/
/
/
/
/
//
/
/
/
/
/
/
အိပ်လိုက်တာ တချိုးတည်းပဲ
(မှတ်ချက်၊ ။အလုပ်ကစိတ်ဖိစီးမှုတွေ၊ ကျောင်းသင်ခန်းစာတွေနဲ့ ပင်ပန်းနေတဲ့သူငယ်ချင်းတွေ အတ္တမျက်နှာတွေထက် ဖြူစင်တဲ့ ကလေးလေးတွေ မျက်နှာလေးတွေကြည့်ရင်း အပန်းပြေစေဖို့ ရည်ရွယ်ဖန်တီး ထားခြင်းဖြစ်ပါတယ်။ ပုံလေးများကိုတော့ သူများဆီက မျက်ရည်ခံထိုးပြီးတောင်း google မှ အပင်ပန်းခံပြီး ရှာဖွေထားတာပါ။)
အားလုံးပျော်ရွင်ကြည်နှုးကြပါစေ။
ရေတမာ
13 comments:
အင်း ..ကို ရာတမေကြီးရေ ..
ဒီလိုမျိုး ချစ်စရာလေးတွေ မွေးထားပါလားးး
အလကား လာထိန်းပေးပါ့မယ် ..
အကိုရေ
ဖတ်ကြည့်ပြုံးမန့်..ပြန်သွားပါပြီ
ခင်တဲ့
မေလေး
အကိုရေ ပုံလေးတွေကြည်.ရတာသဘာကျတယ်...
တကယ်ပြုံး သွားရတယ်ဗျာ
ပုံတွေနဲ့လိုက်ဖက်တဲ့စာသားတွေရေးထားတဲ့စိတ်ကူးလေးတော့သဘောကျတယ် ။
ကြည့်ပြီးတော့လည်း ပြုံးသွားရပါကြောင်း :)
ပျော်စရာကောင်းပါတယ်.. :-)
အစ်ကို ရေတမာ ရေ
တကယ်စိတ်လန်းသွားတာပဲဗျာ။။တစ်ပုံပြီးတစ်ပုံ
ကြည့်ရင်း ပြုံးပြုံးနေရတာ မောတောင် မောသွားတယ်။
လူကြီးတွေ ပြောသံကြားတယ်ဗျ။ ကလေးတွေကို အရမ်း
သဘောကျရင် ဒီလူ မိန်းမယူတော့မယ်တဲ့။ ကိုရေတမာ
ရော ဘယ်တော့လဲ :) :)
ခင်မင်ခြင်းများစွာနှင့် စနောက်သွားပါသည်
ညီ တလနွန်
ကလေးတွေများလှချည်လား...း)
ချစ်စရာလေးတွေ ဒီပိုစ့်လေး သဘောကျတယ်း)
ရေတမာရေ
ရေတမာရဲ့မူကြိုလေးကို သဘောကျလို့ လာငေးသွားတယ်။
အိုင်ဒီယာလေး ကောင်းတယ်။
အပျင်းလည်း ပြေသွားတယ်... စိတ်ညစ်တာ ခေါင်းရှုပ်တာလေးတွေပါ ပျောက်သွားတယ်...။ ကျေးဇူးပဲဗျာ...
အဲ..နေ့ကလေးထိန်းကျောင်းက အခုမှဆောက်တုန်း။ အများကြီး စုမိနေပါလား:)
နောက်လဲ ဒီလိုဖြူစင်တဲ့ ကလေးပုံရိပ်တွေ ကြည့်ချင်ပါတယ်။
forward mail တွေမှာ တွေ့ဖူးတယ် ဗျိုးးးး ဘာသာပြန်ထားတာ ဖတ်ရတာ ချစ်စရာလေးတွေ ခစ်ခစ် လာပြီးရယ်သွားတယ်နော် ဗျိုးးးးး ပျော်ရွှင်ပါစေဂျာ
ကလေးလေးတွေကြည့်ရတာ အပြစ်ကင်းတယ်...
းဝ)
အယ် ပုံလေးတွေနဲ့ စာလေးတွေ ထည့်ထားတာ တော်လိုက်တာနော်။ အပျော်လေး ကူးသွားတယ် မောင်လေးရယ်။ ကျေးဇူးပါ
Post a Comment