Wednesday, August 18, 2010

ရွာ

အိမ်မှာ ကက်ဆက်တလုံးရှိခဲ့ဘူးတယ်။ ဇာတ်လမ်းကက်ဆက်ခွေတွေ စတီဒီယိုတေးသီချင်းခွေတွေ ငှားခဲ့ဖူးတယ်။ အခုများ မောက်(စ်)တချက်နှိပ်ယုံနဲ့ လက်လှမ်းမီသမျှ သီချင်းတွေ နားဆင်နိုင်ပြီ။ ကောင်းလှေ့တေး။ ကောင်းလှေ့တေး။ တေးသီချင်းထုတ်လုပ်သူတွေ၊ တေးသံရှင်တွေတောင် ငြိုငြင်ကုန်ကြပြီ။ ဟိုတလောက အဆိုတော်ကြီးတောင် ကောင်းချီးပေးသွားသေးတယ်။ ဒေါင်းလုပ်လုပ်ကြလို့တဲ့။ ဗမာပြည်နဲ့မျက်ခြေမပြတ်အောင် အသစ်ထွက်သမျှ တေးစီးရီး အသစ်တွေ လိုက်လံရှာဖွေပါတယ်။ အားပေးကြတဲ့ website တွေလည်း တော်တော်များများရှိလာကြပြီ။ ပျော်ပါတယ် ပိုက်ဆံမှ မကုန်တာ။

ခေတ်ရဲ့တောင်းဆိုမှုလား၊ အသည်းကွဲတဲ့သူတွေများလာသလား၊ စတိုင်တခုလေပဲလားတော့မသိဘူး နားထောင်လိုက်တိုင်း အသည်းကွဲသီချင်းက ခပ်များများ။ ပေါက်ကွဲတဲ့သီချင်းတွေ။ စိတ်အချဉ်ပေါက်သီချင်းတွေက နားထောင်ရတာများတယ်။ ခပ်မြူးမြူးသီချင်းတွေ၊ ပျော်စရာသီချင်းတွေ လိုက်ရှာဖြစ်တယ်။

ဒီခွေက ကော်ပီခွေပဲ။ ကြာပြီ ၉ တန်း ၁၀ တန်းလောက်က ထွက်တာ။ ဒီသီချင်းကလည်း ကော်ပီဖြစ်ချင်ဖြစ်မယ်။ ဘိလပ်သီချင်းတွေ သိပ်နားထောင်ဖြစ်တာမှမဟုတ်တာ။ လက်ရှိအနေအထားနဲ့ စာသားတွေနဲ့ကိုက်ညီလို့ နားထောင်တဲ့ စာရင်းထဲတော့ ထည့်ထားတယ်။ မြူးသလို၊ ဆွေးသလိုပဲ၊ ကန်ထရီးကြိုက်တော့ အဆင်ပြေပါတယ်။ စိတ်ကူးယဉ်တာ အန်တာတိတ်မန့်(သည်းခံပါခင်ဗျာ စာလုံးမပေါင်းတတ်လို့) တခုအနေနဲ့ ခံစားတတ်တဲ့ ဖသက အတွက် ခံစားကြည့်စေချင်ပါတယ်။


6 comments:

kaungkinpyar said...

အလဲ့ ကိုယ့်ဆရာ သူများ ခံစားဖို့ သီချင်းပဲ လုပ်မနေနဲ့ဦးလေ၊ ကိုယ်ဘာသာလဲ ခံစားနိုင်အောင် လုပ်ပါဦး....း)

Pwint Myue said...

နာမည်သုံးခပေးရမယ်.. :)

ပုံ

မြူးမြူး

leomark said...

ဟေ့လူ..သီချင်းပို့ပေးပါ့လား။ နားထောင်လို့ရဘူးဗျ။

leomark said...

ရပြီးး..ကောင်းပါ့ဗျာ..ရွာကို ပြန်ရောက်သွားသလို ပဲ။
ပြီးးး သွားရင်...တို့ ရွာပြန်မယ်....။

ပိုးဟပ်လေး said...

ကောင်းတယ် သီချင်းလေး ...

အတွေးကမ္ဘာ..မှတ်တမ်း said...

ရွှေပိုးကောင် မောင်ရင် ပေါက် လာလည်သွား သဗျ... အိမ်ကို လွမ်းအောင် မလုပ်ပါနဲ့ ကွာ...မျက်ရည် ဘူးသီးလုံးလောက်ကျတာ မြင်ချင်လို့လား....