Thursday, September 23, 2010

moments like this

သေသေချာချာပဲ မသေချာတာတွေ လုပ်ရင်း
ရေရေရာရာပဲ မရေရာတဲ့ လမ်းတွေမှာ..

ပြေပြေလည်လည်ပဲ မပြေလည်မှုတွေ ကြုံရတဲ့အခါ
သက်သက်သာသာပဲ မသက်မသာနဲပေါ့

ပျော်ပျော်ရွင်ရွင်ပဲ မပျော်ရွင်ခြင်းတွေ ရပြန်တော့
ပီပီပြင်ပြင်ပဲ မပီမပြင် ပြုံးခဲ့ရတယ်။

ပွင့်ပွင့်လင်းလင်းပဲ မပွင့်လင်းခဲ့ဘူးဆိုတာ
ရိုးရိုးသားသားပဲ မရိုးသားခဲ့ကြောင်း ဝန်ခံပါတယ်

ရှုပ်ရှုပ်ထွေးထွေးပဲ မရှုပ်ထွေးဖို့ ကြိုးစားရင်း
ပြတ်ပြတ်သားသားပဲ မပြတ်သားနိုင်ခဲ့ပြန်ဘူး။

ချစ်ချစ်ခင်ခင်ပဲ မချစ်ခင်မှတော့
လွမ်းလွမ်းဆွေးဆွေးပဲ မလွမ်းဆွေးဖို့ ကြိုးစားပါဦးမယ်။

လွတ်လွတ်လပ်လပ်ပဲ မလွတ်လပ်တော့ဘူးဆိုရင်



ရေတမာ
23-09-10

7 comments:

leomark said...

သီချင်းလာနားထောင်သွားတယ်။ mp3 ရှိရင်ပို့ပေးဗျာ။ ကြိုက်တယ်။
no need to talk about it like it won't happen, 'cause the chances are that it will.
try not to talk about it, just get it started.
Don't waste your time standing still.
... ...
if it don't kill you , it makes you strong.

leomark said...

မရေရာတဲ့ လမ်းတွေမှာ
မသက်မသာနဲပေါ့
မပီမပြင် ပြုံးခဲ့ရတယ်။
မရိုးသားခဲ့ကြောင်း ဝန်ခံပါတယ်
မပြတ်သားနိုင်ခဲ့ပြန်ဘူး။
မလွမ်းဆွေးဖို့ ကြိုးစားပါဦးမယ်။
မလွတ်လပ်တော့ဘူးဆိုရင်

တခုခု တော့ တခုခုပဲ..။

Dream said...

ကဗျာက လန်းနေပါလား

အမာရိုက်ချက် တယ်ပျင်းကိုးးးးးးးး

သုခုမလေဒီ said...

ကဗျာလေးလာဖတ်တယ်..
လွတ်လပ်အောင်ကြိုးစားပါ။

Moe Tain Nyo said...

ကျွန်တော်လည်း ရှုပ်ရှုပ်ထွေးထွေးပဲ မရှုပ်ထွေးအောင် ကြိုးစားနေပါတယ်။ :P

Anonymous said...

နားမလည်ဘူး

ဆကဆစ်နဲ့ အနက် အဓိပါယ် ဖွင့်ဆိုရှင်းလင်းပြပါ

ကိုကို

Anonymous said...

မလွတ်လွပ်ဘူးဆိုတော့ အကို့မိန်းမကဆိုးလို့လား