Tuesday, August 17, 2010

ရွှေဖိုးခေါင်

အမက မင်္ဂလာဆောင်အတွက် မိတ်ကပ်အစမ်းလိမ်းမယ်ဆိုတော့ အန်တီက မြေနီကုန်းက ဆိုင်တဆိုင်လိုက်ပို့တယ်။ ဒုတ်ထိုးစားချင်လို့ လိုက်သွားတာ။ ဟိုရောက်တော့ အတူတူသွားစားမယ်ဆိုလို့ ထိုင်စောင့်ပေးနေတုန်း ဒီသီချင်းကြားလိုက်ရတာ။ ကက်ဆက်ဖွင့်သလိုကို နားထောင်လို့ကောင်းတယ်။ ဆိုကြမယ်ပျော်ကြမယ်မှာဆိုရင် ပထမဆုရမှာ ကြိမ်းသေပဲ။ ဟိုးအရင်က နေ့လည်ထမင်းစားကျောင်း ပြန်ရင် ရေဒီယိုက တခါတခါ ကြားဖူးတဲ့သီချင်း။ ၂၀၀၇ ခုနှစ်မှာတောင် သားကို ဒီလို သီချင်းနဲ့ ချော့သိပ်တယ်။ ကြည်နှုးဖို့ကောင်းသလို နားထောင်လို့လည်းကောင်းတယ်။ ကိုယ်တောင် ဒီလိုသီချင်းမျိုးနဲ့ မအိပ်ခဲ့ရဘူး။ ရှာမယ်ဆိုပြီး တေးထားတာကြာပေါ့။

အရင်ကဆို ညနေအမေတို့ အဖွားတို့ဆီက ဖြစ်ဖြစ် ဆန်ပြာတုန်း ထမင်းချက်တုန်း သနပ်ခါးလိမ်းတုန်း ငြီးတဲ့သီချင်းသံလေးတွေကို လွမ်းမိသေး။ ပီပီသသကြီးလည်းမဟုတ်ဘူး။ မရတဲ့နေရာဆို ငြီးသံလေးပဲ ထွက်ထွက်လာတတ်တယ်။ ဒီသီချင်းသံတွေ ကြားရတော့လည်း သတိရပါ့။

အကိုက အဲဒီသီချင်းသိတယ်ဆိုပြီး ရှာပေးမယ်တဲ့။ ရှာတော့ မတွေ့တော့ဘူး။ အဲဒါ ဂူဂယ်မှာ အတင်းပြုးပြဲရှာတော့ တွေ့ပါတယ်။ ဒေါင်းတော့ ဒေါင်းလို့မရဘူး။ upgrade လုပ်ရမယ်တဲ့။ ကမထ အကူအညီနဲ့ မေးလ်ထဲရောက်လာတယ်။

၂နှစ်လောက်ကြာတော့ နားထောင်လို့ ရခဲ့ပါပြီ။ မျက်လုံးထဲမှာ အဲဒီအမကြီးရယ် သူ့သားလေးရယ် မြင်မိတယ်။ အမြဲအမှတ်ရနေမယ့် သီချင်းတပုဒ်ပါပဲ။ သားသမီးတွေအတွက် စိတ်ကူးနေတဲ့ ကဖစ နဲ့ ဖသက ဒီသီချင်းတော့ မိတ်ဆက်ပေးချင်တယ်ဗျာ။


9 comments:

မိုးခါး said...

စကားဝှက်တွေကလည်းများပအေ
ရတမရေ

kaungkinpyar said...

ရေဒီယို ပြန် နားထောင်ချင်သွားတယ်..း)

Anonymous said...

ပြန်လာနားထောင်တာ .. အဟဲ :P
တကူကူးကူ :P
အဲ့သီချင်း သိတယ်
အမေလည်း ညည်းတယ်ဟး))

မိုးခါး

Anonymous said...

အဲသီချင်း ကို ဟေမာနေ၀င်းလဲ ပြန်ဆို ဖူး တယ်...

Pwint Myue said...

Nice song... :)

မေဓာဝီ said...

အဲသီချင်း အမလဲ ကြိုက်တယ်။
ရှေးကသီချင်းလေးတွေက ချိုချိုလေးတွေ နားထောင်ရတာ အရသာရှိတယ်။

Pwint Myue said...

ရွှေဖိုးခေါင်ပါ တမာရိန်းဂျားရဲ့.. ရွှေပိုးကောင်ဟုတ်ပါဘူး..

ရေတမာ said...

ဟုတ်ကဲ့ ပြင်လိုက်ပါ့မယ့် အမ ပြောပြပေးတာ ကျေးဇူးပါ

leomark said...

ရွှေ..ရွှေ..ပိုးးး ... ခေါင် ။း)